မိုးရွာသွန်းမှုကြောင့် ဗီယက်နမ်နိုင်ငံ၏ စပါးဝယ်ယူရေးစီမံချက် နှောင့်နှေး

ဗီယက်နမ်နိုင်ငံမှာ သီတင်းပတ် နှစ်ပတ် ကြာအောင်  မိုးရွာသွန်းခဲ့မှု ကြောင့် ၎င်း ရဲ့ အရန်ဆန်ဝယ်ယူရေး စီမံချက်အရ စပါးတန်ချိန် တစ်သန်းကို (ဇွန်လ ၁၅ ရက်မှ ဇူလိုင်လ ၃၁ ရက် အတွင်း)ဝယ်ယူရမယ့်အစီအစဉ်ကာလ က ဆက်လက် ကြာရှည်လိမ့်ဦးမှာ ဖြစ် တယ်။

အစီအစဉ်အရ ကုန်သည်များက ယခုအချိန်ထိ  ၎င်းတို့ကို  ဝယ်ယူဖို့ ခွဲဝေပေးထားတဲ့  ကိုတာရဲ့  ၆၀-၇၀ ရာခိုင်နှုန်းခန့်အထိသာ ဝယ်ယူခဲ့ကြပြီး ဖြစ်ကြောင်း၊ ဒါပေမဲ့ အချို့သောလယ် သမားများကမိုးရွာသွန်းနေခြင်းကြောင့်  နွေ-ဆောင်းဦး စပါးရိတ်သိမ်းဖို့ နှောင့် နှေးခဲ့ကြောင်း ဗီယက်နမ်စားနပ်ရိက္ခာ အသင်း VFA ရဲ့စပါးဝယ်ယူရေးအေဂျင်စီ မှ ပြောကြားတယ်။ ဒါကြောင့် စီမံချက် ကာလကို သီတင်း နှစ်ပတ် တိုးမြှင့် သွားဖို့ VFA မှ တောင်းဆိုထားတယ်။ နွေဦး စိုက်ပျိုးမြေဟက်တာ ၇၀၀ယ၀၀၀ ခန့် (နွေစိုက်ပျိုးမှု ဧရိယာစုစုပေါင်းရဲ့ ၄၀ ရာခိုင်နှုန်း) က ယခုအချိန်အထိကို ရိတ်သိမ်းရခြင်းမရှိသေးကြောင်း တရား ဝင် သတင်းဌာနများမှ ပြောကြားတယ်။ အရန်ဆန်ဝယ်ယူရေး စီမံချက်နဲ့ အစိုးရရဲ့ အခြားသော အစီအမံများ ကြောင့် ဗီယက်နမ်ပြည်တွင်းမှာ ဆန်ဈေးနှုန်းများ မြင့်မားလာလျက်ရှိ ကြောင်း၊ယခုလက်ရှိမှာဆန်ဖြူအတွက် စပါး တစ်ကီလိုကို ဗီယက်နမ်ဒေါင် ၅၆၀၀-၅၇၀၀ (တစ်တန်ကို ကန်ဒေါ် လာ ၂၆၅-၂၇၀၀ ခန့်) နဲ့ အခြားအမျိုး အစားစပါးများမှာ တစ်ကီလိုကို ဗီယက် နမ်ဒေါင် ၅၃၀၀ - ၅၄၀၀ (တစ်တန်ကို ကန်ဒေါ်လာ၂၅၀-၂၅၅ နီးပါးခန့်) ပေါက်ဈေးဖြစ်ပေါ်နေကြောင်း၊ ၎င်း ပေါက်ဈေးက ယခင်လကထက် တစ် ကီလိုကို ဒေါင် ၅၀၀ (တစ်တန်ကို ကန် ဒေါ်လာ၂၄ခန့်)ပိုမိုလာခြင်းဖြစ်ကြောင်း VFA မှ ပြောကြားတယ်။ လာမယ့်လ အတွင်းမှာ ဗီယက်နမ်နိုင်ငံက ပြည်ပ သို့ဆန်တင်ပို့မှု ပိုမိုတိုးတက် မယ်လိ့ု လည်း VFA ရဲ့ ဥက္ကဋ္ဌမှ ထပ်လောင်း ပြောကြားတယ်။            စန္ဒာပျို