ပစ္စည်းကောင်းကို ဈေးကောင်းစောင့်ရောင်းလို့ ပြည်တွင်းဈေးကွက်အများစု စပါးဈေးမာနေ
ရန်ကုန်တိုင်းဒေသကြီး၊ ဆန်စပါးကုန်စည်ဒိုင်(ဝါးတန်း)ရဲ့ ၂၀၁၃ ခုနှစ်၊ သြဂုတ်လ ၉ ရက်နေ့ ဆန်ဈေးကွက်မှာ ဧည့်မထဆန် လတ်စ တစ်အိတ် ၁၇၅၀၀ ကျပ်၊ ပေါ်ဆန်းဆန်လတ်စ တစ်အိတ် ၂၄၅၀၀ ကျပ်ဖြစ်ပါတယ်။ ယခင်တစ်ပတ်နဲ့ နှိုင်းယှဉ်ရင် ဆန်ဈေးများ တက်လာပါတယ်။
တရုတ်၊ မူဆယ်လိုင်းမှ ဧရာဝတီနှင့် ရန်ကုန်တို့ရဲ့ ဆန်နဲ့ဆန်ကွဲများကို အနည်း ငယ်ပြန်ဆွဲ လာကြောင်း၊ မြဝတီလိုင်းသို့ လည်းဆန်ကွဲအနည်းငယ် ပြန်သွားနေကြောင်း သိရပါတယ်။ ဝါးတန်း ဒိုင်သို့ ဆန်အဝင်ကောင်းနေပြီး အရောင်းအဝယ်လည်း ကောင်းနေ ကြောင်း၊ ယခုအပတ်အတွင်း နယ်အချို့တွင် ရာသီဥတုဖောက်ပြန်မှု ကြောင့် ရေကြီးနစ်မြုပ်မှုများ ကြုံတွေ့ခဲ့ရပြီး စပါးဈေးများလည်း မြင့်ကာ နယ်ဆန်ကုန်သည်က ဈေးတင်ရောင်းခြင်း၊ နယ်အပို့သမား များကလည်း ဆွဲနေခြင်းကြောင့် လည်းကောင်း၊ လဆန်းရက်ဖြစ်၍ လက်လီဆိုင်များမှလည်း အဆွဲသွက်ခဲ့၍လည်းကောင်း ကုန်စည်ဒိုင် လက်ကား ဆန်ဈေးများတက်ခဲ့ရခြင်းဖြစ်ပါတယ်။ ယခုလပိုင်း (ဇူလိုင်၊ သြဂုတ်)လများသည် စပါး၊ ဆန်လက်ကျန် နည်းသောကာလ၊ နှစ်စဉ် ဈေးတက်လေ့ရှိသောကာလဖြစ်သဖြင့် စပါး၊ ဆန်ဈေးနှုန်းများမှာ တက်ဈေးဖြင့်သာ ဆက်လက်ရှိနေနိုင်ပါကြောင်း ကုန်စည်ဒိုင်မှ သိရှိ ရပါတယ်။ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရဲ့ ၂၀၁၃ ခုနှစ်၊ သြဂုတ် လ ၉ ရက်နေ့ စပါး၊ ဆန်ဈေးကွက်မှာ ဧည့်မထစပါးဈေး တစ်တင်း ၄၇၈၄ ကျပ်၊ ဆန်လတ်စတစ်အိတ် ၁၈၀၀၀ ကျပ်၊ ပေါ်ဆန်းစပါး ဈေးတစ်တင်း ၆၁၃၃ ကျပ်၊ ဆန်လတ်စ တစ်အိတ် ၂၅၀၀၀ ကျပ်ဖြစ် ပါတယ်။ ယခင်တစ်ပတ်နဲ့ နှိုင်းယှဉ်ရင် ဧည့်မထစပါးဈေး၊ ဆန်ဈေး အနည်းငယ် တက်လာပါတယ်။ စပါးလက်ကျန်များနည်းလာ၍ ဝယ် လက်က ဈေးပေးမှုကြောင့် စပါးဈေးမြင့်လာခြင်းဖြစ်ပါတယ်။ ဒေသ တွင်းစားသုံးမှုပုံမှန်ရှိပြီး ရန်ကုန်ဈေးကွက်အဆွဲများ လို့ ဈေးတက်ရခြင်း ဖြစ်ပါတယ်။ အရောင်းအဝယ်သွက်ကာ ရန်ကုန်သို့ တင်ပို့မှုများနေ တယ်လို့ သိရပါတယ်။ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့ရဲ့ ၂၀၁၃ ခုနှစ်၊ သြဂုတ်လ ၉ ရက်နေ့ စပါး၊ ဆန်ဈေးကွက်မှာ ဧည့်မထစပါးဈေး တစ်တင်း ၄၂၀၀ ကျပ်၊ ဆန်လတ်စတစ်အိတ် ၁၇၀၀၀ ကျပ်၊ ပေါ်ဆန်းစပါးဈေးတစ် တင်း ၅၈၀၀ ကျပ်၊ ဆန်လတ်စတစ်အိတ် ၂၄၀၀၀ ကျပ်ဖြစ်ပါတယ်။ ယခင်တစ်ပတ်နဲ့ နှိုင်းယှဉ်ရင် စပါးဈေးအနည်းငယ် တက်လာပါ တယ်။ စပါးလက်ကျန်နည်းပြီး ကုန်သည်၊ ပွဲစားများသာ အရောင်း အဝယ်ရှိနေကြောင်းသိရပါတယ်။ ယခုအချိန်သည် လယ်သမားများ လုပ်ငန်းခွင်ဝင်နေတဲ့အချိန်ဖြစ်ပြီး ယခုလကုန်မှ လုပ်ငန်းများ ပြီးစီးမှာ ဖြစ်လို့ လောလောဆယ် ဝမ်းစာလောက်သာ ကြိတ်ထားနိုင်ကြောင်း သိရပါတယ်။ အရောင်းအဝယ်မှာလည်း အေးနေ တယ်လို့ သိရပါ တယ်။ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့ရဲ့ ၂၀၁၃ ခုနှစ်၊ သြဂုတ်လ ၉ ရက်နေ့ စပါး၊ ဆန်ဈေးကွက်မှာ ဧည့်မထ (စောရှုတ်) စပါးဈေး တစ်တင်း၇၅၀၀ ကျပ်၊ ဆန်လတ်စတစ်အိတ် ၂၇၅၀၀ ကျပ်၊ ရွှေဘို ပေါ်ဆန်းစပါးဈေး တစ်တင်း ၉၃၀၀ ကျပ်၊ ဆန်လတ်စ တစ်အိတ် ၃၁၀၀၀ ကျပ်ဖြစ်ပါတယ်။ ယခင်တစ်ပတ်နဲ့ နှိုင်းယှဉ်ရင် ဆန်ဈေး၊ စပါးဈေးအနည်းငယ်တက်လာပါတယ်။ သြဂုတ်လမှာ မိုးစပါးမပေါ် သေးတာကြောင့် ဆန်ဈေး၊ စပါးဈေးတက်ရခြင်း ဖြစ်ပါတယ်။ နွေ စပါးများဖြစ်တဲ့ ဆင်းသွယ်ရင်၊ ရွှေသွယ်ရင် စပါးဈေးဟာ တစ်တင်း ၄၈၀၀ ကျပ်ဖြစ်ပြီး ဆန်လတ်စ တစ်အိတ် ၁၉၀၀၀ ကျပ်ဖြစ်ပါတယ်။ နွေစပါးကလည်း စိုက်ဧကနည်းပြီး လျာထားချက်မပြည့်လို့ စပါးဈေး အနည်းငယ်တက်ရခြင်းဖြစ်တယ်လို့ သိရပါတယ်။ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရဲ့ ၂၀၁၃ ခုနှစ်၊ သြဂုတ်လ ၉ ရက်နေ့ စပါး၊ ဆန်ဈေးကွက်မှာ ဧည့်မထ ဆန်လတ်စ တစ်အိတ် ၁၇၅၀၀ ကျပ်၊ ပေါ်ဆန်းဆန်လတ်စ တစ်အိတ် ၃၃၀၀၀ ကျပ်ဖြစ်ပါ တယ်။ ယခင်တစ်ပတ်နဲ့ နှိုင်းယှဉ်ရင် ရွှေဘိုပေါ်ဆန်း ဆန်ဈေးက အနည်းငယ်တက်လာပါတယ်။ ယခုကာလသည် စိုက်ပျိုးရေးကာလ ဖြစ်လို့တောင်သူများစပါးထုတ်မရောင်းကြပါ။နွေစပါးလည်း အထွက် နည်းလို့ ဈေးတက်ရခြင်းဖြစ်တယ်လို့ သိရပါတယ်။MIRT - DTP
