Main menu

Background

သြဂုတ်လဆန်း ပြည်ပဲဈေးကွက်မှာ ပဲတီစိမ်းဈေးလျော့နည်းခဲ့သော်လည်း ပဲပုပ်နဲ့ စားတော်ပဲဈေးမြင့် လာခဲ့

Wed, 08/14/2013 - 11:03 -- ydnar

ပဲခူးတိုင်းဒေသကြီး ပြည်ပဲဈေး ကွက်မှာ သြဂုတ်လဆန်းအတွင်း ပဲတီ စိမ်းဈေးနှုန်းများ သိသိသာသာ ဈေး လျော့နည်းသွားခဲ့ပြီး၊ ပဲကြီး၊ ဘိုကိတ်၊ မတ်ပဲဈေးများ ဈေးငြိမ်နေကာ ပဲပုပ်နဲ့ စားတော်ပဲဈေးမြင့်တက်လာခဲ့ပါတယ်။

မတ်ပဲသီးနှံမှာ ပြည်ဈေးကွက်ကို ပန်း တောင်း၊ ပေါင်းတလည်ဘက်မှ ပဲအဝင် အနည်းငယ်ရှိခဲ့ပြီး၊ ရန်ကုန် ဝယ်လက် ပုံမှန်ဝယ်ယူနေပြီး၊ တစ်တင်း ၁၅၅၀၀ ကျပ်နဲ့ တစ်ရက်အိတ် ၂၀၀ ကျော် အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ ပဲစင်းငုံ နဲ့ ကုလားပဲသီးနှံမှာ ယခင်လကုန်ထက် တစ်တင်း ၂၀၀ ကျပ်ခန့် ဈေးလျော့ခဲ့ပြီး၊ ပဲစင်းငုံ တစ်တင်း ၁၇၈၀၀ ကျပ်၊ ကုလားပဲ တစ်တင်း ၁၈၀၀၀ ကျပ်နဲ့ လက်ကျန်ပဲများ အရောင်းအဝယ်ဖြစ် နေပါတယ်။ ပဲစင်းငုံသီးနှံမှာ ရန်ကုန် ဝယ်လက်များမှ အိတ် ၂၀၀ ကျော် ၃၀၀ တစ်ခါတရံ ဝယ်ယူခဲ့ပြီး၊ ကုလားပဲ သီးနှံမှာ ဒေသတွင်းခွဲစက်များမှ နေ့စဉ် အဝယ်ရှိခဲ့ပါတယ်။ ပဲတီစိမ်းဈေးကွက်ကို ပန်းတောင်း၊ ရွှေတောင်၊ ကျီးသဲ၊ ပေါင်းတလည်၊ ကံမမြို့နယ်များမှ နေ့စဉ်တစ်ရက် အိတ် ၃၀၀ ကျော်ဝင်ရောက်ခဲ့ပါတယ်။ ပဲသစ် ပေါ်စမှာ ဈေးကောင်းခဲ့သော်လည်း ယခုနောက်ပိုင်း ဝင်ရောက်လာတဲ့ ပဲများမှာ အရည်အသွေး အနည်းငယ် ကျဆင်းလာတာကြောင့် ပဲဈေးလည်း ကျဆင်းလာခဲ့ပြီး၊ တစ်တင်း ၁၆၀၀၀ ကျပ်မှ ၁၇၅၀၀ ကျပ်ထိသာ မန္တလေး လိုင်းသမားများမှ ဈေးပေးဝယ်ယူခဲ့ တာကို တွေ့ရပါတယ်။ ပဲကြီးဈေးကွက်မှာ ရွှေကျွန်းရော ကမ်းနားပါ ယခင်အပတ်ကအတိုင်း ဈေးအမြင့်နဲ့ ဈေးငြိမ်အရောင်းအဝယ် ဖြစ်နေခဲ့ပါတယ်။ ပဲအဝင်အနေနဲ့ တစ် ရက်အိတ် ၂၀၀ ခန့်သာ ပန်းတောင်း၊ ရွှေတောင်၊ ကျီးသဲဘက်မှ ဝင်ရောက် ခဲ့သလိုဒေသတွင်း ပဲကြော်၊ ပဲလှော်လုပ် ငန်းများနဲ့ အရောင်းအဝယ် ဖြစ်နေခဲ့ ပါတယ်။ ဘိုကိတ်နဲ့ ထောပတ်ပဲ သီးနှံ ကတော့ လက်လီသမားသာအဝယ်ရှိ ပြီး၊ ယခင်အပတ်ကအတိုင်း ဈေးငြိမ်နေ ခဲ့ပါတယ်။ ပဲပုပ်နဲ့ စားတော်ပဲသီးနံှများက တော့ ယခုသြဂုတ်လဆန်းပိုင်းအတွင်း တစ်တင်း ၁၀၀၀ ကျပ်ခန့်စီ မြင့်လာတဲ့ အတွက် ပဲပုပ်တစ်တင်း ၂၃၀၀၀ ကျပ်၊ စားတော်ပဲတစ်တင်း ၃၂၀၀၀ ကျပ်မှ ၃၃၀၀၀ ကျပ်ထိ ပဲအဝင်မရှိဘဲ ပဲလက် ကျန်များအားဒေသတွင်းလက်လီသမား များနဲ့ အရောင်းအဝယ် ဖြစ်လျက်ရှိ တယ်လို့ သိရပါတယ်။ခင်ဆွေဝင်း - ပြည်