Main menu

Background

အပို့မပျက်တဲ့ ပဲတီစိမ်း

Wed, 08/14/2013 - 11:07 -- ydnar

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကူးသန်းရောင်းဝယ်ရေးဇုန်မှ ဇူလိုင် လ ၃၁ ရက်မှ သြဂုတ်လ၆ ရက်တာကာလမှာကန်ဒေါ်လာ ၃ ဒသမ ၈၄၅ သန်း တန်ဖိုးရှိ ပဲတီစိမ်း (လုံးပြည့်) ၄၅၂၃ တန်ကျော်နဲ့ ကန်ဒေါ်လာ သုည ဒသမ ၀၃၉ သန်းဖိုးရှိ (လုံးခြမ်း) ၃၄ တန်တင်ပို့နိုင်ခဲ့သလို ချင်းရွှေဟော်ကူးသန်းရောင်းဝယ် ရေး စခန်းမှလည်း ကန်ဒေါ်လာ သုည ဒသမ ၀၈၀ သန်းတန်ဖိုးရှိ  (လုံးပြည့်) ၉၄ တန်နီးပါးကို တင်ပို့ခဲ့ပါတယ်။

ယခင်အပတ်က မူဆယ်မှ လုံးပြည့် ၄၆၃၈ တန်နဲ့ လုံးခြမ်းတန် ၅၀ ကျော်၊  ချင်းရွှေဟော်မှလုံးပြည့် ၁၁၂၉ တန်ခွဲတင်ပို့ခဲ့တာ ကြောင့် ယခုအပတ် ပဲတီစိမ်းတင်ပို့မှုအနည်းငယ်လျော့နည်းခဲ့ပါတယ်။ ယခုအပတ် မန္တလေး-မူဆယ်ကုန်စည်သယ်ယူခနှုန်းထားမှာ ပဲတီစိမ်း တစ်ပိသာ သယ်ယူခ ၄၈ ကျပ်ဖြစ်တာမို့ ယခင်အပတ် သယ်ယူခထက် လျော့နည်းသွားခဲ့ပါတယ်။ မူဆယ် ကုန်စည်ဒိုင်ရဲ့ ပဲတီစိမ်းပေါက်ဈေးများကိုကြည့်လျှင် ယခင်အပတ်ထက် အနည်းငယ် သာ မြင့်တက်လာတာ တွေ့ရပါတယ် -
 
ပဲတီစိမ်း မိမိဘက်(ကျပ်/တန်) ယခု         ယခင်      ပြောင်းလဲမှု    %   ၈၄၆၇၅၆    ၈၄၆၂၂၁       ၅၃၅        ၀ .၀၆  တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု    ယခင်    ပြောင်းလဲမှု    %၈၈၂    ၈၈၁         ၁             ၀ .၁မော်မော်အောင်၊ MIRT (DCCA)