Main menu

Background

တောင်ကုတ်ဝယ်လက်ရှိနေတဲ့ ဟိုပုံးချင်းဈေးကွက်

Wed, 08/14/2013 - 11:12 -- ydnar

ဒီတစ်ပတ်လည်း ချင်းက အဝယ်လိုက်နေပါတယ်။ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်စတဲ့ နိုင်ငံကို တင်ပို့ဖို့အတွက် တမူးနဲ့ တောင်ကုတ်လှောင်လက်တွေကတော့ ဝယ်နေတုံး ပါပဲ။ တချို့ ဝယ်လက်တွေကတော့ ဒီထက် ဈေးကောင်း လာရင်ဆိုတဲ့ မျှော်လင့် ချက်နဲ့ဝယ်ပြီး၊ လှောင်ကြတယ်လို့လည်း သိရပါတယ်။

ဟိုပုံးချင်းတွေကိုတော့ တောင်ကုတ် ဝယ်လက်တွေက ဟိုပုံးမှာ အထိုင်ချပြီး ဝယ်ယူနေပါတယ်။ အချို့ ဝယ်လက်ကတော့ ရွာတွေအထိဆင်းပြီး၊ ၁၀ ဘီးကားတွေနဲ့ ဝယ်နေကြပါတယ်။ အထွက်နှုန်းကနည်းတော့ လက်ကျန်ကလည်း နည်းနေပါပြီ။ အဲဒီလို အထိုင်ချ ပြီးဝယ်၊ ရွာတွေအထိ ဆင်းဝယ်ကြ၊ တချို့ကလည်း အောင်ပန်းကို တိုက်ရိုက်ပို့ကြနဲ့ အရောင်းအဝယ်ဖြစ်နေတာကြောင့် ဟိုပုံးဈေးကွက်မှာလည်း ချင်း(စို)အဝင် ပါးသွား ပါတယ်။ ချင်းပွဲရုံတွေမှာတောင် အဝင်မရှိသလောက်ဖြစ်နေပြီး၊ လက်ကျန်တွေကို ပဲရောင်းနေရတယ်လို့ ဒေသခံပွဲရုံတွေထံက သိရပါတယ်။ ဒီနှစ်က ချင်း(ဥမ)ရော၊ ချင်းတက်ပါ ဈေးကောင်းရတဲ့နှစ်ဖြစ်ပါတယ်။ ဟိုပုံးချင်းကတော့ ဟိုပုံးအထိုင်တောင် တစ်ပိဿာ ၈၂၀ ကျပ်ဈေးရှိပါတယ်။ချင်းခြောက်ကတော့တစ်ပိဿာ ၁၂၀၀ ကျပ်- ၁၃၀၀ ကျပ်ဈေးနဲ့သာ ဈေးငြိမ်နေပါတယ်။ ချင်းခြောက်က ချင်းစိုလောက် အရောင်း မသွက်ဘူးလို့လည်း သိရပါတယ်။ အောင်ပန်းချင်းတွေကိုလည်း မုံရွာ၊ တမူး၊ ရန်ကုန်ဝယ်လက်တွေက ဝယ်ယူ နေပါတယ်။ ဒီလရဲ့ ပထမပတ် မှာတင် ချင်းက ၁ ဒသမ ၅ သိန်းစီးဆင်းသွားပြီး၊ တစ်ပိဿာကို ၈၀၀ကျပ် - ၈၅၀ကျပ်ဈေးရှိပါတယ်။ ချင်းခြောက်ကတော့ တစ် ပိဿာ ၁၀၀၀ ကျပ် - ၁၂၀၀ ကျပ်ဈေးနဲ့ ရန်ကုန်၊ ပြည်ကဝယ်နေပြီး၊ တစ်ပတ် အတွင်း ပိဿာချိန် ၃၄၀၀၀ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ အောင်ပန်းချင်းပွဲရုံတွေ က သိရပါတယ်။ဧဧခိုင် - တောင်ကြီး