Main menu

Background

မန်ကျည်း တန်ငါးဆယ်နီးပါး တင်ပို့နိုင်

Wed, 08/14/2013 - 11:13 -- ydnar

ပြည်ပကို ဇူလိုင်လ ၂၈ ရက်မှ သြဂုတ်လ ၃ ရက်နေ့တာ ကာလအတွင်း မန်ကျည်းတန်ချိန် ၄၉ ဒသမ ၉၈ တန်ကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ တင်ပို့ခဲ့ပါတယ်။ ဒီတစ်ပတ်တင်ပို့ခဲ့တဲ့ နိုင်ငံက မလေးရှားနိုင်ငံကိုသာ တင်ပို့နိုင်ခဲ့တာ တွေ့ရပါတယ်။

ယခင်သီတင်းပတ်မှာ မန်ကျည်းတန်ချိန်သုံးဆယ့်ရှစ်တန်ကျော်သာ တင်ပို့နိုင်ခဲ့တာကြောင့် ဒီတစ်ပတ်မှာ မန်ကျည်း ၁၁ ဒသမ ၄၆ တန်ကို ပိုမိုတင်ပို့ နိုင်ခဲ့ပါတယ်။ ဇူလိုင်လအတွင်းမှာ မန်ကျည်းတင်ပို့ခဲ့တဲ့ နိုင်ငံများမှာ စင်ကာပူ၊ မလေးရှား၊ ထိုင်းနိုင်ငံတို့ဖြစ်ပါတယ်။ လချုပ်အနေနဲ့ကြည့်မယ်ဆိုရင် ဇူလိုင်လအတွင်း မန်ကျည်းစုစုပေါင်းတင်ပို့ခဲ့ တဲ့တန်ချိန်မှာ ၂၄၁ တန်ရှိခဲ့တယ်လို့ သိရပါတယ်။ ဇွန်လအတွင်း မန်ကျည်းတင်ပို့ တန်ချိန်မှာ ၂၈၄ တန်ကျော်ရှိခဲ့တာကြောင့် ဇူလိုင်လမှာ မန်ကျည်းတန်ချိန်လေး ဆယ်ကျော်အပို့လျော့ခဲ့ပါတယ်။ ဇူလိုင်လအတွင်း မန်ကျည်းတင်ပို့မှုမှ ရရှိခဲ့တဲ့ဝင် ငွေမှာ ကန်ဒေါ်လာ ခုနှစ်သောင်းကျော်သာရှိခဲ့တယ်လို့ သိရပါတယ်။                                                                      MIRT (DTP)