Main menu

Background

ဒီတစ်ပတ်ရေကြောင်းလမ်းမှ နနွင်းတင်ပို့မှုပို

Wed, 08/14/2013 - 11:14 -- ydnar

ပြည်ပကို ဇူလိုင်လ ၂၈ ရက်မှ သြဂုတ်လ ၃ ရက်နေ့တာ ကာလအတွင်း နနွင်း ၇၆ ဒသမ ၅ တန်ကို ပင်လယ်ရေ ကြောင်း ကုန်သွယ်မှုလမ်းမှ တင်ပို့ခဲ့ပါတယ်။ ဒီတစ်ပတ်တင်ပို့ ခဲ့တဲ့ နိုင်ငံနဲ့ တန်ချိန်တွေမှာ စင်ကာပူနိုင်ငံကို ၁၆ ဒသမ ၅ တန်နဲ့ မလေးရှားနိုင်ငံကို တန်ချိန် ၆၀ တို့ဖြစ်ပါတယ်။

ယခင် သီတင်းပတ်နနွင်း တင်ပို့မှုမှာ တန်ချိန် ငါးဆယ်နီးပါးသာ ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ နနွင်းတန်ချိန် နှစ်ဆယ်ကျော် ပိုမိုတင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။ လချုပ်အနေနဲ့ကြည့်မယ်ဆိုရင် ဇူလိုင်လအတွင်း နနွင်း တင်ပို့ခဲ့တဲ့နိုင်ငံတွေမှာ စင်ကာပူ၊ ကိုရီးယား၊ အာရပ်စော်ဘွား များပြည်ထောင်စုနိုင်ငံ၊ နယ်သာလန်နဲ့ မလေးရှားနိုင်ငံတို့ ဖြစ် ပါတယ်။ တင်ပို့ခဲ့တဲ့ တန်ချိန် စုစုပေါင်းမှာ ၃၁၀ တန်ရှိခဲ့တယ် လို့ သိရပါတယ်။ ဇွန်လအတွင်းတင်ပို့နိုင်ခဲ့တဲ့ တန်ချိန်မှာ တန်ချိန် ခြောက်ရာကျော် ရှိခဲ့တာကြောင့် ဇူလိုင်လမှာ နနွင်း တင်ပို့မှုလျော့ခဲ့တယ်လို့ သိရပါတယ်။ ဇူလိုင်လ အတွင်း နနွင်း တင်ပို့မှုမှရရှိခဲ့တဲ့ဝင်ငွေက ကန်ဒေါ်လာ တစ်သိန်းခြောက် သောင်းကျော်ရရှိခဲ့တယ်လို့ သိရပါတယ်။MIRT(DTP)