Main menu

Background

ပုံမှန်အရောင်းအဝယ်သာရှိတဲ့ ဟိုပုံးနနွင်းဈေးကွက်

Wed, 08/14/2013 - 11:15 -- ydnar

ဟိုပုံးနနွင်းကိုတော့ ချင်းဝယ်ယူနေတဲ့ လှောင်လက် သမားတွေက ဈေးမေးပေမယ့် များများစားစားဝယ်ယူမှုတော့ မရှိသေးပါဘူး။ ဟင်းခတ်ဖို့ရယ်၊ ပရဆေးဖော်ဖို့အတွက်ရယ် သာအဓိက ဝယ်ယူမှုရှိနေတာကြောင့် သူကလဲ အများကြီး မဟုတ်တောင်၊ တစိမ့်စိမ့်နဲ့တော့ ရောင်းဖြစ်နေပါတယ်။

တချို့ လှောင်လက်တွေကတော့ ဝယ်ပြီး လှောင်ချင်ပေမယ့် ဝယ်လိုတဲ့ဈေးထက် မြင့်နေတာကြောင့် မဝယ်ကြသေးဘူးလို့ လည်း သိရပါတယ်။ ငွေလိုတဲ့ တောင်သူတွေကတော့ လိုသလောက်လာရောင်းလေ့ရှိတာကြောင့် အောင်ပန်း နနွင်း ပွဲရုံတွေမှာတော့ လက်လီစိတ်သာ ဝယ်ယူနေရတယ်လို့လည်း သိရပါတယ်။ နနွင်းကတော့ များများစားစားမရောင်းရပေ မယ့် ဟင်းချက်ရာမှာ မပါမဖြစ်သုံးရတဲ့ ပြည်တွင်းသုံး၊ ဒေသ သုံး၊ အမှုန့်ကြိတ်ဖို့အတွက် ဝယ်ယူနေကြတာကြောင့် နေ့စဉ် တော့ အရောင်းအဝယ်ဖြစ်နေပါတယ်။ ရန်ကုန်၊ မန်း၊ မုံရွာ၊ မော်လမြိုင်၊ ပြည်စတဲ့ ပြည်တွင်းဒေသအနှံ့ကို စီးဆင်းနေတာ ကြောင့် ဇူလိုင်လ ၁ လအတွင်းမှာ နနွင်းပိဿာချိန် ၂ ဒသမ ၄ သိန်းအရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ ဒီတစ်ပတ်အောင်ပန်း ဈေးကွက်မှာ နနွင်းပေါက်ဈေးကတစ်ပိဿာ ၅၀၀ ကျပ်မှ ၁၁၀၀ ကျပ်ဈေးရှိပြီး၊ပိဿာချိန်ပေါင်း ၂၈၀၀၀ ခန့် အရောင်း အဝယ်ဖြစ်ခဲ့ပါတယ်။ ဟိုပုံးနနွင်းကတော့ တစ်ပိဿာ ၇၂၀ ကျပ်ဈေးရှိပါတယ်။ဧဧခိုင် - တောင်ကြီး