Main menu

Background

ခရမ်းစွဲကြက်သွန်ဖြူစိုက် တောင်သူများ ဈေးခေါ်တာကောင်းပေမယ့် အတွေးချော်ကာ နှောင်းခဲ့ရင်ဖြင့်

Wed, 08/14/2013 - 11:17 -- ydnar

ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားကုန်စည်ဒိုင်မှ သြဂုတ် လဆန်းက ခရမ်းစွဲကြက်သွန်ဖြူအမြိတ်ပါ တစ်ပိဿာ ကို ၁၈၀၀ ကျပ်ရှိခဲ့ရာက သြဂုတ်လ ဒုတိယအပတ်အစမှာတော့ အမြိတ်ပါ တစ်ပိဿာကို ၂၁၀၀ ကျပ်ထိ ရှိခဲ့ ကြောင်း သိရ ပါတယ်။

ခရမ်းစွဲကြက်သွန်ဖြူက အခုလို ဈေးမာခဲ့တော့ ကြက်သွန်စိုက်တောင်သူများဈေးစောင့်ရကျိုးနပ်သလို အကျိုး အမြတ်များစွာရကြတာ ဝမ်းသာစရာဆိုပေမယ့် ဈေးကွက် တစ်ခုရဲ့ ဝယ်လိုအားအရ ရောင်းရမယ့် အချိန်၊ ရောင်းသင့်တဲ့ ဈေးနှုန်းနဲ့ အကျိုးအမြတ်ကို ကြက်သွန်ဖြူစိုက်ပျိုးထုတ်လုပ်တဲ့ တောင်သူများ ချင့်ချိန် ရောင်းချနိုင်ဖို့ အလွန်အရေးကြီးပါ တယ်။ အထူးသဖြင့် ရှမ်းပြည်နယ်တောင်ပိုင်းက လဲချားမိုးနဲ၊ လင်းခေး၊ မိုင်းပန်းစတဲ့မြို့နယ်များမှာ စိုက်ပျိုးထုတ်လုပ်တဲ့ ခရမ်းစွဲကြက်သွန်ဖြူကို ပြည်တွင်းစားသုံးမှုအရ မရှိသလောက် နည်းပါးပြီး၊ ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့မှတစ်ဆင့် တစ်ဘက်နိုင်ငံ ဈေးကွက်ကို အဓိကတင်ပို့ ရောင်းချ ရတာ ဖြစ်ပြီး၊ တစ်ဘက်နိုင်ငံအနေနဲ့လည်း ခရမ်းစွဲကြက်သွန်ဖြူကို စိုက်ပျိုးဖို့မျိုးအဖြစ်သာ ဝယ်ယူခြင်းဖြစ်ကြောင်း၊ ၎င်းတို့ စား သုံးဖို့အတွက်တစ်ကီလိုကို ၁၄ ဘတ်သာဈေးရှိတဲ့ တရုတ်နိုင်ငံ မှ ကြက်သွန်ဖြူကို အဓိက စားသုံးကြောင်း တစ်ဘက်နိုင်ငံ အနေနဲ့ သြဂုတ်လကုန်ပါက ခရမ်းစွဲကြက်သွန်ဖြူကို မျိုး အဖြစ်ဝယ်ယူမှု မရှိတော့ကြောင်း၊ လဲချားကုန်စည်ဒိုင်မှ တာဝန်ရှိသူတစ်ဦးရဲ့ ပြောပြချက်အရ သိရသဖြင့် ခရမ်းစွဲ ကြက်သွန်ဖြူစိုက်တောင်သူများ ဈေးမာလာလေမလားဆိုပြီး၊ လက်ကျန်တွေ အထားများခဲ့ရင် ဈေးခေါ်တာကောင်းပေမယ့် အတွေးချော်ကာ နှောင်းခဲ့ရင်ဖြင့် အရင်လိုအရှုံးမျိုး မကြုံတွေ့ ရစေကြောင်း ကြေညာမောင်းခတ် အသိပေးအပ်ပါတယ် ခင်ဗျား ..... မင်းအောင် - တောင်ကြီး