Main menu

Background

ဆရာဝန် နှင့် ဆေးကုမ္ပဏီများ အဂတိမှု

Wed, 08/14/2013 - 11:19 -- ydnar

တရုတ်ဆရာဝန်များကို  လာဘ်ထိုးခဲ့သည် ဟူသောသံသယဖြင့် နာမည်ကျော် ဂလက်ဇိုစမစ် ကလိုင်း(GlaxoSmithKline,GSK)  ကုမ္ပဏီမှ ဝန်ထမ်းများအား တရုတ်အစိုးရအာဏာပိုင်များက စုံစမ်းစစ်ဆေးလျက်ရှိသည်။ ထိုကုမ္ပဏီမှ တရုတ် နိုင်ငံဌာနခွဲ၊ဘဏ္ဍာရေးဒါရိုက်တာကိုလည်း တရုတ် နိုင်ငံမှ ထွက်ခွာမသွားရန် တားမြစ်မိန့်ထုတ်ထား သည်။ယခုအချိန်အထိကုမ္ပဏီ၏ဘဏ္ဍာရေးဒါရိုက် တာကိုစုံစမ်းစစ်ဆေးခြင်း၊ဖမ်းဆီးထိန်းသိမ်းခြင်းမပြု ဘဲ၊ နိုင်ငံအတွင်း လွတ်လပ်စွာ သွားလာခွင့်ပြုထား ဆဲဖြစ်သည်။

 
GSK ကုမ္ပဏီမှထုတ်လုပ်သည့် ဆေးဝါးများ အားသုံးစွဲရန်ဆေးညွှန်းပေးရေးအတွက်ဆရာဝန် များ၊ ဆေးရုံဆေးခန်းများနှင့် သက်ဆိုင်ရာ အခြားပုဂ္ဂိုလ် အချို့ကို လာဘ်ထိုးခဲ့သည်ဟုသံသယရှိသဖြင့် ကုမ္ပဏီဝန်ထမ်းလေးဦးအား ဖမ်းဆီးထားကြောင်း တရုတ်နိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။GSK ကုမ္ပဏီဝန်ထမ်းများသည်  ယွမ်ငွေသန်း ၃၀၀၀ (ဒေါ်လာသန်း ၄၉၀)အထိ ထုတ်သုံး ခဲ့ကြပြီး၊ လာဘ်ပေးသူကို ဖုံးကွယ်ထားနိုင်ရန် ခရီး သွားလုပ်ငန်းအေဂျင်စီများနှင့်အတိုင်ပင်ခံလုပ်ငန်း များမှ တစ်ဆင့်ပေးခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ ကပြောသည်ဟု တရုတ်သတင်းများတွင် ဖော်ပြ ခဲ့ကြသည်။ လာဘ်မပေးရန်ဟန့်တားကာကွယ် သည့် GSK ၏ကုမ္ပဏီအတွင်း ကြီးကြပ်ကွပ်ကဲမှု များအား ဖောက်ဖျက်နေခြင်းကို ဖော်ထုတ် အရေး ယူရန်ရည်ရွယ်သည့်အစီအစဉ်ဖြစ်ကြောင်း အစိုးရ ၏ဆင်ဟွာသတင်းအေဂျင်စီက ဖော်ပြခဲ့သည်။ မိမိတို့ကုမ္ပဏီသည် လာဘ်ပေးလာဘ်ယူမှု များကို ဆန့်ကျင်ကြောင်းနှင့် စုံစမ်းစစ်ဆေးမှုတွင် တရုတ်အစိုးရနှင့် ပူးပေါင်း ဆောင်ရွက်သွား မည်ဖြစ်ကြောင်း GSK ကုမ္ပဏီကထုတ်ပြန်ကြေညာ ထားသည်။ တရုတ်ဆေးဝါး ကြီးကြပ်ကွပ်ကဲရေး အဖွဲ့က GSK ကုမ္ပဏီအမှုနှင့် ဆက်စပ်ကြောင်း  အရိပ်အမြွက် ဖော်ပြခြင်းမပြုသော်လည်း တရုတ် နိုင်ငံဆေးဝါးဈေးကွက်အတွင်း မသမာမှုများကို ဖော်ထုတ်အရေးယူရန် စတင်ဆောင်ရွက်လျက်ရှိ သည်။ ယင်းသို့ဆောင်ရွက်ခြင်းသည် တရားဝင် ခွင့်ပြုချက်မရှိဘဲဆေးဝါးထုတ်လုပ်ခြင်း၊အင်တာနက် အွန်လိုင်းဖြင့်ဆေးဝါးများမမှန်မကန်ဖြန့်ဖြူး ရောင်း ချခြင်းနှင့်တရုတ်တိုင်းရင်းဆေးဝါးအတုရောင်းချခြင်း များ ပပျောက်စေရန်ရည်ရွယ်ထားကြောင်း အစိုးရ အစားအစာနှင့်ဆေးဝါးကွပ်ကဲရေးဌာန (FDA)က ကြေညာချက်ထုတ်ပြန်ခဲ့သည်။ တရုတ်နိုင်ငံ၏ ကျန်းမာရေး စောင့်ရှောက်မှု စနစ်တိုးတက်ကောင်းမွန်အောင်ပြုပြင်သွား မည်ဖြစ် ကြောင်းနှင့် ပြည်သူလူထု စိတ်မချမ်းမသာဖြစ်စေ သည်အထိကုန်ကျစရိတ်မြင့် တက်လာသောဆေးဝါး ဈေးနှုန်းနှင့်ဆေးကုသစရိတ်များကိုထိန်းချုပ်ကွပ်ကဲ သွားမည်ဖြစ်ကြောင်းယမန်နှစ်နိုဝင်ဘာလကအာဏာ လွဲှပြောင်းယူခဲ့သည့်တရုတ်နိုင်ငံ အစိုးရသစ်ကကတိ ပြုခဲ့သည်။တရုတ်နိုင်ငံသည်အရည်အသွေးညံ့ဖျင်း
သော ဆေးဝါးများ နှင့်ဆေးဝါးတုများအန္တရာယ်ကို အကြိမ်ကြိမ်ခံစားခဲ့ရပြီး၊အချို့ကိစ္စများတွင်အသက် ဆုံးရှုံးရသည်အထိဒုက္ခရောက်ခဲ့ကြရသည်။ကြီးကြပ်ကွပ်ကဲရေးတာဝန်ရှိသူများက မမှန်မကန် ဖော်ပြသည့် ကြော်ငြာလိမ်များနှင့်အခြားကျူးလွန် ဖောက်ဖျက်မှုများကို အကြိမ်ကြိမ်ဖော်ထုတ် အရေး ယူခဲ့သော်လည်းအနည်းအကျဉ်းမျှသာအောင်မြင်ထိ ရောက်ခဲ့သည်။ ပြည်တွင်းမှတရုတ်ဆေးဝါးလုပ်ငန်း များနှင့် နိုင်ငံခြားဆေးဝါးထုတ်လုပ်သူများ အနေ ဖြင့်ကျင့်ဝတ်ဖောက်ဖျက်ဆောင်ရွက်ကြောင်း ပေါ် ပေါက်ပါက ဥပဒေအရအရေးယူခံရမည်ဖြစ် ကြောင်း ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက သတိပေးချက် ထုတ်ပြန်ခဲ့သည်။ အစိုးရအဖွဲ့၏ စီမံကိန်းရေးဆွဲရေး အေဂျင် စီကလည်း တရုတ်ဆေးဝါးလုပ်ငန်း ၆၀ နှင့် နိုင်ငံ ခြား ဆေးဝါးထုတ်လုပ်ရေးလုပ်ငန်းများ၏ ဆေးဝါး ထုတ်လုပ်မှု ကုန်ကျစရိတ်များ (Production costs) ကို စူးစမ်းလေ့လာလျက်ရှိကြောင်း နိုင်ငံပိုင် မီဒီယာများက သတင်းဖော်ပြခဲ့သည်။ ထုတ်လုပ်မှု ကုန်ကျစရိတ်ကိုစူးစမ်းလေ့လာခြင်းသည် အရေးပါ သော ဆေးဝါးများ၏ အမြင့်ဆုံးရောင်း ဈေးနှုန်း သတ်မှတ်ထားချက်ကို အစိုးရက ပြန်လည်ပြင် ဆင်ရန် ကြိုတင်စီစဉ် ဆောင်ရွက်ခြင်း ဖြစ်နိုင် သည်ဟု သုံးသပ်ကြသည်။ Ref; Time.com