Main menu

Background

ဓာတ်ဆီ၊ဒီဇယ်ဆီဈေးနှုန်းများ (12-8-13)

Wed, 08/14/2013 - 11:25 -- ydnar

ပင်လယ်ရေကြောင်းလမ်းမှ ဒီဇယ်တန်ချိန် ငါးသောင်းနှစ်ထောင်ကျော်နဲ့ ဓာတ်ဆီတန်ချိန် တစ်သောင်းတစ်ထောင်ကျော်ဝင်
ဇူလိုင် ၂၈ ရက် မှ သြဂုတ်လ ၃ ရက် အတွင်း ဓာတ်ဆီ တန်ချိန် တစ်သောင်း တစ်ထောင်ငါးရာခြောက် ဆယ်ကျော်နဲ့ ဒီဇယ်တန်ချိန် ငါးသောင်း နှစ်ထောင်နှစ်ရာ ကျော် တင်သွင်းလိုင်စင်လျှောက်ထားခဲ့တယ်လို့ သိရပါတယ်။

ယခင်သီတင်းပတ် ဓာတ်ဆီအဝင်မှာ တန်ချိန် ခုနှစ်ထောင်ခြောက်ရာကျော် ရှိခဲ့တာကြောင့် ဒီတစ်ပတ် အဝင်နဲ့ယှဉ်ရင် တန်ချိန် သုံးထောင့်ကိုးရာကျော် အဝင်ပိုခဲ့ပြီး ဒီဇယ်အဝင်မှာ ယခင်တစ်ပတ်မှာ အဝင်တန်ချိန် နှစ်သောင်းတစ်ထောင်ကျော် ရှိခဲ့တာကြောင့် ဒီတစ်ပတ်အဝင်နဲ့ယှဉ်ရင်တန်ချိန်သုံးသောင်းကျော် အဝင်ပိုခဲ့တယ်လို့ သိရပါတယ်။ လချုပ်အနေနဲ့ ကြည့်မယ်ဆိုရင် ဇူလိုင်လအတွင်း ဓာတ်ဆီအဝင်မှာ တန်ချိန် နှစ်သောင်းရှစ်ေ ထာင်ကျော်ရှိခဲ့ပြီးဇွန်လအဝင်မှာတန်ချိန် ငါးသောင်းနှစ်ထောင် ကျော်ရှိခဲ့တာကြောင့် ဇူလိုင်လမှာ တန်ချိန်သုံးသောင်းကျော် အဝင်လျော့ခဲ့ပါတယ်။ ဇူလိုင်လအတွင်း ဒီဇယ်အဝင်မှာတန်ချိန် တစ်သိန်း နှစ်သောင်းကျော် ရှိခဲ့ပြီး ဇွန်လ အဝင်မှာ တန်ချိန်တစ်သိန်းသုံးသောင်း သုံးထောင်ကျော်ရှိခဲ့တာကြောင့် ဇူလိုင်လ မှာ တန်ချိန်ကိုးထောင်ကျော် အဝင်လျော့ခဲ့ပါတယ်။ ပြည်တွင်း ပုဂ္ဂလိကစက်သုံးဆီဆိုင်များတွင် သြဂုတ်လ ၅ ရက်နေ့မှ သြဂုတ်လ ၉ ရက်နေ့အ တွင်း ရောင်းချနေသော ဓာတ်ဆီ၊ ဒီဇယ်ဈေးများသည် ဒီတစ်ပတ်မှာ မန္တလေး၊ တောင်ကြီး၊ မော်လမြိုင်၊ ရန်ကုန်တို့တွင် ဈေးငြိမ်နေတယ်လို့ သိရပါတယ်။ ဒီတစ်ပတ်မှာ ပြင်ပတွင် လက်လီရောင်းချနေသော ဒီဇယ်၊ ဓာတ်ဆီဈေးများမှာ ရန်ကုန်တွင် ဓာတ်ဆီဝယ်ဈေး၊ ရောင်းဈေးဈေးကျလာပေမဲ့ ဒီဇယ်က ဝယ်ဈေး၊ ရောင်းဈေး ငြိမ်နေတယ်လို့ သိရပါတယ်။ မန္တလေးမှာ ဒီဇယ်ဝယ်ဈေး၊ ရောင်းဈေး ငြိမ်နေပေမဲ့ဓာတ် ဆီဈေးကဝယ်ဈေးရောင်းဈေးအနည်းငယ်ကျလာတယ်လို့ သိရပါ တယ်။ ဒီတစ်ပတ် ဓာတ်ဆီ/ဒီဇယ်အရောင်းအဝယ်အခြေအနေများမှာ- ရန်ကုန်ဈေးကွက်မှာ ပုဂ္ဂလိက စက်သုံးဆီဆိုင်များမှာရောင်းချနေတဲ့ဓာတ်ဆီ၊ ဒီဇယ်၊ အောက်တိန်းနဲ့ အဆင့်မြင့် ဒီဇယ်ဈေးမှာ  ယခင်တစ်ပတ် ဈေးအတိုင်းပဲရှိ တယ်လို့ သိရပါတယ်။ ဒီတစ်ပတ်ပုဂ္ဂလိက စက်သုံးဆီဆိုင်မှာ ရောင်းချနေတဲ့ဈေးမှာ ဓာတ်ဆီ တစ်လီတာ ၈၁၄ ကျပ်၊ ဒီဇယ် ၉၂၀ ကျပ်၊ အောက် တိန်း ၉၃၀ ကျပ်နဲ့ အဆင့်မြင့်ဒီဇယ်၉၄၀ ကျပ်နဲ့ ရောင်းချတယ်လို့ သိရပါတယ်။ ပြင်ပလက်လီ ရောင်း ချနေတဲ့ ဆိုင်များမှာ သြဂုတ်လ ၅ရက်နေ့မှာ ဓာတ်ဆီတစ်ပီပါ ဝယ်ဈေး ၁၉၅၀၀၀ ကျပ်ရှိရာမှ သြဂုတ်လ ၈ရက်နေ့မှာ တစ်ပီပါ ၂၀၀၀၀၀ကျပ် ဖြစ်လာတယ်။ ရောင်းဈေးက တစ်ပီပါ ၂၁၀၀၀၀ ကျပ်ရှိရာမှ ၈ ရက်နေ့မှာ ၂၀၅၀၀၀ ကျပ်သို့ ဈေးကျလာခဲ့ကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရပါတယ်။ဒီဇယ်ဈေးမှာ သြဂုတ် ၅ ရက်နေ့မှာ တစ်ပီပါဝယ်ဈေး ၁၉၂၀၀၀ ကျပ်၊ ရောင်းဈေး တစ်ပီပါ ၁၉၄၀၀၀ ကျပ်အရောင်းအဝယ်ဖြစ်နေရာမှ သြဂုတ် ၈ ရက်နေ့မှာ ဝယ်ဈေး ၁၉၁၀၀၀ ကျပ်၊ ရောင်းဈေး ၁၉၃၀၀၀ ကျပ် ဈေးဖြစ်လာတယ်လို့ သိရပါတယ်။ ဒီတစ်ပတ်ဓါတ်ဆီ ဈေးက ဝယ်ဈေး တစ်ဂါလန် ၄၀၀၀ ကျပ်ဖြစ်ပြီး ရောင်းဈေး ၄၃၀၀ ကျပ်၊ ဒီဇယ် တစ်ဂါလန်၃၈၀၀ ကျပ်ဝယ်ပြီး ၃၉၀၀-၄၀၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ ဓာတ်ဆီ၊ ဒီဇယ်အရောင်းအဝယ်သမားတစ်ဦးထံမှ စုံစမ်းသိရှိခဲ့ပါတယ်။ မန္တလေးဈေးကွက်မှာ ဓာတ်ဆီ၊ ဒီဇယ်က ပုံမှန်အရောင်းအဝယ်ရှိနေတယ်။ မန္တလေးဘက်မှာပုဂ္ဂလိကစက်သုံးဆီဆိုင်ရဲ့ ဒီဇယ်၊ ဓာတ်ဆီဈေးမှာလည်း ငြိမ်နေ တယ်လို့ သိရပါတယ်။ ဒီတစ်ပတ် ပြင်ပလက်လီဆိုင်များမှာ အရောင်းအဝယ်ဖြစ်နေ တဲ့ဈေးက ဓာတ်ဆီတစ်ဂါလန်ဝယ်ဈေး ၄၃၀၀ ကျပ်ရောင်းဈေး ၄၆၀၀ ကျပ်ဖြစ် ပြီး၊ ဒီဇယ်ကဝယ်ဈေး ၃၉၀၀ ကျပ်၊ရောင်းဈေး ၄၂၀၀ ကျပ်ဈေးနဲ့ အရောင်းအဝယ် ဖြစ်တယ်လို့ သိရပါတယ်။ မော်လမြိုင်ဈေးကွက်မှာ ဓာတ်ဆီ၊ ဒီဇယ်ကပုံမှန်အရောင်းအဝယ် ဖြစ်တယ် လို့ သိရပါတယ်။ ဒီတစ်ပတ်ပုဂ္ဂလိက စက်သုံးဆီဆိုင်ရဲ့ ဓာတ်ဆီ၊ဒီဇယ် ဈေးငြိမ် နေသလို ပြင်ပလက်လီဆိုင်များရဲ့ ဈေးမှာတော့ ဒီဇယ်ဈေးနဲ့ အောက်တိန်း ဈေးများ အနည်းငယ်ကျလာတယ်လို့သိရပါတယ်။ ဒီလိုဈေးကျလာတာကလည်း စက်သုံးဆီ ဆိုင်များမှာ လိုသလောက်ဝယ်ယူရရှိနေတာကြောင့်ဈေးအတက်မရှိ ဖြစ်နေတာလို့ ပြောပါတယ်။ ဒီတစ်ပတ်ပုဂ္ဂလိက စက်သုံးဆီဆိုင်ရဲ့ ဈေးမှာ ဓာတ်ဆီ ၃၈၀၀ ကျပ်၊ ဒီဇယ်၄၁၀၀ ကျပ်၊ အောက်တိန်း ၄၃၀၀ ကျပ်နဲ့ရောင်းချပါတယ်။ဒီတစ်ပတ် ပြင်ပ လက်လီဆိုင်များမှာ အရောင်းအဝယ်ဖြစ်နေတဲ့ ဈေးများမှာ ဓာတ်ဆီ တစ်ဂါ လန် ၄၁၀၀ ကျပ်၊ ဒီဇယ် ၄၁၀၀ ကျပ်၊ အောက်တိန်း ၄၃၅၀ ကျပ်နဲ့ အရောင်း အဝယ်ဖြစ်တယ်လို့ သိရှိရပါတယ်။ ပဲခူးဈေးကွက်မှာ ပုဂ္ဂလိကစက်သုံးဆီဆိုင်ရဲ့ဓာတ်ဆီ၊ဒီဇယ်ဈေးမှာငြိမ်နေ သလို ပြင်ပလက်လီဆိုင်များတွင် ရောင်းချနေသော ဓာတ်ဆီ၊ ဒီဇယ်ဈေးမှာလည်း ငြိမ်နေ တယ်လို့သိရပါတယ်။ ဒီတစ်ပတ် ပုဂ္ဂလိကဆိုင်ဈေးက ဓာတ်ဆီ ၃၈၀၀ ကျပ်၊ ဒီဇယ် ၄၁၀၀ ကျပ်နဲ့ ရောင်းချတယ်လို့ သိရပါတယ်။ ပြင်ပလက်လီ ဆိုင်များမှာ ဓာတ်ဆီတစ်ဂါလန်၄၃၀၀ ကျပ်၊ ဒီဇယ် ၃၉၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်နေ တယ်လို့ သိရှိရပါတယ်။             MIRT-DOT