Main menu

Background

ပြင်ပငွေဈေးနှုန်းနှင့် စင်တာများ၏ ငွေဈေးနှုန်းများ အနည်းငယ်သာ ကွာဟလာ

Wed, 08/14/2013 - 11:27 -- ydnar

ယခုတစ်ပတ်အတွင်း ငွေလဲဈေး ကွက်အတွင်းတွင် ပြင်ပငွေလဲဈေးကွက် တွင် ရှိသည့်ဈေးနှုန်းများနှင့် ငွေလဲစင် တာများတွင်ရှိသည့်ဈေးနှုန်းများမှာ ကွာဟမှုနည်းပါးလာကြောင်း သိရ သည်။ယင်းကဲ့သို့ငွေဈေးနှုန်းများကွာဟ မှုနည်းပါးလာခြင်းကြောင့်ငွေဈေးနှုန်း တည်ငြိမ်မှုရှိလာကြောင်းသိရသည်။

ယခုတစ်ပတ်အတွင်းတွင် ငွေ ဈေးအတက်အကျရှိခဲ့သော်လည်း အနည်းငယ်သာရှိခဲ့ကြောင်းလည်း သိရ သည်။“ဒီတစ်ပတ်မှာတော့ ငွေဈေးက သိပ်အပြောင်းအလဲမရှိတော့ လုပ်ရ ကိုင်ရတာ ပိုပြီးအဆင်ပြေလာတယ်။ စင်တာတွေနဲ့လည်း သိပ်ပြီးကွာဟချက် မကြီးတော့ သူလိုကိုယ်လိုပဲ ရောင်းရ ဝယ်ရတာ အဆင်ပြေလာတယ်။ သိမ် ဖြူငွေလဲစင်တာမှာသွားရောင်းရင်တော့ ဒီကစင်တာတွေထက် ငါးကျပ်လောက်  ပိုရတယ်။ များသောအားဖြင့်တော့ ဒီ က စင်တာတွေမှာပဲ ရောင်းကြတာများ ပါတယ်”ဟု ငွေလဲဈေးကွက်အတွင်းမှ ဒေါ်လာရောင်းဝယ်နေသူတစ်ဦးက ဆို သည်။သြဂုတ်လ ၆ရက်နေ့က ရောင်း ဈေး ၉၇၄ကျပ်၊ ဝယ်ဈေး ၉၇၈ကျပ်ရှိ ခဲ့ပြီး သြဂုတ်လ ၇ရက်နေ့တွင် ရောင်း ဈေး ၉၈၀၊ ဝယ်ဈေး၉၇၀ကျပ်ရှိခဲ့သည်။ သြဂုတ်လ ၈ရက်နေ့တွင်မူ ရောင်းဈေး ၉၇၈ကျပ် ဝယ်ဈေး ၉၆၉ကျပ်ရှိခဲ့ပြီး သြဂုတ်လ ၉ရက်နေ့တွင်မူ ရောင်းဈေး  ၉၇၄ကျပ် ဝယ်ဈေး ၉၆၉ကျပ်ရှိခဲ့သည်။ပြင်ပငွေဈေးကွက်တွင်လည်း စင်တာများ၏ငွေဈေးနှင့်ကွာဟမှုနည်း ပါးလာပြီး သြဂုတ်လ ၇ရက်နေ့က ရောင်းဈေး ၉၇၇ကျပ်၊ ဝယ်ဈေး ၉၇၅ ကျပ်ရှိခဲ့ပြီး သြဂုတ်လ ၉ရက်နေ့တွင် ရောင်းဈေး ၉၇၄ကျပ်၊ ဝယ်ဈေး ၉၇၂ ကျပ်သာရှိခဲ့သည်။မယ်သီတာ