Main menu

Background

အဝယ်လိုက်လာ၍ မြန်မာ့ရွှေဈေး ပြန်လည်မြင့်တက်လာ

Wed, 08/14/2013 - 11:29 -- ydnar

ယခုတစ်ပတ်အတွင်း မြန်မာ့ရွှေ ဈေးသည် အဝယ်လိုက်လာသဖြင့် ဈေး ပြန်လည်မြင့်တက်လာခဲ့ကြောင်း သိရ သည်။ ကမ္ဘာ့ရွှေဈေးမြင့်တက်လာမှု ကြောင့်လည်း မြန်မာ့ရွှေဈေးမြင့်တက် လာရခြင်းဖြစ်နိုင်ကြောင်း ရွှေဈေးကွက် ကျွမ်းကျင်သူတို့ကသုံးသပ်လျက်ရှိကြသည်။

ယခုသီတင်းပတ်ရက်အစပိုင်းတွင် ရွှေဈေးသည် အမြင့်ဈေးဖြင့်ဈေးဖွင့်ခဲ့ သော် လည်း နောက်ပိုင်းရက်များ တွင် ဈေးပြန်လည်ကျဆင်းလာခဲ့သည်။ သို့ သော် သီတင်းပတ် ကုန်ဆုံးသည့် သောကြာနေ့ (သြဂုတ်လ ၉ရက်နေ့) တွင် ဈေးပြန်လည် မြင့်တက်လာခဲ့ ကြောင်း ရွှေဈေးကွက်အတွင်းမှ စုံစမ်း သိရှိရသည်။“ဒီရက်ထဲမှာ ရွှေဈေးက မငြိမ် ဘူးဖြစ်နေတယ်။ကမ္ဘာ့ရွှေဈေးကလည်း တက်လိုက်ကျလိုက်ဖြစ်နေတယ်။ ဒေါ် လာက ဈေးကျလာတော့ ခိုင်မာမှုမရှိ တော့သလိုအမေရိကန်မှာရှယ်ယာဈေး တွေ ဆက်တိုက်ကျလာတော့ ရွှေဘက် ကို လှည့်လာပြန်တယ်။ ဒါကြောင့် ကမ္ဘာ့ရွှေဈေးကတက်လာတာ။ ကမ္ဘာ့ ရွှေဈေးတက်တော့မြန်မာ့ရွှေဈေးလည်း  လိုက်တက်ရတာပဲ”“နောက်ပြီး ဒီမှာက ရွှေဈေးကျ လာတော့ ရွှေ ဝယ်စုတဲ့သူတွေက အဝယ်လိုက်လာတယ်။ ဒါ့ပြင် အထည် ဝယ်တဲ့သူတွေကလည်း ဈေးကျတယ် ဆိုတော့ ဝယ်ကြတာ။ အဲဒါကြောင့် ဈေးကတက်လာတာပဲ။ ရွှေသတ္တုတူူးတဲ့ သူတွေကို ရွှေသွင်းခိုင်းတဲ့ကိစ္စကတော့ သိပ်အကျိုးသက်ရောက်မှုမရှိနိုင်ဘူးလို့ ထင်ပါတယ်”ဟု ရွှေကုန်သည်ဦးစံမြင့် က ဆိုသည်။မြန်မာ့ရွှေဈေးသည် သြဂုတ်လ ၅ရက်နေ့က ကျပ် ၆၉၀၂၀၀ ရှိခဲ့ပြီး သြဂုတ်လ ၆ရက်နေ့တွင် ၆၈၉၅၀၀ ကျပ် သို့ကျဆင်းခဲ့ပြီး သြဂုတ်လ ၈ ရက် နေ့တွင် ကျပ် ၆၈၃၂၀၀ အထိကျဆင်း လာခဲ့သည်။ သို့သော် သြဂုတ်လ ၉ ရက်နေ့တွင်မူ ကျပ် ၆၈၈၅၀၀သို့ ပြန် လည်မြင့်တက်လာခဲ့ကြောင်းသိရသည်။ကမ္ဘာ့ရွှေဈေးသည်လည်း သြ ဂုတ်လ ၅ရက်နေ့က ၁၃၁၇ဒေါ်လာရှိခဲ့ ရာမှ သြဂုတ်လ ၈ရက်နေ့တွင် ၁၂၉၇ ဒေါ်လာသို့ကျဆင်းလာခဲ့သည်။သို့ သော် သြဂုတ်လ၉ရက်နေ့တွင်၁၃၁၀ ဒေါ်လာ သို့ မြင့်တက်ခဲ့သည်။      မယ်သီတာ