Main menu

Background

ဘိလပ်မြေဈေးနှုန်းများ(12-8-13)

Wed, 08/14/2013 - 12:14 -- ydnar

ဇူလိုင်လအတွင်း ဘိလပ်မြေအဝင်ပို ပြည်တွင်းကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ ဇူလိုင်လ ၂၈ ရက်မှ သြဂုတ်လ ၃  ရက်နေ့အတွင်း ကန်ဒေါ်လာ နှစ်ဆယ့်နှစ်သိန်းကျော် တန်ဖိုးရှိ ဘိလပ်မြေတန်ချိန် ၂၆၅၇၆ ဒသမ ၆၀ ကို တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်မှာ အိန္ဒိယနိုင်ငံမှ ဘိလပ်မြေတန်ချိန် ၅၉၀၀ ဒသမ ၂၀ တန်၊ ဗီယက်နမ်နိုင်ငံမှ ဘိလပ်မြေတန်ချိန် ၂၆ တန်နဲ့ ထိုင်းနိုင်ငံမှ ဘိလပ်မြေတန်ချိန် ၂၀၆၅၀ ဒသမ ၄၀ တန်တင်သွင်းခဲ့ပါတယ်။

ဒီတစ်ပတ်မှာ ထိုင်းနိုင်ငံမှ ဘိလပ်မြေအများဆုံးဝင်လာ တာတွေ့ရပါတယ်။ ယခင်သီတင်းပတ်ဘိလပ်မြေအဝင်က တန်ချိန်သုံးသောင်း ကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်ဘိလပ်မြေအဝင်နဲ့ ယှဉ်ရင် တန်ချိန်ခြောက်ေ ထာင် ကျော်အဝင်လျော့ခဲ့တယ်လို့ သိရပါတယ်။ လချုပ်အနေနဲ့ကြည့်မယ်ဆိုရင် ဇူလိုင်လအတွင်း ထိုင်း၊ ဗီယက်နမ်၊ အိန္ဒိယ၊ စင်ကာပူ၊ မလေးရှားစတဲ့ နိုင်ငံများမှ ဘိလပ်မြေများကို မှာယူတင်သွင်းခဲ့တာတွေ့ ရပါတယ်။ ဇူလိုင်လအတွင်း စုစုပေါင်းဘိလပ်မြေ တင်သွင်းခဲ့တဲ့ တန်ချိန်မှာ ခုနစ် သောင်းခုနစ်ထောင်ကျော်ရှိခဲ့ပြီး ဇွန်လအတွင်း စုစုပေါင်းဘိလပ်မြေတင်သွင်းခဲ့တဲ့ တန်ချိန်က ငါးသောင်းကိုးထောင်ကျော်ရှိခဲ့တာကြောင့် ဇူလိုင်လမှာ ဘိလပ်မြေတန် ချိန် တစ်သောင်းရှစ်ထောင်အဝင်ပိုခဲ့ပါတယ်။                MIRT (DOT)ဈေးကွက်ပြောင်းလဲမှုမရှိဘဲ ပုံမှန်လေးပဲ ရောင်းဝယ်နေတဲ့ ဘိလပ်မြေဒီတစ်ပတ် ဘိလပ်မြေဈေးကွက်အခြေအနေများမှာ- တောင်ကြီးဈေးကွက်မှာ ဘိလပ်မြေက ဒီတစ်ပတ်မှာ အရောင်းအဝယ် ပုံမှန်ရှိတယ်လို့ သိရပါတယ်။  ယခင်တစ်ပတ်မှာလည်း အရောင်းပုံမှန်ရှိခဲ့သလို ဒီတစ်ပတ်မှာလည်း အရောင်းအဝယ် ပုံမှန်ရှိတယ်လို့ ဆိုပါတယ်။ မိုးကာလဖြစ်ပေမဲ့ အရောင်းအဝယ်နည်းနည်းဖြစ်လာနေလို့ တော်သေးတယ်။  ဒီတစ်ပတ် ဈေးကွက် ထဲ အရောင်းအဝယ်ဖြစ်နေတဲ့ ဈေးတွေက ယခင်တစ်ပတ်ဈေးအတိုင်း စိန် (ယိုးဒယား) ၇၃၀၀ ကျပ်၊ နဂါးဘိလပ်မြေက ၅၅၀၀ကျပ် ၊ အေသုံးလုံးဘိလပ်မြေ က ၅၂၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ အနောက်မြို့ပတ်လမ်းမှာရှိတဲ့ ဘိလပ်မြေအရောင်းဆိုင်မှ စုံစမ်းသိရှိခဲ့ပါတယ်။မော်လမြိုင်ဘိလပ်မြေဈေးကွက်မှာ ဘိလပ်မြေက ဒီတစ်ပတ်မှာလည်း ဆက်ပြီး အရောင်းအဝယ်အေးတယ်လို့ သိရပါတယ်။ ဒီတစ်ပတ်ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်တဲ့ ဈေးက  ဆင် (ထိုင်း) ဘိလပ်မြေ ၅၂၀၀ ကျပ်၊မြင်းခေါင်း ဘိလပ်မြေ ၄၂၀၀ကျပ်၊ ကြံ့(မြိုင် ကလေး) ဘိလပ်မြေ ၄၃၅၀ ကျပ်နဲ့ အရောင်း အဝယ်ဖြစ်တယ်လို့ သိရပါတယ်။မန္တလေးဈေးကွက်မှာ ဘိလပ်မြေက အရောင်းအဝယ်ပုံမှန်ရှိတယ်လို့  သိရ ပါတယ်။ ဒီတစ်ပတ်မှာ မြင်းခေါင်းဘိလပ်မြေသာ ဈေးအနည်းငယ်မြင့်ခဲ့ပေမဲ့ ကျန် ဘိလပ်မြေများက ယခင်ဈေးနဲ့ပဲ အရောင်းအဝယ်ဖြစ်တယ်။ ဈေးကွက်ထဲ စိန်(ထိုင်း) ဘိလပ်မြေက ဆင်(ထိုင်း) ဘိလပ်မြေထက် ဈေးအနည်းငယ်မြင့်သလို ရောင်းအား လည်းရှိတယ်။ ဒီတစ်ပတ်ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်နေတဲ့ဈေးမှာ ယခင်တစ်ပတ်ဈေး အတိုင်း အေသုံးလုံး ၅၅၀၀ ကျပ်၊ ကျားခေါင်း ၅၀၀၀ ကျပ်၊ မြင်းခေါင်း ၅၀၀၀ ကျပ်၊ဆင်(ထိုင်း) ၆၆၀၀ကျပ်၊ စိန်(ထိုင်း) ၆၇၀၀ ကျပ်နဲ့ အရောင်း အဝယ်ဖြစ်တယ်လို့ ၆၂ လမ်း ၂၈-၂၉ ကြားအုတ်သဲကျောက်ရောင်းဝယ်ရေး အရောင်းဆိုင်မှ စုံစမ်းသိရပါတယ်။ မကွေးဈေးကွက်မှာ ဘိလပ်မြေ ဒီတစ်ပတ်မှာ အရောင်းအဝယ်ပုံမှန်တယ်လို့ သိရပါတယ်။ အရောင်းအဝယ်ပုံမှန်ရှိပေမဲ့ ဒီတစ်ပတ်မှာဆင်(ထိုင်း)ဘိလပ်မြေနဲ့ မြင်းခေါင်းဘိလပ်မြေက ဈေးငြိမ်နေပေမဲ့ ဆင်(မြန်မာ) ဘိလပ်မြေက ဈေးအနည်း ငယ်လျော့ပြီး အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ရန်ကုန်ဈေးကွက်မှာ ဘိလပ်မြေက ဒီတစ်ပတ်အရောင်းအဝယ်ပုံမှန်ရှိတယ် လို့ သိရပါတယ်။ ဒါကြောင့် ဈေးကွက်ထဲ ဘိလပ်မြေဈေးက သိပ်အပြောင်းအလဲမရှိ ဘူး။ ဒီတစ်ပတ်ဆင်ဘိလပ်မြေက ယခင် တစ်ပတ်ဈေးထက် ငါးဆယ်ကျပ် ဈေးကျ လာပြီး စိန်ဘိလပ်မြေက ဈေးငြိမ်နေ တယ်လို့ သိရပါတယ်။ ဒီတစ်ပတ် အရောင်း အဝယ်ဖြစ်နေတဲ့ဈေးက ဆင်(ထိုင်း) ဘိလပ်မြေ ၅၆၅၀ ကျပ်၊ စိန်(ထိုင်း)ဘိလပ်မြေ ၅၆၀၀ ကျပ်၊ ရိန်းဘိုး (အိန္ဒိယ) ဘိလပ်မြေ ၅၀၀၀ ကျပ်နဲ့ အရောင်းအဝယ် ဖြစ် တယ်လို့ ဘုရင့်နောင်ပွဲရုံတန်းမှ ဘိလပ်မြေအရောင်းဆိုင်မှ စုံစမ်းသိရပါတယ်။MIRT (DOT)