ဇူလိုင်လအတွင်း နို့ဆီ/နို့မှုန့်အဝင်ပို

ပြည်တွင်းကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ နို့ဆီ ၃၇၄ ဒသမ ၆၇ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ သုံးသိန်းရှစ်သောင်းကျော်ဖိုးကို ဇူလိုင်လ ၂၈ ရက်မှ သြဂုတ်လ ၃ ရက် သီတင်းပတ်အတွင်းမှာယူတင်သွင်းခဲ့ တယ်လို့သိရပါတယ်။

ယခင်သီတင်းပတ် နို့ဆီအဝင်ကတန်ချိန်လေးရာခုနှစ်ဆယ် ကျော်ရှိခဲ့တာကြောင့်ဒီတစ်ပတ်မှာ တန်ချိန်ကိုးဆယ်ကျော်အဝင် လျော့ခဲ့ပါ တယ်။ နို့မှုန့်က ဒီတစ်ပတ်မှာ ၅၅ တန် အဝင်ရှိခဲ့ပြီး ယခင်သီတင်းပတ်မှ တန် ချိန်၂၀ကျော်သာအဝင်ရှိခဲ့တာ ကြောင့် ဒီတစ်ပတ်မှာ တန်ချိန်သုံးဆယ်ကျော် အဝင်ပိုခဲ့ပါတယ်။                လချုပ်အနေနဲ့ကြည့်မယ် ဆိုရင် ဇူလိုင်လအတွင်း နို့ဆီအဝင်က တန်ချိန် နှစ် ထောင်ကျော်ရှိခဲ့ပြီး ဇွန်လအတွင်း နို့ဆီအဝင်မှာတန်ချိန်တစ်ထောင်ကျော် သာရှိခဲ့တာကြောင့် ဇူလိုင်လမှာ နို့ဆီ အဝင်ပိုခဲ့ပါတယ်။ နို့မှုန့်အဝင်ကို ကြည့် မယ်ဆိုရင်လည်း ဇူလိုင်လအဝင်က တန်ချိန် သုံးရာကျော်ရှိခဲ့ပြီးဇွန်လ အဝင် မှာတန်ချိန်တစ်ရာကျော်ရှိခဲ့တာကြောင့် ဇူလိုင်လမှာတန်ချိန် နှစ်ရာကျော် အဝင် ပိုခဲ့ပါတယ်။ ဒါကြောင့် ဇူလိုင်လမှာ နို့ဆီအဝင်ပိုခဲ့သလို နို့မှုန့်လည်း အဝင် ပိုခဲ့ပါတယ်။