Main menu

Background

ဆီထွက်သီးနှံရာသီချိန်မှာ နှမ်းဈေးကျပြီး မြေပဲဈေးမြင့်လာတဲ့ ပြည်ဈေးကွက်

Wed, 08/14/2013 - 13:06 -- ydnar

ပြည်ဈေးကွက်ကို မိုးနှမ်းအသစ် များ ဝင်ရောက်လာပြီဖြစ်လို့ နှမ်းဈေး အနည်းငယ် ဈေးကျလာတာတွေ့ ရပါ တယ်။ ပြည်ဈေးကွက်ကို ဝက်ထီးကန်၊ ပေါက်ခေါင်း၊ အောင်လံဘက်မှ တစ် နေ့ကို အိတ် ၁၀၀ ခန့် ဝင်ရောက် လာ ပြီး၊ ဆီစက်သမားများနဲ့ ပွဲရုံများက အဝယ်ရှိပေမယ့် နှမ်းအသစ်ပေါ်တဲ့ ရာသီချိန်ဖြစ်လို့ နှမ်းဈေးမှာ အနည်း ငယ် ကျလာပါတယ်။

နှမ်းနီတစ်တင်းကို ၃၁၀၀၀ ကျပ်နဲ့ နှမ်းနက်တစ်တင်းကို ၃၉၀၀၀ ကျပ်ဈေးနဲ့ ယခင်အပတ်ထက် ဈေးကျလာပြီး၊ နှမ်းဆီတစ်ပိဿာကို ၄၅၀၀ ကျပ်ဈေးနဲ့ အရောင်းအဝယ်ဖြစ် လျက်ရှိပါတယ်။ မြေပဲဆန်ဈေးမှာ ယခင်အပတ် ထက် ဈေးမြင့်လာတာတွေ့ရပါတယ်။ ခုချိန်မှာ မိုးမြေပဲအသစ်များပေါ်ချိန် ဖြစ်ပေမယ့် များများမဝင်သေးလို့ မြေပဲ ဆန်ဈေးအနည်းငယ် မြင့်လာပါတယ်။ ရွှေတောင်ဘက်မှ ဝင်ရောက်လာတဲ့ မိုး မြေပဲတောင့် တစ်ပြည်ကို ၄၀၀ ကျပ် ဈေးနဲ့ ရောင်းချနေပြီး၊ မြေပဲဆီဆန် တစ်ပိဿာ၁၆၀၀ ကျပ်နဲ့ ယခင်အပတ် ထက် ဈေးမြင့်ပြီး၊ လုံးဆန်က ယခင် အပတ်အတိုင်း တစ်ပိဿာ ၁၆၅၀ ကျပ်ဈေးနဲ့ အရောင်းအဝယ်ဖြစ်နေ ပါတယ်။ မြေပဲဆီဈေးမှာ တစ်ပိဿာကို ၃၂၀၀ ကျပ်ဈေးနဲ့ ယခင်အပတ်အတိုင်း ဈေးငြိမ်နေပါတယ်။ဝေေ၀မင်း - ပြည်