Main menu

Background

စားအုန်းဆီဈေးများ ရက်သတ္တပတ်တစ်ပတ်အတွင်း အနိမ့်ဆုံးရောက်

Wed, 08/14/2013 - 13:16 -- ydnar

ပြီးခဲ့တဲ့လက မလေးရှားနိုင်ငံမှာ ထုတ်လုပ်မှု ထူးထူးခြားခြားမြင့်တက်ပြီး၊ သိုလှောင်လက်ကျန်မြင့်တက်လာမှာကို စိုးရိမ်မှုရှိလာတဲ့အတွက် စားအုန်းဆီကြို ရောင်းဈေးကွက်မှာ ဈေးနှုန်းကသြဂုတ် ၇ ရက်မှာ ရက်သတ္တပတ်အတွင်း အနိမ့်ဆုံး ကိုရောက်ရှိခဲ့ကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

ကမ္ဘာပေါ်မှာ စားအုန်းဆီ ထုတ်လုပ်မှု ဒုတိယအများဆုံးဖြစ်တဲ့ မလေးရှားနိုင်ငံ ရဲ့ထုတ်လုပ်မှုကဇူလိုင်လက ၁၉ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီးတန် ၁ ဒသမ ၆၈ သန်း ရှိခဲ့ရာ ရိုက်တာက ခန့်မှန်းထားတဲ့ တိုးတက်နှုန်း ၁၀ ရာခိုင်နှုန်းကို ကျော်လွန် ခဲ့ပါတယ်။ ဒီလိုထုတ်လုပ်မှုမြင့်မားတဲ့အတွက် ပို့ကုန်ဝယ်လိုအားထက် ကျော်လွန်မှု ဖြစ်တဲ့အတွက် ယခုနှစ် အတွင်း ၉ ရာခိုင်နှုန်းထိ ကျဆင်းထားတဲ့ စားအုန်းဆီဈေးကို ထိခိုက်မှုရှိနိုင်ပါတယ်။ ဇူလိုင်လအတွက် တရားဝင်စာရင်းဇယားနဲ့ ကိန်းဂဏန်းတွေ မလေးရှား စား အုန်းဆီ ဘုတ်အဖွဲ့က သြဂုတ် ၁၄ ရက်မှာ ထုတ်ပြန်ဖို့ရှိပါတယ်။ “ လူတိုင်းက လက်ထဲမှာရှိနေတာတွေကို လျှော့ချဖို့ကြိုးစားနေပါတယ်” လို့ နိုင်ငံခြား အကျိုးဆောင် လုပ်ငန်းတစ်ခုမှာ ဆောင်ရွက်နေတဲ့ ကုန်သည်တစ်ဦးက ပြောပါတယ်။ ဘာဆာ မလေးရှားကုန်စည်ဒိုင်မှာ အောက်တိုဘာလအတွက် ကြိုရောင်း ဈေးက ၂ ရာခိုင်နှုန်းနီးပါးကျဆင်းပြီး၊ တစ်တန်ကို ၂၂၀၁ ရင်းဂစ် (၆၈၀ ဒေါ်လာ) နှုန်းရှိခဲ့ရာ ဇူလိုင် ၃၀ နောက်ပိုင်းအနိမ့်ဆုံးဈေးဖြစ်ပါတယ်။ စုစုပေါင်း ရောင်းချမှုက ပျမ်းမျှရှိတဲ့ ၂၅ တန်ပါ အတွဲ ၁၇၅၀၀ ထက်ကျော်လွန်ပြီး ၂၂၉၈၁ တွဲရှိခဲ့ပါတယ်။ စားအုန်းဆီဈေးက ဇူလိုင် ၂၆ ရက်ကရှိခဲ့တဲ့ အနိမ့်ဆုံးဈေးဖြစ်တဲ့ တစ်တန် ၂၁၃၄ ရင်းဂစ်ကို တစ်ကျော့ ပြန်ရောက်သွားနိုင်တယ်လို့ ရိုက်တာလေ့လာဆန်းစစ် ရေးမှုး ဝန်တာအိုက ပြောပါတယ်။ ဉာဏ်တင်