Main menu

Background

ဘုရင့်နောင်ဈေးကွက်မှာ မတ်ပဲနဲ့ ပဲစင်းငုံနီ အိန္ဒိယအဆွဲပြန်လိုက်လာလို့ ဈေးစွာလာ

Wed, 08/14/2013 - 13:32 -- ydnar

ဘုရင့်နောင်ဈေးကွက်မှာ  ဒီတစ်ပတ်မတ်ပဲ (RC) ကိုဈေးကွက် စဖွင့်ချိန်မှာ အိန္ဒိယဝယ်လက်က တစ်တန်ကို ၄၉၇၀၀၀ ကျပ်ဈေးဖြင့် ဈေးဖွင့်အဝယ်ရှိခဲ့ပြီး နောက်ပိုင်းရက်တွေမှာ တစ်တန်ကို ၄၈၃၅၀၀ ကျပ်ဈေးသို့ ဈေးပြန်ကျခဲ့ပေမယ့် ဈေးကွက်ပိတ်ချိန်မှာတော့ တစ် တန်ကို ၄၉၇၀၀၀ ကျပ်သို့ ဈေးပြန်မြင့်တက်ခဲ့ပြီး တစ်ပတ်အတွင်း တန် ၇၀၀၀ ခန့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရှိရပါတယ်။ ပဲက အရင်အပတ်တွေက အိန္ဒိယအဆွဲတောက်လျှောက်အေးခဲ့လို့ ဈေး ဆက်တိုက်ကျဆင်းခဲ့ပေမယ့် ဒီတစ်ပတ်မှာ အိန္ဒိယဘက်က ဝယ်လို အားပြန်လိုက်လာလို့ တစ်တန်ကို ၂၈၀၀၀ ကျပ်ခန့်ဈေးတက်သွား တယ်လို့ ပဲကုန်သည်တစ်ဦးကဆိုပါတယ်။ ထို့အတူ ပဲစင်းငုံနီ (RC) အနေနဲ့ အရင်အပတ်တွေက အိန္ဒိယလိုင်းအဆွဲအေးလို့ ဈေးတွေကျ ပြီး အရောင်းအဝယ်အေးခဲ့ရာမှ ဒီတစ်ပတ်မှာတော့ အိန္ဒိယအဆွဲအ နည်းငယ်ပြန်လိုက်လာတာကြောင့် တစ်တန်ကို ၂၀၀၀၀ ကျပ်ခန့်ဈေး မြင့်သွားတယ်လို့ ဘုရင့်နောင်အခြေစိုက်ပဲကုန်သည်တစ်ဦးက ဆိုပါ တယ်။ အရောင်းအဝယ်အနေနဲ့ တစ်တန်ကို အနိမ့်ဆုံး ၅၅၁၀၀၀ ကျပ်မှ အမြင့်ဆုံး ၅၆၀၀၀၀ ကျပ်အတွင်း တန် ၈၀၀ ခန့်ဖြစ်ခဲ့ ကြောင်း သိရပါတယ်။