Main menu

Background

မကွေးဈေးကွက်မှာ ပဲစင်းငုံနီဈေးမြင့် ပဲတီစိမ်းဈေးကျကာ နှမ်းမျိုးစုံပုံမှန် အရောင်းအဝယ်ဖြစ်

Wed, 08/14/2013 - 13:32 -- ydnar

မကွေးဈေးကွက်မှာ ဒီတစ်ပတ်ပဲစင်းငုံနီကို အိန္ဒိယအတွက်ဝယ် ယူနေတဲ့ ရန်ကုန်ဝယ်လက် အဝယ်ပြန်လိုက်လာသလို ရောင်းသူကုန် သည်တွေကလည်း တက်ဈေးမှာ အရောင်းများခဲ့တယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်အနေနဲ့ တစ်ပိဿာ ၈၇၀ ကျပ်(တစ်တန်ကို ၅၃၂၇၇၉ ကျပ်)ဈေးနဲ့ တစ်ပတ်အတွင်း အိတ် ၁၅၀၀ ခန့်ဖြစ်ခဲ့ ကြောင်း သိရပါတယ်။ ပဲတီစိမ်းအနေနဲ့ ရန်ကုန်-မန္တလေးဝယ်လက် က အရည်အသွေးပေါ်မူတည်ပြီး တွက်ချက်ဝယ်ယူမှုတွေရှိတာ ကြောင့် ယခင်အပတ်နဲ့စာရင် ဈေးအနည်းငယ်ကျလာပြီး တစ် ပိဿာကို ၁၁၃၂ ကျပ်(တစ်တန်ကို ၆၉၃၂၂၅ ကျပ်)ဈေးနဲ့ တစ်ရက် ကိုအိတ် ၂၀၀ ခန့်သာ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ နှမ်းမျိုးစုံကို မန္တလေး-ရန်ကုန်ဝယ်လက်နဲ့ ဒေသတွင်းဆီစက်တွေက ဝယ်လိုအားပုံမှန်ရှိသလို ရောင်းသူကုန်သည်များကလည်း အဆိုပါ ဈေးနဲ့ အရောင်းပုံမှန်ရှိခဲ့တယ်လို့ သိရပါတယ်။ အရောင်း အဝယ်အ နေနဲ့ နှမ်းဖြူတစ်ပိဿာ ၂၈၀၀ ကျပ်၊ နှမ်းနီတစ်ပိဿာ ၂၁၈၀ ကျပ်၊ နှမ်းနက်စမုံ ၃၀၉၀ ကျပ်၊ နှမ်းညိုကြား တစ်ပိဿာ ၂၀၇၀ ကျပ်ဈေးနဲ့ နှမ်းမျိုးစုံ တစ်ရက်ကိုအိတ် ၂၀၀၀ ခန့်ဖြစ်ခဲ့ကြောင်း သိရပါတယ်။