Main menu

Background

မုံရွာဈေးကွက်မှာ ပဲစင်းငုံနီနဲ့ ကုလားပဲဖြူလုံးကြီ်းဈေးစွာပြီး ပဲတီစိမ်းဈေး အနည်းငယ်ကျ

Wed, 08/14/2013 - 13:48 -- ydnar

မုံရွာဈေးကွက်မှာ ပဲစင်းငုံနီအနေနဲ့ ဒီတစ်ပတ်မှာ ရန်ကုန်အဆွဲ အနည်းငယ်ပြန်လိုက်လာလို့ ယခင်အပတ်နဲ့စာရင် ဈေးအနည်းငယ် မြင့်လာပြီး တစ်ပိဿာကို ၈၈၀ ကျပ်(တစ်တန်ကို ၅၃၈၉၀၃ ကျပ်) ဈေးနဲ့ တစ်ရက်ကိုအိတ် ၅၀၀ ခန့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ကုလားပဲဖြူလုံးကြီးကို မြို့ခံပဲခွဲစက်တွေက ဈေးပေး အဝယ်ရှိသလို ဝယ်အားပါပုံမှန်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးအနည်းငယ်မြင့်လာပြီး တစ်ပိဿာကို ၉၀၀ ကျပ်(တစ်တန်ကို ၅၅၁၁၅၁ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၃၀၀ မှ ၄၀၀ ကြားအ ရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ပဲတီစိမ်းကြီးအနေနဲ့ မုံရွာ အနီးတစ်ဝိုက်ကျေးရွာများမှ ပဲသစ်တွေ နေ့စဉ်ဈေးကွက်သို့ ဝင်ရောက် နေပေမယ့် တရုတ်ဝယ်လက်ဝယ်လိုအားအေးလို့ ယခင်အပတ်နဲ့စာ ရင် ဈေးအနည်းငယ်ကျလာပြီး တစ်ပိဿာကို ၁၁၅၈ ကျပ် (တစ် တန်ကို ၇၀၉၁၄၇ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၈၀၀ မှ ၁၀၀၀ ကြားအရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ပွဲရုံရပ်ကွက်ကဆိုပါတယ်။