Main menu

Background

တောင်ကြီးဈေးကွက်မှာ ရေသွင်းပြောင်းသစ်တွေ ဈေးကွက်ထဲ ဝင်ရောက်လာပေမယ့် လက်ကျန်ပြောင်းသာ အရောင်းအဝယ်ဖြစ်နေ

Wed, 08/14/2013 - 13:50 -- ydnar

တောင်ကြီးဈေးကွက်မှာ ဒီတစ်ပတ်ရေသွင်းပြောင်းသစ်တွေ ဈေးကွက်အဆက်မပြတ် ဝင်ရောက်နေပြီး တစ်ပိဿာကို ၄၂၀ ကျပ်ဈေး နဲ့ဈေးဖွင့်အရောင်းရှိပေမယ့် မိုးအဆက်မပြတ်ရွာသွန်းမှု ကြောင့် အစိုဓါတ်ရှိနေသေးလို့ ဝယ်လက်တွေ အဝယ်တုံ့ဆိုင်းနေ တယ်လို့ ဈေးကွက်အတွင်းမှ သိရပါတယ်။ ဈေးကွက်မှာ အစိုဓါတ်ရှိ သေးတဲ့ ရေသွင်းပြောင်းသစ်တွေ အရောင်းအဝယ်မဖြစ်ဘဲ လက်ကျန် ပြောင်းတွေကိုသာ ရန်ကုန်- မန္တလေးဝယ်လက်နဲ့ ဒေသတွင်းအစာ စပ်တွေက တစ်ပိဿာ ၄၉၀ ကျပ်ဈေးနဲ့ တစ်ပတ်အတွင်း ပိဿာချိန် ၃၆၀၀၀၀ ခန့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း ဒေသခံပြောင်း ကုန် သည်တစ်ဦးက ဆိုပါတယ်။