မန္တလေးဈေးကွက်မှာ ဒီတစ်ပတ် မတ်ပဲနဲ့ ပဲစင်းငုံနီကို ရန်ကုန် ဝယ်လက်နဲ့ ပဲခွဲစက်များ ဝယ်အားပုံမှန်ရှိတာကြောင့် ဈေးအနည်း ငယ်မြင့်လာသလို ကုလားပဲဖြူလုံးကြီးနဲ့ ကုလားပဲ(ထိုင်ဝမ်)ကိုလည်း ပဲခွဲစက်နဲ့ ရန်ကုန်ဝယ်လက်အချို့ဝယ်အားပြန်လိုက်လာလို့ ဈေးမြင့် ခဲ့ကြောင်း၊ ပဲတီစိမ်းအနေနဲ့ တရုတ်အဆွဲအနည်းငယ်လျော့သွားလို့ ဈေးအနည်းငယ်ဆင်းလာကြောင်း ပွဲရုံရပ်ကွက်ကဆိုပါတယ်။ မတ်ပဲ ကိုမြို့ခံပဲခွဲစက်တွေက ဝယ်အားပုံမှန်ရှိတာကြောင့် ယခင်အပတ်နဲ့ စာရင် ဈေးအနည်းငယ်မြင့်လာပြီး တစ်ပိဿာကို ၇၀၀ ကျပ်(တစ် တန်ကို ၄၂၈၆၇၃ ကျပ်ဈေးနဲ့ တစ်ရက်ကိုအိတ် ၅၀၀ ခန့်အရောင်း အဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ပဲစင်းငုံနီအနေနဲ့ အိတ်စပို့အတွက် ဝယ်ယူနေတဲ့ ရန်ကုန်ဝယ်လက် အဝယ်အနည်းငယ်ပြန်လိုက်လာတာ ကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ်ပိဿာကို ၈၅၈ ကျပ်(တစ်တန်ကို ၅၂၅၄၃၀ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၆၀၀ ခန့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း မြို့ခံကုန်သည်တစ်ဦးကဆိုပါ တယ်။ ပဲတီစိမ်းကြီးကို ဒီတစ်ပတ်မှာ တရုတ်ဝယ်လက်က အရည်အ သွေးပေါ်မူတည်ပြီး အဝယ်ရှိသလို ဝယ်လိုအားပါအေးသွားတာ ကြောင့် ယခင်အပတ်နဲ့စာရင် ဈေးအနည်းငယ်ကျလာပြီး တစ်ပိဿာ ကို ၁၃၃၃ ကျပ်(တစ်တန်ကို ၈၁၆၃၁၅ ကျပ်)ဈေးနဲ့ နေ့စဉ်အိတ် ၁၀၀၀ ခန့်သာ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါ တယ်။ ကုလား ပဲဖြူလုံးကြီးနဲ့ ကုလားပဲ(ထိုင်ဝမ်)ကို မြို့ခံပဲခွဲစက်တွေ၊ အမှုန့်ကြိတ်စက်တွေက ဝယ်လိုအားပုံမှန်ရှိပေမယ့် လှောင်လက် ကုန်သည်တွေထံမှာ ပစ္စည်းလက်ကျန်နည်းနေတာကြောင့် ဝယ်သူ ဈေးကွက်မဖြစ်ဘဲ ရောင်းသူဈေးကွက်ဖြစ်နေလို့ ဈေးမြင့်သွားကြောင်း ပဲခွဲစက် လုပ်ငန်းရှင်တစ်ဦးကဆိုပါတယ်။ အရောင်းအဝယ်အနေနဲ့ ကုလားပဲဖြူလုံးကြီး တစ်ပိဿာ ၉၀၀ ကျပ်(တစ်တန်ကို ၅၅၁၁၅၁ ကျပ်) ကုလားပဲ(ထိုင်ဝမ်) တစ်ပိဿာ ၈၈၀ ကျပ် (တစ်တန်ကို ၅၃၈၉၀၃ ကျပ်)ဈေးနဲ့ နှစ်မျိုးပေါင်းတစ်ရက်ကိုအိတ် ၆၀၀ မှ ၈၀၀ ကြားဖြစ်ခဲ့ကြောင်း သိရပါတယ်။
Background