Main menu

Background

နယ်စပ်ဒေသမှ အချိုမှုန့် ပုံမှန်တင်သွင်းလျက်ရှိ

Wed, 08/14/2013 - 14:10 -- ydnar

မြန်မာ-တရုတ်နယ်စပ်များဖြစ်တဲ့ မူဆယ် ၁၀၅ မိုင် နဲ့ ချင်းရွှေဟော်ကူး သန်းရောင်းဝယ်ရေးစခန်းများမှ ၂၀၁၃ ခုနှစ် ဇူလိုင်လ ၃၁ ရက်မှ သြဂုတ်လ ၆ ရက်နေ့ထိကာလအတွင်းမှာ အချိုမှုန့် များပြည်တွင်းဈေးကွက်ထဲကို မူဆယ် နယ်စပ်မှ ၂၆၈ တန်၊ ချင်းရွှေဟော် နယ် စပ်မှ ၂၈၇ တန်ကျော်၊ စုစုပေါင်း ၅၅၅ တန်ကျော်တန်ဖိုးအားဖြင့် ကန်ဒေါ်လာ သုည ဒသမ ၅၅၆ သန်းတင်သွင်းလာ တာ တွေ့ရပါတယ်။

မြန်မာ- ထိုင်းနယ်စပ်ဖြစ်တဲ့ ကော့သောင်းစခန်းကလည်း အချိုမှုန့် ၈ တန် တန်ဖိုးအားဖြင့် ကန်ဒေါ်လာ သုည ဒသမ ၅၆၅ သန်းတင်သွင်းခဲ့ပါ တယ်။ယခင်အပတ်ကမူဆယ်နယ်စပ်မှ အချိုမှုန့်၃၈၅တန်နဲ့ချင်းရွှေဟော်နယ်စပ် မှ အချိုမှုန့် ၄၂၆တန်ကျော် တင်သွင်း မှုရှိခဲ့ပါတယ်။ မူဆယ်နယ်စပ်မှာအချိုမှုန့် ၁ ကီလိုကို မိမိဘက်ဈေး ၁၃၈၂ ကျပ် တစ်ဖက်နိုင်ငံပေါက်ဈေး ၁၃၆၇ ကျပ် ဖြစ်ပြီး ချင်းရွှေဟော်နယ်စပ်မှာ အချိုမှုန့် ၁ ကီလိုကို မိမိဘက်ဈေး ၈၅၀ ကျပ်၊ တစ်ဖက်နိုင်ငံပေါက်ဈေး ၈၄၀ ကျပ်ဈေး ပေါက်လျက်ရှိတယ်လို့ သိရပါတယ်။ အချိုမှုန့်ကို ၁၉၉၉ ခုနှစ် နိုဝင် ဘာ လကစပြီး နယ်စပ်ဒေသများမှာ တင်သွင်းခွင့်မပြုခဲ့သော်လည်း ၂၀၁၁ ခုနှစ် ဒီဇင်ဘာလကစပြီး နယ်စပ်စခန်း များ တင်သွင်းခွင့်အား ဖြေလျော့ခွင့်ပြု ပေးခဲ့တာဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ် မတ်လကစပြီး FDA ရဲ့ ထောက်ခံချက် ပါရှိပါက နှစ်နိုင်ငံငွေကြေး (သို့မဟုတ်) နိုင်ငံတော်မှသုံးစွဲခွင့်ပြုထားတဲ့ ငွေကြေး တစ်ရပ်ရပ်နဲ့ လုပ်ထုံးလုပ်နည်းနဲ့အညီ တင်သွင်းခွင့်ပြုထားတာဖြစ်ပါတယ်။ ရန်ကုန်ညောင်ပင်လေး ဈေးကွက် မှာ ယိုးဒယားမှလာတဲ့အချိုမှုန့် ၂၅၀ ါ  ပါအထုပ်လတ် ၁၀ ထုပ်ပါ ၁ ပါကင် ၆၃၀၀ိ/- ကျပ်ဈေးနဲ့ အထုပ်သေး ၄၀ ထုပ်ပါ ၁ ပါကင် ၅၆၀၀ိ/- ဈေးပေါက် လျက်ရှိပါတယ်။တင်တင်ထွန်းMIRT ( DCCA )