Main menu

Background

ဘင်္ဂလားဒေ့ရှ် ရေချိုငါးပုံမှန်အဝယ်လိုက်

Wed, 08/14/2013 - 14:10 -- ydnar

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ မြန်မာနိုင်ငံမှရေချိုငါးဖြစ်သော ငါးမြစ်ချင်း၊ ငါးခေါင်းပွတို့ကို ပုံမှန်အဝယ်လိုက်လျက် ရှိနေတာကြောင့် ပြီးခဲ့တဲ့ ဇူလိုင်လမှာ ငါးလှေ (၅) စီးဖြင့် ငါးမြစ်ချင်းကီလို ၃၆၄၀၀၀ နဲ့ အမေရိကန် ဒေါ်လာ ၃၆၉၆၀၀ ကျော်လောက်တင်ပို့ခဲ့ပါတယ်။

ရေချိုငါး တင်ပို့သူ ပြောပြချက်အရ တစ်ဖက်က ပုံမှန်အဝယ်လိုက်နေလို့လုပ်ကိုင် ရတာအားရှိ ပေမဲ့ ပြည်တွင်းမှာဝယ်ယူဈေးကလည်း တစ်ရိပ်ရိပ်နဲ့ တက်လာတယ်။ နောက်ပြီးတော့ ပစ္စည်းကပြတ်ပြီး တစ်ခါတစ်ရံ ဝယ်မရတာတောင်ရှိသေး တယ်။ ဒါပေမဲ့ဒေါ်လာဈေးကမာနေတော့ ဘာပဲဖြစ်ဖြစ် အဆင်ပြေနေ တယ်။ ဒီလမှာလဲ အနည်းဆုံးငါးလှေ (၅) စီးလောက်တော့တင်ပို့နိုင်မယ် လို့ဆိုပါတယ်။