Main menu

Background

တရုတ်နယ်စပ်မှရေထွက်ကုန် ကန်ဒေါ်လာ ၂ သန်းကျော်ဖိုးတင်ပို့

Wed, 08/14/2013 - 14:12 -- ydnar

ဇူလိုင်လ ၃၁ ရက်မှ သြဂုတ်လ ၆ ရက်နေ့ထိကာလအတွင်းမှာမြန်မာ-တရုတ်နယ်စပ်မှ ကန်ဒေါ်လာ ၂ ဒသမ ၃၃၆ သန်းတန်ဖိုးရှိ ရေထွက်ကုန် ၇၆၄ တန်ကျော်ကိုတင်ပို့နိုင်ခဲ့ပါတယ်။ မူဆယ် ၁၀၅ မိုင် ကူးသန်းရောင်းဝယ်ရေးဇုန် မှ ကန်ဒေါ်လာ ၁ ဒသမ ၈၃၂ သန်းဖိုး ရှိ ကဏန်း ၂၁၉ တန်ကျော်၊ ငါးရှဉ့် ၃၀၉ တန်ခန့်၊ ရေခဲငါး ၇၅ တန်ကျော်၊ ငါးဆားနယ် ၁၇ တန်ကျော် တင်ပို့ခဲ့ ပါတယ်။

ယခင်အပတ်ကထက် တန် ၂၀၀ ကျော်လျော့နည်းခဲ့ပါတယ်။ ယခုအပတ်မှာ ငါးရှဉ့်၊ ကဏန်း တင်ပို့မှု ပိုမိုသော်လည်း ၊ ယခင်အပတ်က တင်ပို့ ခဲ့တဲ့ ရေခဲငါး၊ ငါးလေးခြောက်၊ ငါးဆား နယ်၊ ပုစွန်ခြောက်တို့ အပို့လျော့ခဲ့လို့ ဖြစ်ပါတယ်။ ချင်းရွှေဟော်ကူးသန်းရောင်း ဝယ်ရေး စခန်းမှ တန်ဖိုးကန်ဒေါ်လာ သုည ဒသမ ၅၀၄ သန်းဖိုးရှိ ငါးရှဉ့် ၁၄၄ တန်ကိုတင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်ကထက် ၃၅ တန်ခန့် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ မြန်မာ-တရုတ်နယ်စပ်ကတင်ပို့တဲ့ ရေထွက်ကုန်အမယ်မများသော်လည်း တန်ဖိုးအားဖြင့် ယခင်အပတ်က ကန် ဒေါ်လာ ၂ ဒသမ ၃၀၄ သန်းသာရရှိ ခဲ့တဲ့အတွက် ယခုအပတ်မှာ အနည်း ငယ်ပိုမိုရခဲ့တာတွေ့ရပါတယ်။ယခု အပတ် ငါးရှဉ့်ဈေးငြိမ်နေသော်လည်း ကဏန်းဈေးပြန်တက်လာတာတွေ့ရ ပါတယ်။ ငါးရှဉ့်ဈေးမှာတစ်တန်ကို ၃၄၁၂၅၀၀ ကျပ်(၂၁၄၂၀ ယွမ်/ ဒေါ်လာ ၃၅၀၀ )ဖြစ်ပြီး ကဏန်းဈေး မှာ တစ်တန်လျှင် ၂၆၃၂၅၀၀ ကျပ်        ( ၁၆၅၂၄ ယွမ်၊ ဒေါ်လာ ၂၇၀၀)ဈေး ပေါက်ကြောင်း မူဆယ် ၁၀၅ မိုင် ကုန် သွယ်ရေးစခန်းမှ သိရှိရပါတယ်။ ယဉ်ယဉ်အေးMIRT ( DCCA )