တမူးနယ်စပ်တွင်ကုန်သွယ်မှုများ မှာ ကုန်ပစ္စည်းချင်းတိုက်ရိုက်ဖလှယ် ရောင်းဝယ်ခြင်း (Barter System) ကို သာဆောင်ရွက်မှုများတဲ့အတွက်မြန်မာ့ ပို့ကုန်လုပ်ငန်းရှင်များအနေနဲ့ ပြန်လည် ရယူလိုသော သွင်းကုန်ပစ္စည်း မရှိက ငွေရရှိရန်အချိန်ကြာမြင့်စွာစောင့်ဆိုင်းရ လေ့ရှိတယ်လို့သိရပါတယ်။
လက်ရှိ ကာလမှာ အိန္ဒိယဘက်မှ ဂျုံစေ့နဲ့စား တော်ပဲကိုသာတန်ဖိုးငွေအဖြစ် ပေးချေ လိုမှုများ၊ အဆိုပါပစ္စည်းများမှာ အိန္ဒိယ ဗဟိုအစိုးရမှ မဏိပူရ ပြည်နယ်အတွက် အထောက်အပံ့ပေးခြင်း (Subsidy) ဖြစ်ပြီးဈေးသက်သာစွာ ရရှိထားခြင်း ဖြစ်ရာငွေကြေးအရင်းအနှီး ထပ်မံမစိုက် ထုတ်ဘဲ မြန်မာဘက်မှကုန်စည်နဲ့ တိုက် ရိုက်ဖလှယ်ယူခြင်းကို ဆောင်ရွက်ပါ တယ်။ ထောက်ပံ့ပစ္စည်းရရှိထားသော ပြည်နယ်သားများကိုငွေကြေးဖြင့် မဝယ်ယူဘဲမြန်မာကုန်စည်နဲ့ပေးချေခြင်း ဖြင့် ကုန်သည်အတွက်အရင်းအနှီးမလို အမြတ်နှစ်ဖက်ခံစားခွင့်ရရှိနေတာလို့ သိရပါတယ်။ ဂျုံစေ့မှာ ပြည်တွင်း ဈေးကွက်မှာ ဝယ်လိုအား အေးနေပြီး စားတော်ပဲကိုနှစ်စဉ်စက်တင်ဘာလမှ ဇန်နဝါရီလထိ ငါးလတာ ကာလ အတွင်းမှာသာတင်သွင်းခွင့် ပြုထား ပါတယ်။ စားတော်ပဲကိုတစ်နှစ်ပတ်လုံး လွတ်လပ်စွာတင်သွင်းခွင့်ရမယ် ဆိုလျှင် သွင်းကုန်တန်ဖိုးတိုးတက်မဲ့အပြင် မိမိ ဘက်မှပို့ကုန်ကွမ်းသီးနဲ့ပဲမျိုးစုံတို့ပိုမို တင်ပို့နိုင်လာမယ်လို့ကုန်သည်အများစု ယူဆနေကြပါတယ်။ကသရ(တမ)ချမ်းမြေ့မောင်