၂၀၁၃ ခုနှစ် ဇူလိုင်လမှာ မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင် ကူးသန်းရောင်းဝယ်ရေးဇုန်မှကန်ဒေါ်လာ သုည ဒသမ ၇၉၄ သန်းတန်ဖိုးရှိတဲ့ ပန်းသီး၊ ပန်းသစ်တော်နဲ့ လိမ္မော်သီး တန်ချိန်ပေါင်း၁၆၇၀ကျော်ကို တင်သွင်း နိုင်ခဲ့တယ်လို့သိရပါတယ်။
ဇွန်လမှာ တန်ချိန် ၉၂၃တန်ကျော်သာ တင်သွင်းခဲ့ တာမို့ ယခုလ ၇၄၇ တန်ကျော် ပိုမို တင်သွင်းနိုင်ခဲ့တာ တွေ့ရပါတယ်။ ကန်ပိုက်တီး စခန်းမှ ကန်ဒေါ်လာ ၁၄၂၂၀ ခန့်တန်ဖိုးရှိတဲ့ ပန်းသီး ၃၆ တန်ကို ဇူလိုင်လမှာတင်သွင်းခဲ့ပါတယ်။ မြဝတီဘက်က သစ်သီးဝလံဝင် ရောက် မှုမှာဇူလိုင်နောက်ဆုံးပတ်ကစပြီးရေကြီး၊ ရေလျှံမှုကြောင့်ဝင်ရောက်မှုပြတ်တောက် သွားလို့ တရုတ်ဘက်က ဝင်ရောက် လာတဲ့ သစ်သီးဝလံအချို့လည်း ဈေး တက် သွားခဲ့တယ်လို့ သိရပါတယ်။ အရင်က စပျစ်သီးတစ်ဖာကို ကျပ် ၂ သောင်းကနေ၂ သောင်းခွဲထိ ဈေးတက် သွားတယ်လို့ သစ်သီးဝလံ လက်လီ ရောင်းချနေသူတစ်ဦးက ပြောပါတယ်။မော်မော်အောင် MIRT(DCCA)