Main menu

Background

မြန်မာ-တရုတ် နယ်စပ်ကူးသန်းရောင်းဝယ်ရေး

Wed, 08/14/2013 - 14:30 -- ydnar

မန္တလေး-လားရှိုး-မူဆယ်မှ တစ် ဆင့်တရုတ်နိုင်ငံကို တင်ပို့နေတဲ့ မြန်မာ့ ပို့ကုန်များထဲတွင်  ၂၀၁၃  ခုနှစ် ဇူလိုင်လအတွင်း ပဲတီစိမ်းနဲ့ပြောင်း အဝင်များနေပါတယ်။ လယ်ယာထွက် ကုန် ဆန်၊ ဆန်ကွဲ၊ ပဲမျိုးစုံ၊ ပြောင်း၊ နှမ်းနဲ့ရေထွက်ကုန် ဂဏန်း၊ ငါးရှဉ့်တို့ နေ့စဉ်အဝင်ရှိပြီး ပြောင်းကနေ့စဉ်ပျမ်း မျှ ကားစီးရေ ၅၀ ဝန်းကျင်နဲ့ ပဲတီစိမ်း ကား ပျမ်းမျှစီးရေ ၃၅ စီးခန့်ရှိ တယ်လို့ သိရပါတယ်။

ဆီထွက်သီးနှံ မြေပဲနဲ့နှမ်း ကတော့ ပုံမှန်တင်ပို့နေရပြီး ပဲတီစိမ်း အပြင် ပဲယင်း၊ ပဲကြီး၊ ပဲလွန်းဖြူ၊ ပဲပုတ် စေ့၊ ထောပတ်ပဲ၊ စွန်တာနီ/ပြာ နဲ့ မတ်ပဲစတဲ့ ပဲမျိုးစုံလည်း တင်ပို့မှု ရှိနေ ပါတယ်။ မြန်မာနိုင်ငံကိုတင်သွင်းတဲ့ တရုတ်ကုန်စည်တွေကတော့ဘိလပ်မြေ၊ ဓာတ်မြေသြဇာ၊ ဆိုင်ကယ်အသစ်၊ သုံးဘီးဆိုင်ကယ်၊စက်ဘီး၊ ဆောက်လုပ် ရေးသုံးပစ္စည်းများ၊ ဓာတုကုန်ကြမ်း၊ ဂျုံမှုန့်၊ နေကြာစေ့၊ အချိုမှုန့်၊ ချည်ထုပ်၊ စာရေးစက္ကူ၊ ဖယောင်းနဲ့လူသုံးအိမ်သုံး ပစ္စည်းအမျိုးမျိုးတို့ပါဝင်ပါတယ်။ရှမ်း ပြည်နယ် (မြောက်ပိုင်း) လားရှိုးမှာ သြဂုတ်လ ၄ရက်နေ့က မိုးသည်း ထန်းစွာ ရွာသွန်းမှုကြောင့် လားရှိုးမြို့ အထွက် (အေတီ) ချောင်း တောင်ကျ ရေများခြင်းကြောင့် အခိုက်အတန့်ကား အသွားအလာခက်ခဲမှုဖြစ်ခဲ့သော်လည်း မန္တလေး-မူဆယ်ကုန်စည်စီးဆင်းမှုမှာ ထိခိုက်မှုမရှိဘူးလို့သိရပါတယ်။ မြန်မာ-တရုတ်နယ်စပ်တွင် ငွေလဲနှုန်း များမှာ မြန်မာ ငွေကျပ် ၁၀၀ ကို တရုတ် ငွေ ၀ ဒသမ ၆၄ ယွမ်၊ ၁ ယွမ်ကိုမြန်မာ ငွေ ၁၅၇ ကျပ်ရှိတယ်လို့ သိရပါတယ်။မော်မော်အောင်MIRT(DCCA)