Main menu

Background

ကိုရီးယားနဲ့ စင်္ကာပူကို ရော်ဘာတန်ချိန် ၄၈၀ ကျော်တင်ပို့

Wed, 08/14/2013 - 15:17 -- ydnar

ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ ဇူလိုင်လ ၂၈ ရက်မှ သြဂုတ်လ ၃ ရက်ထိ ကာလအတွင်းမှာ ရော်ဘာ ၄၈၆ တန်ကျော် ကိုရီးယားနိုင်ငံနဲ့ စင်္ကာပူနိုင်ငံကိုတင်ပို့နိုင်ခဲ့ပါ တယ်။ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၁ ဒသမ ၀၄၇ သန်းဖိုး ရရှိခဲ့ပါတယ်။ ကိုရီးယားနိုင်ငံကို MSR-20 ၂၈၅ တန်ခန့်နဲ့ စင်္ကာပူနိုင်ငံကို MSR-20  ၂၀၂ တန်ခန့်တင်ပို့ခဲ့ပါတယ်။ ယခင်အပတ်က ရော်ဘာတင်ပို့မှုမရှိခဲ့ပါဘူး။ ယမန်နှစ်က ကိုရီးယားနိုင်ငံကို ရော်ဘာအပို့ရှိခဲ့သော်လည်း ယခုနှစ်မှာ ပထမဦးဆုံးအကြိမ်တင်ပို့ခြင်းဖြစ်ပါတယ်။

ရော်ဘာပေါက်ဈေးမှာနိုင်ငံတကာဈေး တစ်တန် လျှင် ဒေါ်လာ ၅၀ ကျော် ထပ်မံကျဆင်းလာကြောင်းနဲ့ FOB ရော်ဘာဈေးမှာ RSS 1 တစ်တန်လျှင်ဒေါ်လာ၂၂၅၀-၂၃၅၀၊ RSS 3 နဲ့  MSR-20  တစ်တန်လျှင် ဒေါ်လာ၂၁၅၀-၂၂၅၀၊RSS 5 နဲ့  MSR-50 တစ်တန်လျှင် ဒေါ်လာ၂၀၅၀-၂၁၅၀ ၊MSR-10   တစ်တန်လျှင် ဒေါ်လာ၂၂၀၀-၂၃၀၀ နဲ့ Creep Rubber   တစ်တန်လျှင်ဒေါ်လာ ၁၉၅၀-၂၀၅၀ ဖြစ်ကြောင်း မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများ အသင်းရဲ့ ထုတ်ပြန်ချက်အရ သိရှိရပါတယ်။ယဉ်ယဉ်အေး MIRT (DCCA)