Main menu

Background

ဥရောပကော်ဖီအဖွဲ့ချုပ်မှ လာမယ့်ကော်ဖီရာသီမှာ အခွန်တိမ်းရှောင်သူများအား စုံစမ်းဖော်ထုတ်ရန်တောင်းဆို

Wed, 08/14/2013 - 15:25 -- ydnar

ဥရောပကော်ဖီအဖွဲ့ချုပ်ရဲ့ကိုယ်စားပြု  (ECF- Europe Coffee Federation)မှာပါဝင်တဲ့ Volcafe Ltd ၊ Lovis Dreyfus Commodities Suisse SA  ကုမ္ပဏီများကဗီယက်နမ်နိုင်ငံမှတာဝန် ရှိသူများအား လာမဲ့ကော်ဖီရာသီမတိုင်မီ အခွန် တိမ်းရှောင်နေသူများအား စုံစမ်းဖော်ထုတ်ပေးရန် တောင်းဆိုလျက်ရှိပါတယ်။

နယ်သာလန်အခြေစိုက် Rijswijk အဖွဲ့က ဇူလိုင်လ ၂၆ ရက်နေ့က ဗီယက်နမ်ဝန်ကြီးရုံး ဘဏ္ဍာရေးဝန်ကြီး ဌာနစိုက်ပျိုးရေးနှင့်နယ်စပ်ဒေသ ဖွံ့ဖြိုးရေးဌာနအပါအဝင်တာဝန်ရှိသူများထံ စာရေး ထားပြီးဖြစ်ကြောင်း ဥရောပကော်ဖီဖက်ထရေးရှင်း အထွေထွေအတွင်းရေးမှူး Roel Vaessen   က မီဒီယာများနဲ့ တွေ့ဆုံရာ မှာ ပြောကြားခဲ့တာဖြစ် ပါတယ်။ တန်ဖိုးမြှင့်ခွန် ရှောင်တိမ်းခြင်းဟာ ဈေးကွက် တည်တံ့ရေးနဲ့ မျိုးမှန်ကန်မှုရှိကြောင်း အထောက်အထားကို ထိခိုက်စေတယ်လို့လည်း Roel Vaessen ကပြောပါတယ်။ ယခုကဲ့သို့ လုပ်ဆောင်ရခြင်းမှာ အလေ့ အကျင့်များရရှိစေရန် ကြိုတင်အသိပေးထား ရခြင်းဖြစ်တယ်။ ဗီယက်နမ်နိုင်ငံရဲ့ တုံ့ပြန်ချက်ကို စောင့်ကြည့်ရမယ်လို့ ECFအထွေထွေအတွင်းရေး မှူးကပြောပါတယ်။ ဥပဒေချိုးဖောက်သူများဟာ တန်ဖိုးမြှင့်ခွန် ( Value Added Tax) ခံစားခွင့် ရရှိစေနိုင်ရန်အတွက် ပြေစာများကို ဝယ်ခြင်း ရောင်းခြင်းများလုပ်ဆောင်နေကြပြီး ဦးရေဟာတိုး လာနေတယ်လို့ ဘဏ္ဍာရေးဝန်ကြီးဌာနက ၎င်းတို့ ဝန်ကြီးဌာနရဲ့ ဝက်ဘ်ဆိုက်မှာ ဇူလိုင်လ ၁၅ ရက်နေ့ကတင်ထားပါတယ်။ အချို့ကုမ္ပဏီများဟာ အခွန်တိမ်းရှောင်ခြင်းကြောင့် ဥပဒေနဲ့အညီဝယ်ယူ နေသောသူများအနေနဲ့ ဈေးကွက်မှာ ယှဉ်ပြို င်နိုင် ခြင်းမရှိဘဲ ဖြစ်နေရတယ်လို့ပြည်တွင်းအခွန်ဌာန ကလည်း ၎င်းရဲ့ဝက်ဘ်ဆိုက်မှာဇွန်လ ၁၉ ရက်နေ့ က တင်ထားခဲ့ပါတယ်။ Dak Lak  ဟာ ကမ္ဘာမှာ Espresso ကော်ဖီထုတ်လုပ်ရာမှာ အသုံးပြုတဲ့ Robusta အများဆုံးစိုက်ပျိုးတဲ့ နေရာဖြစ်ပါတယ်။CMK