Main menu

Background

ကားဈေးတန်းအနည်းငယ် မြှင့်ခေါ်လာသော်လည်း အရောင်းအဝယ်အေးနေ

Wed, 08/14/2013 - 15:29 -- ydnar

ရန်ကုန်မြို့တွင်းယာဉ်ရောင်းဝယ် ရေးစခန်းများနှင့် အထင်ကရနေရာများ တွင် ယခုရက်ပိုင်းအတွင်း ယာဉ်ရပ်နား မှုကန့်သတ်ချက်များရှိလာသဖြင့် ယာဉ် ရပ်နားမှုကျဲသွားသလို လူဝင်ကျဲပါးလာ ကြောင်း သိရသည်။

ကားပွဲစားတန်းများနှင့် ကား အရောင်းစင်တာများတွင်ပါ ယခုရက် ပိုင်းကားအရောင်းအဝယ် နည်းပါးနေ ကြောင်း၊ ရောင်းရသည့်ကားများမှာ လည်း ရန်ကုန်တိုင်းဒေသကြီးသုံး တက္က စီအငှားယာဉ်များနှင့် ၁၃၅၀ စီစီ အောက်ကားငယ်များသာဖြစ်ကြောင်း သိရသည်။ အင်ဂျင်ပါဝါကြီးကားများ မှာ အဝယ်နည်းနေပြီး အထူးသဖြင့် နယ်ဝယ်လက်ရှားပါးနေကြောင်း စလစ် ဈေးတန်းမှာလည်းအမည်ပေါက်၊ကျပ်၁၀၅ သိန်းဖြစ်နေပြီး ၎င်းအောက်ပြန်မကျ သေးသဖြင့် စလစ်ကပ်ဝယ်ယူရသည့် ကားများအဝယ်ရှားလာကြောင်း၊ မြို့ တွင်းသုံးရန် ဝယ်ယူသူများ ကလည်း ကားအရောင်းစင်တာများရှိ ဂရိတ် မြင့်တန်ဖိုးကြီးဥရောပထုတ်ကားများ ပြောင်းလဲဝယ်ယူမှုရှိလာကြကြောင်း ဝါရင့်ကားအကျိုးဆောင်ကိုမြင့်ကျော် မှ ပြောသည်။ ရန်ကုန်မြို့တွင်းရှိကားအရောင်း စင်တာများနှင့် သီရိမင်္ဂလာဈေးဟောင်း နှင့် မင်းရဲကျော်စွာဝိုင်းအသီးသီးတွင် ဇူလိုင်လလယ်ခန့်က ၁၃၅၀ စီစီ အောက်ကားလေးများ၊ လူတစ်ဦးချင်းစီ တင်သွင်းခွင့် (ဖရီးပါမစ်) ခေတ္တရပ်နား မည်ဆိုသည့်အကြားသတင်းကောလာ ဟလသတင်းများ ထွက်ပေါ်လာပြီး ကားလေးများဈေးအသာဖြင့် အနည်း ငယ်ရောင်းချရသော်လည်း သြဂုတ်လ ဆန်းပိုင်းတွင် ကြားသိရသောသတင်း အရ တရားဝင်ဖွင့်လှစ်ခွင့်ပေးထားသော ကားအရောင်းစင်တာတစ်ရာကျော်အနက် မှ သတ်မှတ်ချက်များ ကိုက်ညီသော ကားအရောင်းစင်တာများမှ  စ၍ အများ ပြည်သူလွယ်လင့်တကူရွေးချယ် ဝယ်ယူ စီးနင်းနိုင်ရန် ၁၃၅၀ စီစီ နှင့် အောက်ကားငယ်များအား လွတ်လပ် စွာဝယ်ယူနိုင်ရန်ရောင်းချပေးသွားမည် ဖြစ်ကြောင်း၊ အများပြည်သူ တစ်ဦးချင်း စီလည်းဆက်လက်၍လွတ်လပ်စွာ တင် သွင်း စီးနင်းခွင့်ရှိကြောင်း သိရှိလာရ သဖြင့်ဈေးတန်းများ တည်ငြိမ်လာကာ အရောင်းအဝယ်ပြန် လည်ကောင်းမွန် လာနိုင်ကြောင်း ၎င်းမှ ပြောသည်။ မြို့တွင်းပြေးဆွဲနေသောတက္ကစီ များတွင် အကြမ်းခံသော ကိုရိုလာဗင်၊ ပရိုဘောက်ဗင်များသာ ထိပ်ဆုံးမှာရှိနေ ပြီး ယခုအခါတိုင်းဒေသကြီးနှင့် ပြည် နယ် အမှတ်တံဆိပ်များ ခွဲခြားတပ်ဆင် လာသဖြင့်ရန်ကုန်တက္ကစီများမှာအနည်း ငယ်ရှားပါးလာပြီးဈေးတန်းမှာကျပ်၅သိန်း၊ ၈ သိန်းခန့်မြင့်တက်လာကြောင်း၊ သို့ရာ တွင်ကားကောင်းမှသာရောင်းချရကြောင်း သိရသည်။SN