Main menu

Background

ကုန်သွယ်မှု မြှင့်တင်ရေးအတွက်ကုန်စည်ဒိုင်များနှင့်တွေ့ဆုံဆွေးနွေး

Thu, 08/22/2013 - 11:27 -- ydnar

ကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးတိုးအောင်မြင့် နှင့် တာဝန်ရှိသူများသည် ၂၀၁၃ ခုနှစ်၊ သြဂုတ်လ ၁၂ ရက်နှင့် ၁၃ ရက်နေ့ များတွင် မကွေးတိုင်းဒေသကြီးရှိ မကွေး ကုန်စည်ဒိုင်၊ ရေနံချောင်းကုန်စည်ဒိုင်၊ ပခုက္ကူကုန်စည်ဒိုင်နှင့် မန္တလေးတိုင်း ဒေသကြီး မြင်းခြံကုန်စည်ဒိုင်များသို့ သွားရောက်ပြီး နိုင်ငံတကာကုန်သွယ်မှု အခြေအနေများ၊

မြန်မာ့ပို့ကုန်များ အပေါ် ကုန်သွယ်မှုအထူးအခွင့်အရေး ပေးစနစ် (GSP) အရ အခွင့်အရေးရရှိ နိုင်မည့် အလားအလာများနှင့် ပြည်တွင်းကုန်စည်ဈေးကွက်ဈေးနှုန်း အခြေအနေများနှင့်ပတ်သက်၍ နယ် များရှိ ကုန်စည်ဒိုင်တာဝန်ရှိသူများ၊ ဒေသခံကုန်သည်ပွဲစားများသိရှိနိုင်ရန် တွေ့ဆုံဆွေးနွေးပွဲများ ကျင်းပပြုလုပ်ခဲ့ ပါသည်။ ညွှန်ကြားရေးမှူးချုပ်မှ ဒေသ တွင်းစပါး၊ ဆန်လက်ကျန်အခြေအနေ များ၊ မိုးသီးနှံများစိုက်ပျိုးထွက်ရှိမှု အပေါ် ပြည်ပတင်ပို့နိုင်မည့် အလား အလာများကိုလည်းကောင်း၊ ကုန်စည် ဒိုင်များတွင် စည်းစနစ်တကျမှန်မှန် ကန်ကန်ရောင်းဝယ်ရန်လိုအပ်သည့် အခြေအနေများကိုလည်းကောင်း ကုန်သွယ်မှုအထူးအခွင့်အရေးပေး စနစ် (GSP) အရ မြန်မာ့ပို့ကုန်လုပ်ငန်းရှင် များ ရရှိနိုင်မည့်အခွင့်အလမ်းများနှင့် ဥရောပနိုင်ငံဈေးကွက်များသို့ တင်ပို့ပါ က ရရှိနိုင်သည့် အခွင့်အရေးများကို လည်းကောင်း ရင်းနှီးစွာဆွေးနွေးခဲ့ပါ သည်။ ထို့နောက် ကုန်စည်ဒိုင်တာဝန် ရှိသူများနှင့် ဒေသခံကုန်သည်လုပ်ငန်း ရှင်များ၊ ဌာနဆိုင်ရာများအပိုင်းမှ ဆောင်ရွက်ပေးရန် လိုအပ်ချက်များနှင့် သိရှိလိုသည်များကို ညွှန်ကြားရေးမှူး ချုပ်နှင့် တာဝန်ရှိသူများက ပြန်လည် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိ ပါသည်။                   UML