Main menu

Background

အာဟာရဓာတ် စီမံခန့်ခွဲမည်ဆိုလျှင်

Thu, 08/22/2013 - 11:58 -- ydnar

မည်သူတွေ မည်သို့ပြောပြော၊ မည်သို့ပင် ဆိုစေ...နှေးသည်ပဲပြောပြော၊မြန်သည်ပဲ ဖြစ်ဖြစ်. . . တောင်သူလယ်သမားတို့၏ လယ်ယာလုပ်ငန်းခွင်တွင် နည်းပညာအပေါ် စိတ်ဝင်တစားရှိလာမှုများမှာတိုးတက်သည်ကတော့ အမှန်ပဲဖြစ်ပါသည်။

စိုက်ပျိုးရေးကဏ္ဍတွင် မြေသြဇာများအသုံးပြုကြရန်စည်းရုံးမိတ်ဆက်ကြစဉ် ကမြေပျက်မှာစိုးလို့ဟူသော အကြောင်းပြချက်ဖြင့် အိမ်လှေခါးထစ်မှာပုံထားခဲ့ကြသောတောင်သူများ သည်. . .မြေသြဇာကိုအငမ်းမရ ဝယ်ယူအသုံး ပြုသောခေတ်ကိုကျော်ဖြတ်၍ မိမိမြေကိုဓာတ်ခွဲ စစ်ဆေးပြီးလိုအပ်သည့်ပမာဏကို တွက်ချက် ထည့်သွင်းလိုသည့် တောင်းဆိုဆန္ဒပြုမှု များသည် မြေသြဇာနှင့်ပတ်သက်၍ တောင်သူတို့၏ အသိ ဉာဏ် (Farmer awareness သို့မဟုတ် Fertilizer knowledge) တိုးတက်မှု၏ မှတ်တိုင် (Mile stone) ပင်ဖြစ်သည်။ အနှီတောင်သူတို့၏ လိုအင်ဆန္ဒဖြည့်ဆည်း နိုင်ရန်တိုင်းပြည်နယ် အသီး သီးရှိ အစိုးရတို့က သက်ဆိုင်ရာဒေသအလိုက် မြေ ဆီလွှာဓာတ်ခွဲခန်းများထူထောင်ရန် ကြိုးပမ်းလာ ကြသည်။ ထိုအသီးသီး ထူထောင်အကောင်ထည် ဖော်ကြမည့် မြေဆီလွှာဓာတ်ခွဲခန်းအသီးသီးမှ ရရှိ လာမည့်အဖြေပေါ်မူတည်၍လိုအပ်သောစီမံခန့်ခွဲမှု ပြုလုပ်ရာတွင်မြေဆီလွှာနှင့်မြေသြဇာတို့၏သဘော သဘာဝကိုလည်း ကြိုတင်သိထားရန် လိုအပ်မည် ဖြစ်ပါသည်။ မြေဆီလွှာတစ်ခု၏ ရှိရင်းစွဲအာဟာရကို ဆုံးရှုံးမှု မရှိ ထိန်းသိမ်းလျက် သင့်တင့်လျောက်ပတ် သော အထွက်ကို ထုတ်လုပ်ခြင်းတွင် မြေဆီလွှာ စစ်ဆေးခြင်းသည် အရေးပါသောလက်နက် တစ်ခု ဖြစ်ပါသည်။ မြေဆီလွှာပညာရှင် ဝီလ်ဆန်ကကျွနု်ပ် တို့၏မြေသားသည် လူ၊ သတ္တဝါနှင့် အပင်တို့ အပါအဝင် သက်ရှိတို့၏ လိုအင်ဟူသမျှကို ထုတ် လုပ်ပေးနေသော စက်ရုံကြီးတစ်ခုဖြစ်သည်ဟုဆို ပါသည်။ သို့သော်မြေဆီလွှာတို့၏အာဟာရ ထိန်းထား နိုင်မှုမှာ သီးနှံအထွက်နှုန်းအတွက် လိုအပ်သည့် ပမာဏကို ချိန်သားကိုက်ပေးနိုင်ရန်မူ အချိန်တိုင်း အတွက် အာမခံချက်ရှိမည်မဟုတ်ပါ။ မြေယာစီမံ ခန့်ခွဲမှု၊ အလှည့်ကျစိုက်ပျိုးသောသီးနှံအမျိုးအစား၊ ထွန်ယက်ပြုပြင်မှု၊ သီးနှံမျိုးပြားကွာဟမှု၊ ပိုးမွှား ရောဂါစနစ်တကျကာကွယ်နှိမ်နင်းမှုနှင့် ရေစီမံခန့် ခွဲမှုနည်းပညာများမှာ မြေဆီလွှာတစ်ခု၏ အာဟာ ရအဆင့်အတန်းကို ပြဌာန်းနေသော အချက်များ ဖြစ်ကြပါသည်။ သို့ဖြစ်၍ နည်းစနစ်မှန် စိုက်ပျိုး ခြင်းတွင် မြေဆီလွှာစစ်ဆေးခြင်းသည် ရံဖန် ရံခါပြု လုပ်ရမည့် လုပ်ငန်းမျိုးမဟုတ်ဘဲ သီးနှံရာသီတစ်ခု အစပျိုးတိုင်း ဆောင်ရွက် ရမည့် လုပ်ငန်းစဉ် ဖြစ်ပါသည်။ စိုက်ပျိုး ထုတ်လုပ်မှု တိုးမြှင့်ရေး အတွက် အထူးအထွက်ကောင်းမျိုးများ စိုက်ပျိုးလာခြင်း၊ သီးထပ်စွမ်းအားမြှင့်တင်လာခြင်းစသည့် အခြေ အနေမျိုးတွင် မြေမှအာဟာရနုတ်သိမ်းမှု (Up Take) ပိုမိုများပြားလာသောကြောင့် မြေဆီလွှာ စစ်ဆေးခြင်းနှင့် အာဟာရ စီမံခန့်ခွဲမှု နည်းပညာ မှာ ပိုမိုအရေးပါလာသောလုပ်ငန်းစဉ်ဖြစ်ပါသည်။ မြေဆီလွှာတစ်ခုရှိ အာဟာရများကို တွက်စစ်ရာ တွင် အောက်ပါညီမျှခြင်းကို ဦးစွာဆင်ခြင်စဉ်းစား ရန် ဖြစ်ပါသည်- B= M+A+W+N2-C-Ps-G B=အာဟာရရှင်းတမ်း(မြေဆီလွှာရှိ အာဟာရ ပမာဏ) A=လေထုမှရသောအာဟာရပမာဏ W=သွင်းရေမှရသောပမာဏ N2=သက်ရှိတို့၏စုပ်ယူရရှိမှု ပမာဏ C=သီးနှံပင်မှနုတ်သိမ်းမှုပမာဏ Ps=စီးဆင်းစိမ့်ဝင်ပျောက်ဆုံး သောပမာဏ G=အငွေ့ပျံပျောက်ဆုံးသော ပမာဏ ဤညီမျှခြင်းသည် အာဟာရစီမံ ခန့်ခွဲမှု နည်းပညာ၏ အခြေခံအုတ်မြစ်ဖြစ်ရာ မြေဆီလွှာ ပညာရှင်တို့သိထား အပ်သည့် အခြေခံနည်းပညာ (Basic knowledge)  လည်း ဖြစ်ပါသည်။ ဆိုလို သည်မှာ အပင်အာဟာရတို့သည် သီးနှံရာသီ အတွင်း သဘာဝအရင်းအမြစ်များဖြစ်သည့် ရေထု၊ လေထုတို့ မှ အသွင်ပြောင်းရောက်ရှိလာ သည်မျိုး ရှိသကဲ့သို့ ရေထု၊ လေထုထဲသို့လွင့်မျော ပျောက် ဆုံးသွားသည်များလည်းရှိ နိုင်သည်ဟုပင်။ သီးနှံရာသီအတွင်းရနိုင်သော  အာဟာရရာနှုန်းစဉ်    အရင်းအမြစ်          နိုက်ထရိုဂျင်     ဖော့စဖရပ်    ပိုတက်စီယမ်၁    မြေဆီလွှာ                  ၄၀                 ၄၀             ၄၀ (Available form)၂    တိရစ္ဆာန်အညစ်ကြေး    ၃၀                  ၃၀             ၅၀ (Total Percent)၃    ဓာတ်မြေသြဇာ            ၆၀                 ၃၀              ၅၀ (Available form) ထို့ပြင် မြေမှအာဟာရစုပ်ယူမှုသည် သီးနှံ မျိုးပြားတစ်ခုနှင့်တစ်ခု မတူ ကွဲပြားလေ့ရှိရာ မိမိ သီးနှံ၏အာဟာရနုတ်သိမ်းမှုပေါ်မူတည်၍ထည့်သွင်း ရ မည့် အာဟာရကို သင့်လျော်အောင် စီမံခန့်ခွဲနိုင် ရမည်ဖြစ်လေသည်။ သို့ဖြစ်၍ မိမိစိုက်ပျိုးလိုသော သီးနှံ၏ အာဟာရ နုတ်ယူမှုပမာဏ (Nutrient up Take) ကို မသိပါဘဲလျက်အာဟာရ စီမံခန့်ခွဲမှု ကို မည်သို့မှ ဆောင်ရွက်နိုင်မည် မဟုတ်ပါချေ။ သို့ပါသော်လည်း သီးနှံပင်နုတ်ယူသော  (Up Take) အာဟာရတန်ဖိုးနှင့် မြေဆီလွှာဓာတ်ခွဲ အဖြေကို သိရှိရုံ (ယင်းတို့ကို ခြားနား စေလျက် လိုအပ်သောအာဟာရကိုထည့်သွင်းပေးရုံ) မျှသာ ဟု ယူဆ၍လည်း မဖြစ်နိုင်သေး၊ အာဟာရ စီမံ ခန့်ခွဲမှု နည်းပညာဟူသည် ဤမျှရိုးစင်း လွယ်ကူ ရှင်းလင်းသည်တော့မဟုတ်၊ အာဟာရတို့၏ သီးနှံ ရာသီအတွင်း အပင်မှရရှိနိုင်မှုသည် မြေဆီလွှာ၏ ဂုဏ်သတ္တိများအပေါ်တွင်တစ်ပိုင်းတစ်စမူတည်နေ သကဲ့သို့ ထည့်သွင်းသော မြေသြဇာတို့၏ သဘော သဘာဝ၊ အခြေခံထုတ်လုပ်သည့် နည်းပညာ၊ အသုံးပြုသော အရင်းအမြစ် (Source)  တို့နှင့် လည်း ဆက်နွှယ်ပတ်သက်နေရာ မြေသြဇာတို့၏ သဘာဝကိုလည်းသိထားရန်လိုအပ်ပေသည်။ထို့ပြင်ထည့်သွင်းသောမြေသြဇာများမှာ ထည့်သွင်း သလောက် သီးနှံပင်ကရရှိ သည်မဟုတ်၊ ဆုံးရှုံး ခြင်း (Losses) မြေမှထိန်းချုပ်ခြင်း၊ (Retain/fix) တို့ ရှိနေရာ ဤအချက်ကိုချန်လှပ်စဉ်းစား၍လည်း မရနိုင်ပြန်ပေ။ မြေဆီလွှာဓာတ်ခွဲစစ်ဆေးတွေ့ရှိ ချက်မှရရှိ သောအာဟာရပမာဏများသည်လည်းသီးနှံရာသီ အတွင်း အကုန်အစင်ရနိုင်သည်မဟုတ်ဘဲ ရာနှုန်း အချို့သာပေးစွမ်းနိုင်မည်ဖြစ်လေသည်။ သီးနှံရာသီ အတွင်း အပင်မှရရှိနိုင်သော အာဟာရများသည် ယင်းတို့၏ သက်ဆိုင်ရာအရင်းအမြစ်အရ ကွာခြား နိုင်မှုကို အောက်ပါအတိုင်းလေ့လာ တွေ့ရှိ နိုင်မည် ဖြစ်ပါသည်- ဤနည်းဖြင့် မြေဆီလွှာမှ သီးနှံရာသီအတွင်း ရနိုင်မည့်အာဟာရ၊ သီးနှံပင်မှ ထုတ်ယူမည့် ပမာဏ၊ထည့်သွင်းသောသဘာဝနှင့်ဓာတ်မြေသြဇာ တို့မှ ရာသီချိန်အမီ ပေးနိုင်မည့် အာဟာရ ပမာဏ တို့ကို ခြုံငုံသုံးသပ်စိစစ်ခြင်း (ရှုထောင့်ပေါင်းစုံမှ စဉ်းစားတွက်ချက်ခြင်း) ဖြင့်သာလျှင် လက်တွေ့ နယ်ပယ် အတွက် အမှန်အသုံးဝင်သော အသင့် လျော်ဆုံးသော ထုတ်လုပ်မှုဆီ ရောက်ရှိနိုင်မည့် အာဟာရစီမံခန့်ခွဲမှု နည်းပညာ ဖြစ်လာမည် ဖြစ်ပါကြောင်း။Reff: Lamotte soil hand book