Main menu

Background

မြန်မာ့ကုန်သွယ်ဖက်နိုင်ငံများရဲ့ ငွေကြေး ရက်သတ္တပတ်

Thu, 08/22/2013 - 12:00 -- ydnar

ကမ္ဘာ့ အကြီးမားဆုံး ဖြစ်တဲ့ အမေရိကန်စီးပွားရေး တိုးတက်ကောင်း မွန်လာတဲ့အတွက် အမေရိကန်ပြည် ထောင်စုက ငွေကြေးတွန်းအားပေးမူဝါ ဒတွေကို ပြန်လည်ရုပ်သိမ်းတော့မယ် ဆိုတဲ့ ယုံကြည်ချက်တွေ တစ်စစတိုးပွား လာပါတယ်။ ဒါကြောင့် အာရှဒေသက ငွေကြေးတွေထဲမှာ အိန္ဒိယရူပီးနဲ့ အင်ဒိုနီးရှားတို့က ဦးဆောင်ပြီး ရက် သတ္တပတ်တွင်း တန်ဖိုး ကျဆင်းမှုတွေ ရှိလာပါတယ်။

အင်ဒိုနီးရှားရဲ့ငွေကြေး က ၂၀၀၉ ခုနှစ်နောက်ပိုင်း အနိမ့်ဆုံးကို ရောက်ခဲ့ပြီး အိန္ဒိယရဲ့ပြည်ပငွေပေးငွေ ယူရှင်းတမ်းလိုငွေကြီးမားမှုကြောင့် ရူပီး တန်ဖိုးက စံချိန်တင်လောက်အောင်ကျ ဆင်းခဲ့ပါတယ်။ “ဗဟိုဘဏ်တွေ အထူးသဖြင့် အင်ဒိုနီးရှားနဲ့ အိန္ဒိယဗဟိုဘဏ်တွေက အစမ်းသပ်ခံနေရပါတယ်။ သူတို့ဘဏ် တွေမှာ သူတို့ငွေကြေးကို ကျားကန်ပေး နိုင်လောက်အောင် အရန်ငွေကြေးမရှိ ဘူးလို့ လူတွေကယုံကြည်နေပါတယ်” လို့ စင်ကာပူရှိ Commonwealth Bank of Australia (CBA) မှ နိုင်ငံ ခြားငွေမဟာဗျူဟာမှူးအင်ဒီဂျီက ပြော ပါတယ်။ ဘလွမ်းဘတ်က စစ်တမ်းကောက် ယူခဲ့တဲ့ စီးပွားရေးပညာရှင်များအနက် ၆၅ ရာခိုင်နှုန်းကတော့ အမေရိကန် ဗဟိုဘဏ်က လစဉ်ဝယ်ယူနေတဲ့ ဘွန်း စာချုပ်တန်ဖိုးဒေါ်လာ ၈၅ ဘီလီယံကို စက်တင်ဘာမှာ လျှော့ချလိမ့်မယ်လို့ ခန့်မှန်းကြပါတယ်။ ဒီအစီအစဉ်က ဒေါ်လာရောင်းလိုအားကို တိုးမြှင့်ပေး ပြီး ထွန်းသစ်စ ဈေးကွက်တွေထဲက ငွေကြေးစာချုပ်စာတမ်းတွေရဲ့ ဝယ်လို အားကို မြှင့်တင်ပေးပါတယ်။တရုတ်ယွမ် တရုတ်နိုင်ငံရဲ့ စီးပွားရေးကတည် ငြိမ်လာပြီဆိုတဲ့ မျှော်လင့်ချက်တွေတိုး တက်လာတဲ့အတွက် တရုတ်ယွမ်ငွေ ကြေးရဲ့တန်ဖိုးက ဒေါ်လာနဲ့ဖလှယ်ရာ မှာ သြဂုတ် ၁၆ ရက်က စံချိန်တင်မြင့် တက်ခဲ့ပါတယ်။ ကော်ပိုရေးရှင်းတွေရဲ့ ဝယ်လိုအား မြင့်တက်မှုနဲ့ ဒေါ်လာ တန်ဖိုး အားနည်းကျဆင်းမှုတို့ကြောင့် စောစောပိုင်းဈေးကွက်မှာ ယွမ်ငွေတန် ဖိုးက သုည ဒသမ ၀၆ ရာခိုင်နှုန်းမြင့် တက်ပြီး တစ်ဒေါ်လာကို ၆ ဒသမ ၁၀၉၀ ယွမ်နှုန်းရှိခဲ့ပါတယ်။ ဂရင်းနစ်စံ တော်ချိန် ၀၆း၀၅ နာရီမှာ ယွမ်ငွေ တန်ဖိုးက တစ်ဒေါ်လာကို ၆ ဒသမ ၁၁၁၄ ယွမ်နှုန်းရှိခဲ့ပါတယ်။အိန္ဒိယရူပီး ရှယ်ယာဈေးတွေ ထိုးကျတဲ့ အတွက် ဘဏ်တွေနဲ့သွင်းကုန်လုပ်ငန်း ရှင်တွေက အမေရိကန်ဒေါ်လာဝယ်လို အားကောင်းခဲ့တဲ့အတွက် သြဂုတ် ၁၆ ရက် မနက်ပိုင်းဈေးကွက်မှာ ရူပီးတန်ဖိုး က စံချိန်တင် ကျဆင်းခဲ့ပြီး တစ် ဒေါ်လာကို ၆၂ ရူပီးနှုန်းထိရောက်ခဲ့ပါ တယ်။ ဘဏ်အချင်းချင်း နိုင်ငံခြားငွေ ရောင်းဝယ်တဲ့ဈေးကွက်မှာ မူလက တစ်ဒေါ်လာကို ၆၁ ဒသမ ၄၃ ရူပီး ရှိခဲ့ရာမှ တစ်ဒေါ်လာကို ၆၃ ဒသမ ၃၅ ရူပီးနှုန်းထိ ဖြစ်ခဲ့ပါတယ်။ အိန္ဒိယ နိုင်ငံရဲ့ နိုင်ငံခြား အရန်ငွေက ၇ ရာခိုင် နှုန်း ကျဆင်းပြီးဒေါ်လာ ၂၇ ဒသမ ၇ ဘီလီယံရှိခဲ့ပါတယ်။ ရူပီးတန်ဖိုးက ယခု နှစ်ထဲမှာ ၁၁ ရာခိုင်နှုန်း ကျဆင်းပါ တယ်။ဂျပန်ယန်း အမေရိကန်အလုပ်အကိုင်ရရှိမှု အခြေအနေကောင်းလာပြီဆိုတဲ့သဘော ကို ပြသနေတဲ့အထိ အမေရိကန်ရဲ့ အလုပ်လက်မဲ့ ခံစားခွင့်တောင်းဆိုမှု ကျဆင်း ကောင်းမွန်လာခဲ့ပေမဲ့ သြဂုတ် ၁၅ ရက် နေ့က ယူရိုနဲ့ဖလှယ်ရာမှာ ဒေါ်လာ တန်ဖိုးကျဆင်းခဲ့ပါတယ်။ ငွေ ကြေးဖောင်းပွမှုနှုန်းကျဆင်းမှုက အလုပ် လက်မဲ့ ခံစားခွင့် တောင်းဆိုမှုကောင်း လာတာကို ကျော်လွှားသွားတဲ့အတွက် ဒေါ်လာ တန်ဖိုးပြန်ကျခဲ့တာဖြစ်ပါ တယ်။ ယူရိုတန်ဖိုးက ဒေါ်လာနဲ့ဖလှယ် ရာမှာ သြဂုတ် ၁၄ ရက်က တစ်ယူရိုကို ၁ ဒသမ ၃၂၅၅ ဒေါ်လာရှိရာမှ သြဂုတ် ၁၅ ရက် ဂရင်းနစ်စံတော်ချိန် ၂၁ း ၀၀ နာရီမှာ တစ်ယူရိုကို ၁ ဒသမ ၃၃၄၆ ဒေါ်လာနှုန်းကို ရောက်ရှိခဲ့ပါ တယ်။ ယန်းငွေကြေးက ဒေါ်လာနဲ့ ဖလှယ်ရာမှာ ၉၈ ဒသမ ၁၄ ယန်းမှ ၉၇ ဒသမ ၃၆ ယန်းသို့လည်းကောင်း၊ ယူရိုနဲ့ ဖလှယ်ရာမှာ ၁၃၀ ဒသမ ၀၈ ယန်းမှ ၁၂၉ ဒသမ ၉၆ ယန်းသို့ လည်းကောင်း ရောက်ရှိခဲ့ပါတယ်။မလေးရှားရင်းဂစ် အမေရိကန်ပြည်ထောင်စုက ထုတ်ပြန်တဲ့ စီးပွားရေး ကိန်းဂဏန်း အချက်အလက်တွေက အတက်အကျ အမျိုးမျိုးရှိနေတဲ့အတွက်အဓိကငွေကြေး တွေနဲ့ဖလှယ်ရာမှာစောစောပိုင်းကတန်ဖိုး မြင့်တက်ခဲ့တဲ့ ဒေါ်လာ တန်ဖိုးက ပြန် လည်ကျဆင်းတဲ့အတွက် သြဂုတ် ၁၆ ရက် စောစောပိုင်းဈေးကွက်မှာ အမေရိ ကန်ဒေါ်လာနဲ့ဖလှယ်တဲ့အခါ ရင်းဂစ် တန်ဖိုး မြင့်တက်ခဲ့ပါတယ်။ ဒါပေမဲ့ စင်ကာပူဒေါ်လာကို စိတ် ဝင်စားမှုမြင့်တက်တာနဲ့ ယူရိုဇုန်စီးပွား ရေးမှာအပေါင်းလက္ခဏာအလားအလာ တွေပြလာတဲ့အတွက် ရင်းဂစ် တန်ဖိုးက တခြားအဓိကငွေကြေးတွေနဲ့ ဖလှယ် ရာမှာ ကျဆင်းခဲ့ပါတယ်။ ရင်းဂစ်တန်ဖိုးက သြဂုတ် ၁၅ ရက်က တစ်ဒေါ်လာကို ၃ ဒသမ ၂၇၅၀ ရင်းဂစ်ရှိရာမှာ ၃ ဒသမ ၂၇၄၅ ရင်းဂစ်နှုန်းထိ ရင်းဂစ်တန်ဖိုးမြင့်တက် ခဲ့ပါတယ်။တောင်ကိုရီးယားဝမ် အမေရိကန် စီးပွားရေး ကိန်း ဂဏန်းအချက်အလက်တွေက မကြာမီ မှာ အမေရိကန်ဗဟိုဘဏ်က စီးပွားရေး တွန်းအားပေးအစီအစဉ်ကို ပြန်လည် ရုပ်သိမ်းတော့မယ့် အနေအထားထိ ကောင်းမွန်လာတဲ့အတွက် ဒေါ်လာ တန်ဖိုးမြင့်တက်ခဲ့ပါတယ်။ ဒါကြောင့် တောင်ကိုရီးယားဝမ်တန်ဖိုးက သြဂုတ် ၁၃ ရက်နေ့မှာ ရက်သတ္တတစ်ပတ် အတွင်း အနိမ့်ဆုံးလောက်ထိ ကျဆင်း ခဲ့ပါတယ်။ သြဂုတ် ၁၆ ရက်နေ့မှာ တောင် ကိုရီးယားဝမ်ရဲ့တန်ဖိုးက သုည ဒသမ ၂ ရာခိုင်နှုန်းကျဆင်းပြီး တစ်ဒေါ်လာ ကို ၁၁၁၄ ဒသမ ၈၄ ဝမ်နှုန်းကို ရောက်ရှိခဲ့ပါတယ်။ထိုင်းဘတ် ပြည်တွင်း ရင်းနှီးမြှုပ်နှံသူတွေနဲ့ ဂျပန်ဘဏ်တွေရဲ့ဝယ်လိုအားကြောင့် ဘတ်ငွေကြေးတန်ဖိုးက သြဂုတ် ၁၅ ရက်မှာ မြင့်တက်ခဲ့ကြောင်း ကုန်သည် တွေကပြောပါတယ်။ ဘွန်းစာချုပ်တွေ ဝယ်ယူတဲ့အစီအစဉ်ကို အမေရိကန် ဗဟိုဘဏ်က စတင်လျှော့ချမဲ့ အချိန် မရေရာတဲ့အတွက် ဒေါ်လာတန်ဖိုးက ကျဆင်းခဲ့ပါတယ်။ ဒါပေမဲ့ ဘတ်ငွေ တန်ဖိုးမြင့်တက်မဲ့ အခြေအနေက ပြည် တွင်း ရှယ်ယာတန်ဖိုးတွေ ကျဆင်းမှု ကြောင့် အထိန်းအကွပ်ဖြစ်ခဲ့ပါတယ်။ ဘတ်ငွေတန်ဖိုးက သြဂုတ် ၁၆ ရက်မှာ သုည ဒသမ ၂ ရာခိုင်နှုန်းကျ ဆင်းပြီး တစ်ဒေါ်လာကို ၃၁ ဒသမ ၂၉ ဘတ်နှုန်းရှိခဲ့ပါတယ်။