Main menu

Background

အိန္ဒိယဘဏ္ဍာရေးကဏ္ဍပြုပြင် ပြောင်းလဲမှုအသစ်များဆောင်ရွက်လာနိုင်ဖွယ်ရှိ

Thu, 08/22/2013 - 12:03 -- ydnar

ဘဏ်ငယ်များဖွင့်ခွင့် လိုင်စင်များ၊ ငွေကြေးဈေးကွက်မှာ နိုင်ငံခြားသားတို့ ရဲ့ အခန်းကဏ္ဍမြင့်မားရေး၊ ဘဏ်များ  ရဲ့ရှယ်ယာများ ဝယ်ယူ ပေါင်းစည်းမှု၊ နိုင်ငံတော်ဘဏ်များကို အစိုးရချုပ်ကိုင် မှု ကင်းရှင်းရေးစတဲ့ ပြဿနာတွေက အိန္ဒိယ ဗဟိုဘဏ် လက်မခံနိုင်တဲ့ အကြောင်းတရားတွေဖြစ်ခဲ့ပါတယ်။ ဗဟိုဘဏ် အုပ်ချုပ်ရေးမှူးသစ် ရာဟူ ရမ်ရာဂျန် လက်ထက်မှာတော့ ဖွံ့ဖြိုး လာနိုင်မယ်လို့ မှန်းဆရကြောင်း အီ ကော်နော်မစ်တိုင်းသတင်းမှာ ဖော်ပြ ထားပါတယ်။

ဗဟိုဘဏ်က ပြုပြင်ပြောင်းလဲ ရေးကို တွန်းလှန်ဆန့်ကျင်မှုကြောင့် ဆယ်စုနှစ်နှစ်ခုလောက်ပြုပြင်ပြောင်းလဲ မှုတွေပြုလုပ်ခဲ့ပေမဲ့ ဘဏ္ဍာရေးဈေး ကွက်တွေရဲ့ ဖွံ့ဖြိုးမှုကို ပိတ်ပင်ထား သလို ဖြစ်ခဲ့ရပါတယ်။ ယခုအချိန်မှာ အိန္ဒိယဗဟိုဘဏ်က ပြည်တွင်းဘဏ် တွေနဲ့အတူ အပြည်ပြည်ဆိုင်ရာဘဏ် တွေဖွင့်ခွင့်ရမယ်လို့ ယူဆရပါတယ်။ ကြွေးမြီ ပေးဆပ်မှု ပျက်ကွက်တာကို တင်းတင်းကျပ်ကျပ်ဆောင်ရွက်မဲ့ အစီ အစဉ်ရှိလာနိုင်ပါတယ်။ အစိုးရဘွန်း စာချုပ်တွေပင် ထုတ်လာမဲ့အလား အလာတွေရှိနေပါတယ်။ ချီကာဂိုတက္ကသိုလ်က ပါမောက္ခ ဟောင်းတစ်ဦးဖြစ်ခဲ့တဲ့ ရာဂျန်က ယခင် က အိန္ဒိယဗဟိုဘဏ်က စိတ်ဝင်စားမှု မရှိခဲ့တဲ့ အကြောင်းအရာအတော်များ များကို ဆောင်ရွက်လိမ့်မယ် ဒါပေမဲ့ သတိရှိရှိနဲ့ ဆောင်ရွက်လိမ့်မယ်လို့ ယူဆရပါတယ်။ “ရာဂျန်က စိတ်ကူးသစ်တွေ ဆောင်ကျဉ်းလာမဲ့ လူတစ်ယောက်ဖြစ် ပါတယ်။ အိန္ဒိယဗဟိုဘဏ်က ရှေးရိုး စဉ်လာဘက်ကိုယိမ်းပါတယ်။ဒါကြောင့် စွန့်စားမှုအန္တရာယ်နည်းပါတယ်။ ဒီလို ဆောင်ရွက်တဲ့အတွက် အခွင့်အလမ်း လည်းနည်းပါတယ်”လို့ အိန္ဒိယစီးပွား ရေး လုပ်ငန်းတက္ကသိုလ်မှ ခရစ်ရှနာမူသီ ဆူဘရမ်မာနီယန်က ပြောပါတယ်။ ရာဂျန်က ဘဏ္ဍာရေး အကျပ် အတည်း ဖြစ်စဉ်က ဒီလိုဖြစ်လာမှာကို ၂၀၀၅ ခုနှစ်မှာ ကြိုတင် သတိပေးနိုင်ခဲ့ သူဖြစ်ပါတယ်။ ရာဂျန်က အိန္ဒိယ ဗဟို ဘဏ်မှာ ပြောင်းလဲမှုတွေ ဆောင်ရွက် တော့မယ်ဆိုတာကို သူ့မိန့်ခွန်းတွေနဲ့ သုတေသနတွေက ပြသနေပါတယ်။