ဝါရှင်တန် အလုပ်လက်မဲ့အကျိုးခံစားခွင့် လျှောက်ထားသူအရေအတွက်ကယခင် ရက်သတ္တပတ်အတွင်းက ခြောက်နှစ် အတွင်း အနိမ့်ဆုံးကိုရောက်ခဲ့တဲ့ အပြင်စားသုံးသူဈေးနှုန်းများကလည်း ဇူလိုင်က ကျဆင်းခဲ့တဲ့ အတွက် သြဂုတ် ၁၅ ရက်ကထုတ်ပြန်တဲ့ စီးပွားရေးကိန်းဂဏန်းအချက်အလက် တွေအရ အမေရိကန်ဗဟိုဘဏ်က စီးပွားရေးတွန်းအားပေးအစီအစဉ်များ ကိုလျှော့ချဖို့နီးကပ်လာပြီဖြစ်ကြောင်း နယူး ယောက်တိုင်းသတင်းမှာ ဖော် ပြထားပါတယ်။
မွန်ဘိုင်း ရွှေဈေးနှုန်းချိုသာလာတဲ့အတွက် အိန္ဒိယနဲ့တရုတ်မှဝယ်လိုအားမြင့်တက် လာပေမဲ့ ယခုနှစ်ဒုတိယသုံး လပတ် မှာရွှေဝယ်လိုအားက လေးနှစ်အတွင်း အနိမ့်ဆုံးကို ရောက်ရှိခဲ့ကြောင်း သြဂုတ်၁၅ရက်ကကမ္ဘာ့ရွှေ ကောင်စီ မှပြောတယ်။ရွှေဝယ်လိုအားများယခင် နှစ်ကတန် ၉၇၄ ဒသမ၃တန် ရှိခဲ့ရာ မှယခုနှစ်တွင် ၁၂ ရာခိုင်နှုန်းကျဆင်း ကာ ၈၅၆ ဒသမ ၃ တန်နှုန်းရှိခဲ့ပါတယ်။
ဘန်ကောက် ပြည်တွင်းဝယ်လိုအားကျဆင်း နေတဲ့အတွက် ထိုင်းနိုင်ငံရဲ့ စက်မှု လုပ်ငန်း ယုံကြည်မှု အညွှန်းကိန်းက ဇွန် မှာ ၉၃ ဒသမ ၁ ရှိခဲ့ရာမှ ဇူလိုင် မှာ၉၁ဒသမ၉အထိလျှော့ကျခဲ့ရာလွန်ခဲ့ သောခုနစ်လအတွင်းအနိမ့်ဆုံးဖြစ်တယ် လို့ထိုင်းစက်မှုလုပ်ငန်းများဖက်ဒရေးရှင်း ကပြောကြောင်းသည်နေးရှင်းသတင်း မှာဖော်ပြထားပါတယ်။
စင်ကာပူ ဇွန်ကစပြီး အီလက်ထရွန်းနစ် ထုတ်ကုန်တွေအတွက်နှစ်အလိုက်ဝယ် လိုအားကျဆင်းတဲ့အတွက် စင်ကာပူ ရဲ့ပို့ကုန်က ဇူလိုင်မှာ မူလတွက်ချက် ထား တဲ့ အောက်ကျဆင်းခဲ့ကြောင်း rttnews တွင် ဖော်ပြထားပါတယ်။ ရေနံမှအပဖြစ်သော ပို့ကုန်များက ဇူလိုင်မှာ ယခင်နှစ်အလားတူကာလ အောက် သုည ဒသမ၇ရာခိုင်နှုန်းကျ ဆင်းခဲ့ကြောင်း သြဂုတ် ၁၆ ရက်က ထုတ်ပြန်သော International En-terpirse သတင်းမှာဖောြ်ပထားပါတယ်။
နယူးယောက် အမေရိကန်လက်လီလုပ်ငန်း ကြီးဝေါလ်မတ်ရဲ့အမြတ်ငွေကအမေ ရိကန် နဲ့ပြည်ပမှာ စားသုံးသူတို့ရဲ့ သုံးစွဲမှုနည်း လာတဲ့အတွက် ၁၁၃ရာ ခိုင်နှုန်းသာတိုးတက်ခဲ့ပါတယ်။ကုမ္ပဏီ ရောင်းရငွေနဲ့အမြတ်ငွေကယခင်နှစ် က ၁၁၃ ဒသမ ၅ ဘီလီယံရောင်း ရပြီး အမြတ်ငွေဒေါ်လာ ၄ဒသမ ၀၂ ဘီလီယံရှိခဲ့ရာမှ ယခုနှစ်မှာ ရောင်းရ ငွေဒေါ်လာ ၁၁၆ ဒသမ ၂ ဘီလီယံရှိညပြီး အမြတ် ငွေ ၄ ဒသမ ၀၇ ဘီလီယံသာရှိခဲ့ပါတယ်။