Main menu

Background

အယ်လ်ဂျီအီလက်ထရွန်းနစ်က Classic TV ဒီဇိုင်းကိုထုတ်လုပ်

Thu, 08/22/2013 - 12:06 -- ydnar

၁၉၇၀ ပြည့်လွန်နှစ်တွေနဲ့ ၁၉၈၀ ပြည့်လွန်နှစ်တွေရဲ့ ခံစားမှုဖီလင်တွေ ကို ပြန်လည်ပေးစွမ်းနိုင်မဲ့ ဖက်ရှင်ဒီဇိုင်း ဟောင်းကိုပြန်ဖော်ထားတဲ့  Classic TV ဒီဇိုင်းကို အယ်လ်ဂျီအီလက်ထရွန်း နစ်က သြဂုတ် ၁၂ ရက်ကစတင်ဖြန့်ချိ ခဲ့ကြောင်း ကိုရီးယား ဟာရယ်သတင်း မှာဖော်ပြပါတယ်။

ဒီမိုဒယ်မှာ လိုင်း ပြောင်းတဲ့ခလုတ်ကလှည့်ရတဲ့ ခလုတ် ဖြစ်ပြီး တီဗွီကိုသစ်သားဘောင်နဲ့ပြုလုပ် ထားပါတယ်။ မြောက်ဥရောပကထုတ် လုပ်တဲ့ ပုံစံမျိုးရိုးရိုးရှင်းရှင်းဒီဇိုင်းထုတ် ထားပါတယ်။ Classic TV က ၃၂ လက်မ LED  TV ဖြစ်ပြီး Full HD ရီဆိုလူးရှင်း က ၁၉၂၀ _ ၁၀၈၀ ရှိပါတယ်။ ပုံရိပ် တွေ တောက်ပကြည်လင်မှုရှိပါတယ်။ တီဗွီဖန်သားပြင်ရဲ့ကြည့်ထောင့်က ၁၇၈ ဒီဂီရီရှိပြီး၊ ဘယ်ထောင့်ကြည့်ကြည့် Classic TV ကထုတ်တဲ့အရောင်က သဘာဝအရောင် ဖြစ်ပါတယ်။ ပြင်ပဒရိုင်ဘာသို့မဟုတ် ယူအက်စ် ဘီမင်မိုရီစတစ်နဲ့ ကြည့်မယ်ဆိုရင် သိုလှောင်သိမ်းဆည်းထားတဲ့ ဗီဒီယိုတွေ၊ ဓါတ်ပုံတွေနဲ့ ဂီတတွေကိုခံစားနားဆင် နိုင်မှာ ဖြစ်ပါတယ်။ Classic TV ကို သက်လတ်ပိုင်းနဲ့ သက်ငယ်ပိုင်းနှစ်ခုစလုံးကနှစ်သက်လိမ့် မယ်လို့ LE Electronic က ယခင်က ထုတ်လုပ်ခဲ့တဲ့ တီဗွီအမှတ်တံဆိပ်တစ် ခုဖြစ်တဲ့ Gumsung TV ကို သတိရစ ရာဖြစ်လာလိမ့်မယ်လို့ ဆိုပါတယ်။ Classic TV ကို ဝမ် ၈၄၀၀၀၀ နဲ့ ရောင်းမှာ ဖြစ်ပါတယ်။ Classic TV ကို ဝယ်ယူသူတွေအတွက် လက် ဆောင်အဖြစ် ကော်ဖီစက်ကိုလည်း အယ်လ်ဂျီကစီစဉ်ထားပါတယ်။