Main menu

Background

ကုန်အမှတ်တံဆိပ်ထူထောင်ကြဖို့ ဗီယက်နမ်ကုမ္ပဏီများကို တိုက်တွန်း

Thu, 08/22/2013 - 12:08 -- ydnar

သူတို့ထုတ်ကုန်တွေရဲ့ တန်ဖိုးကို မြှင့်တင်ဖို့နဲ့ အမြတ်နှုန်းကိုပိုမိုရရှိ အောင်ဆောင်ရွက်နိုင်ဖို့အတွက် ဗီယက်နမ်စီးပွားရေးလုပ်ငန်းတွေက ကုန်အမှတ်တံဆိပ်ထူထောင်မှုကို ပိုမို ဂရုစိုက်ဖို့လိုတယ်လို့ ကျွမ်းကျင်သူများ ကပြောကြောင်း VNS  သတင်းဌာနက ဖော်ပြထားပါတယ်။

ကုန်ထုတ်လုပ်မှုကကဏ္ဍတစ်ခုရဲ့ လက်လီဈေးနှုန်းရဲ့ ၄၅ ရာခိုင်နှုန်းက ကုန်အမှတ်တံဆိပ်အပေါ်မှာ မူတည် နေကြောင်း ဟိုချီမင်းစီတီသားရေနဲ့ ဖိနပ်ထုတ်လုပ်ရေးလုပ်ငန်းအသင်းရဲ့ ဥက္ကဌ ဟာဒိုင်ဟန်းကပြောကြောင်း သွိုင်ဘောင်ခင်တီဗီယက်နမ် (ဗီယက် နမ်စီးပွားရေးသတင်းစာ) မှာ ဖော်ပြ ထားပါတယ်။ ထုတ်ကုန်တန်ဖိုးအပေါ် မှာ အကျိုးသက်ရောက်မှုဖြစ်စေတဲ့ အခြားအကြောင်းအရာတွေထဲမှာ သုတေသနနဲ့ဖွံ့ဖြိုးရေး၊ ထောက်ပံ့ပို့ ဆောင်ရေးနဲ့ အရောင်းဝန်ဆောင်မှု စတာတွေပါဝင်ကြောင်း ဒေါင်ဟန်းကုမ္ပ ဏီလီမိတက်ရဲ့ ညွှန်ကြားရေးမှူးချုပ် လည်းဖြစ်သူ ဟန်ကပြောပါတယ်။ ပို့ကုန်ဝင်ငွေအရများပေမဲ့ အထည်ချုပ်လုပ်ငန်းကရရှိတဲ့ အမြတ် အစွန်းကနည်းကြောင်းကျွမ်းကျင် သူတွေ ပြောကြောင်း အစီရင်ခံစာမှာ ဖော်ပြ ထားပါတယ်။ ပြည်တွင်းစီးပွားရေးလုပ်ငန်းတွေကလက်ခွဲ ကန်ထရိုက်လုပ်ငန်း ကိုသာဆောင်ရွက်နေတယ်။ ဒါကြောင့် အခွန်က ၅ ရာခိုင်နှုန်းကနေ ၁၀ ရာ ခိုင်နှုန်းထိသာရကြောင်း သူတို့ကပြော ပါတယ်။ ဗီယက်နမ်စီးပွားရေးလုပ်ငန်း တွေ မှာ ကိုယ်ပိုင်ကုန်အမှတ်တံဆိပ်တွေ မထားရှိနိုင်တဲ့အတွက် တခြားပြိုင်ဖက် တွေနဲ့ယှဉ်ပြိုင်တဲ့အခါ အခက်အခဲတွေ နဲ့ ရင်ဆိုင်ရကြောင်း ကျွမ်းကျင်သူတွေ ကပြောပါတယ်။ အရေအတွက် အမြောက်အမြားတင်ပို့နေတဲ့ ဗီယက် နမ်ထရားငါးနဲ့ ကော်ဖီထုတ်ကုန်တွေ အတွက် တန်ဖိုးမြှင့်ဆောင်ရွက်နိုင်ဖို့ ဗီယက်နမ်ကုန်သွယ်မှုမြှင့်တင်ရေးအေ ဂျင်စီနဲ့ သက်ဆိုင်ရာအေဂျင်စီတွေနဲ့ ပူးတွဲပြီး စီမံကိန်းတစ်ခုဆောင်ရွက်ဖို့ ဆွေးနွေးနေပါတယ်။ ဒီစီမံကိန်းက အပြည်ပြည်ဆိုင်ရာစံနှုန်းတွေနဲ့ နည်း ပညာလိုအပ်ချက်တွေဖြည့်ဆည်းပေးနိုင်ဖို့ စီးပွားရေးလုပ်ငန်းတွေကို အထောက် အကူပေးသွားမှာ ဖြစ်ပါတယ်။