Main menu

Background

တရုတ်စီးပွားရေးနှေးကွေးမှုကြောင့် စင်ကာပူကုန်သွယ်မှု အလားအလာကို လျှော့ချခန့်မှန်း

Thu, 08/22/2013 - 12:10 -- ydnar

ယခင်သုံးလပတ်က စင်ကာပူရဲ့ ဝန်ဆောင်မှုကဏ္ဍက စင်ကာပူစီးပွား ရေးတိုးတက်မှုကိုခန့်မှန်းထားတာထက် ပိုမိုအထောက်အကူဖြစ်ခဲ့ပေမဲ့ တရုတ် ပြည်ရဲ့ စီးပွားရေး နှေးကွေးမှုက စင်ကာပူကုန်ပစ္စည်းတွေရဲ့ ဝယ်လို အားကျဆင်းစေခဲ့တဲ့အတွက် စင်ကာပူ နိုင်ငံရဲ့ ယခုနှစ်ပို့ကုန်ခန့်မှန်းချက်ကို လျှော့ချထားကြောင်း ဘလွမ်းဘတ် သတင်းမှာ ဖော်ပြထားပါတယ်။

ရေနံမှအပဖြစ်တဲ့ ပြည်တွင်းပို့ကုန် လုပ်ငန်းတွေကို ယခင်က ၂ ရာခိုင်နှုန်း ကနေ ၄ ရာခိုင်နှုန်းထိရှိမယ်လို့ ခန့်မှန်း ခဲ့ပေမဲ့ နောက်ဆုံးခန့်မှန်းချက်မှာ အတိုး အလျှော့မရှိဘဲဖြစ်နေမယ် သို့မဟုတ် ၁ ရာခိုင်နှုန်းမြင့်တက်မယ်လို့ ကုန် သွယ်မှုမြင့်တင်မှုအေဂျင်စီရဲ့ သြဂုတ် ၁၁ ရက်ကထုတ်ပြန်ချက်မှာ ဖော်ပြ ထားပါတယ်။ နိုင်ငံရဲ့ စုစုပေါင်းပြည် တွင်းထုတ်ကုန်က ယခင်သုံးလပတ်နဲ့ နှိုင်းယှဉ်ရင် ဇွန်မှာကုန်ဆုံးတဲ့သုံးလပတ် မှာ နှစ်အလိုက်တိုးတက်မှုနှုန်း ၁၅ ဒသမ ၅ ရာခိုင်နှုန်းရှိကြောင်း ကုန် သွယ်ရေးဝန်ကြီးဌာနရဲ့ သီးခြားထုတ် ပြန်ချက်မှာဖော်ပြထားပါတယ်။ တရုတ်နိုင်ငံမှာ စီးပွားရေးဖွံ့ဖြိုးမှု နှေးကွေးတာနဲ့ ဥရောပနဲ့ဂျပန်နိုင်ငံ တွေက စီးပွားရေးနာလန်ထူဖို့ အလူး အလဲရုန်းကန်နေရတဲ့အတွက် မလေး ရှားနဲ့ အင်ဒိုနီးရှားက အစပြုပြီးအရှေ့ တောင်အာရှနိုင်ငံတွေမှာ ပို့ကုန်ကျ ဆင်းတာတွေတွေ့ရပါတယ်။ စင်ကာပူ ရဲ့ အီလက်ထရွန်းနစ်တင်ပို့မှုက ၁၁ လ မြောက်ကျဆင်းနေတဲ့အတွက် စင်ကာပူ ရဲ့ ဇွန်ပို့ကုန်ကျဆင်းတာက ကမ္ဘာ့ ဘဏ္ဍာရေးအကျပ်အတည်းဖြစ်ပြီး  နောက်ပိုင်းအကြာဆုံး ဖြစ်ခဲ့ပါတယ်။ “ကမ္ဘာ့စီးပွားရေးမှာ အောက်ခြေ ကနေပြန်လည်ခေါင်းဆောင်လာတာကို တွေ့ရပေမဲ့ ရေရှည်ပြန်ဦးမော့လာဖို့ နဲ့ အရှိန်ရလာဖို့ အာမခံချက်မရှိသေး ပါဘူး” လို့စင်ကာပူရဲ့ ပို့ကုန်ကဏ္ဍ ကို ကြည့်ရင်ဒုက္ခတောထဲကထွက်လာပြီလို့ ပြောလို့မရသေးကြောင်းစင်ကာပူစီးပွား ရေးဖွံ့ဖြိုးမှုကိုဝန်ဆောင်မှုကဏ္ဍကကျား ကန်ပေးနေကြောင်းသူကပြောပါတယ်။ အစိုးရရဲ့ စောစောပိုင်းခန့်မှန်း ချက်က ၁၅ ဒသမ ၂ ရာခိုင်နှုန်းတိုး တက်မယ်လို့ ခန့်မှန်းခဲ့ပေမဲ့ ဘလွမ်း ဘတ်ရဲ့ စီးပွားရေးပညာရှင်တွေရဲ့ ခန့် မှန်းချက်အရ သုံးလပတ်အလိုက် ဂျီဒီ ပီတိုးတက်နှုန်းက ၁၄ ဒသမ ၂ ရာခိုင် နှုန်းရှိမယ်လို့ ခန့်မှန်းထားပါတယ်။ စင် ကာပူက အမေရိကန်ပြည်ထောင်စု တင်ပို့မှုှုက ဇွန်မှာဒုတိယမြောက်လ အဖြစ်ကျဆင်းပါတယ်။ ၂၀၁၂ ခုနှစ် မှာစင်ကာပူမှာအမေရိကန်ပြည်ထောင်စု သို့ တင်ပို့မှုက မလေးရှား၊ ဥရောပ သမဂ္ဂ၊ တရုတ်နဲ့ အင်ဒိုနီးရှား ပြီးရင် ပဉ္စမမြောက်အများဆုံးနိုင်ငံဖြစ်ပါတယ်။