Main menu

Background

ကမ္ဘာ့ဘဏ်နဲ့ ဒဗလျူတီအိုတို့က ဝန်ဆောင်မှုကုန်သွယ်ရေးအတွက် ဒေတာဘေ့စ်တည်ဆောက်မည်

Thu, 08/22/2013 - 13:01 -- ydnar

မူဝါဒပွင့်လင်းမြင်သာမှုကိုတိုး မြှင့် တဲ့ အစီအစဉ်တစ်ရပ်အဖြစ် ဝန်ဆောင် မှုကုန်သွယ်ရေးနဲ့ဆိုင်တဲ့ ဒေတာဘေ့စ် ကို တည်ဆောက်ထိန်းသိမ်းရေးလုပ် ငန်းကို ကမ္ဘာ့ဘဏ်နဲ့ ကမ္ဘာ့ကုန်သွယ် ရေးအဖွဲ့ (ဒဗလျူတီအို) ပူးပေါင်းအစီ အစဉ်တစ်ခုကို ဆောင်ရွက်လျက်ရှိ ကြောင်း Futuregov.asia ဝက်ဘ် ဆိုက်မှာ ဖော်ပြထားပါတယ်။

ကြီးကြပ် ထိန်းသိမ်းမှုဆိုင်ရာ မူ ဘောင်ရှုပ်ထွေးမှုနဲ့ အများပြည်သူ အတွက် သတင်းအချက်ရရှိဖို့ခဲယဉ်းမှု စတဲ့ အကြောင်းတွေကြောင့် ဝန် ဆောင်မှုကုန်သွယ်ကဏ္ဍမှာ ပွင့်လင်း မြင်သာမှုက အရေးပါတဲ့အခန်းကဏ္ဍ မှာပါဝင်နေပါတယ်။ နိုင်ငံနယ်နိမိတ် ဖြတ်ကျော်ပြီးဆောင်ရွက်တဲ့ ဝန်ဆောင် မှုကုန်သွယ်ရေးက နိုင်ငံခြားလုပ်ငန်းခွဲ တွေနဲ့ ယာယီပြောင်းရွှေ့နေထိုင်သူတွေ ရဲ့ အပြည်ပြည်ဆိုင်ရာငွေကြေးလုပ် ဆောင်ချက်တွေထည့်မတွက်ရင်တောင် မှ ကမ္ဘာ့စုစုပေါင်း ကုန်သွယ်မှုရဲ့ငါးပုံ တစ်ပုံပါဝင်ပါတယ်။ ဒေတာဘေ့စ်ထဲမှ နိုင်ငံပေါင်း ၁၀၀ ကျော်က ကဏ္ဍအမျိုးမျိုးပါဝင်မှာ ဖြစ်ပြီး ဘဏ္ဍာရေးသယ်ယူပို့ဆောင် ရေး၊ ခရီးသွားလုပ်ငန်း၊ လက်လီလုပ် ငန်း၊ တယ်လီကွန်ဆက်သွယ်ရေးနဲ့ ဥပဒေနဲ့ ငွေစာရင်းလုပ်ငန်းစတဲ့ စီးပွား ရေးလုပ်ငန်းဝန်ဆောင်မှုတွေ ပါဝင်ပါ တယ်။ ဒေတာဘေ့စ်လုပ်ငန်းတွေကို မိုဂျူးလေးခုနဲ့ တင်ပြမှာဖြစ်ပြီး ဒီလေး ခုကဒဗလျူတီအိုရဲ့ ဝန်ဆောင်မှုကုန် သွယ်မှုဆိုင်ရာ အထွေထွေသဘောတူ ညီချက် (GATS)၊ ဒေသတွင်းကုန် သွယ်မှုသဘောတူညီချက်တွေအတွက် ဝန်ခံကတိများ၊ ဝန်ဆောင်မှုကုန်သွယ် ရေးအကျိုးသက်ရောက်မှုရှိစေတဲ့ အဖွဲ့ ဝင်နိုင်ငံတွေကဆောင်ရွက်နေတဲ့ အစီ အမံများနဲ့ ဝန်ဆောင်မှုလုပ်ငန်း၊ စာရင်း အင်းစတဲ့အချက်တွေ ပါဝင်ပါတယ်။ ဒဗလျူတီအိုရဲ့ Integrated Trade Intelligence Portal (I-TIP)  ရဲ့ အစိတ်အပိုင်းတစ်ရပ်အဖြစ် ဒေတာ ဘေ့စ်တွေရဲ့ ပထမအသုတ်ကို စတင် ဆောင်ရွက်နေပါပြီ။ ဒေတာဘေ့စ်က အရေးပါမှုရှိ တယ်၊ အချိန်နဲ့တစ်ပြေးညီဖြစ်တယ်ဆို တာကို အာမခံချက်ပေးနိုင်ဖို့အတွက် အဖွဲ့အစည်းကြီးနှစ်ခုစလုံးက ဆောင် ရွက်မှုဖြစ်တဲ့အပြင် လုပ်ငန်းကဏ္ဍနဲ့ နိုင်ငံတွေတိုးချဲ့ပါဝင်လာအောင်လည်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။