Main menu

Background

တန်ဖိုးမြှင့် ကနုကမာ အသုံးအဆောင်ပစ္စည်းများ

Thu, 08/22/2013 - 13:06 -- ydnar

မြန်မာနိုင်ငံက ရှည်လျားတဲ့ ကမ်း ရိုးတန်းကြီးရှိနေတဲ့အတွက် ရေဧရိယာ အလွန်ကျယ်ဝန်းပါတယ်။ အဲဒီ ကျယ် ပြန့်တဲ့ရေပြင်အောက်က မုတ်ကောင် လေးတွေ၏ မျက်ရည်ကိုပုလဲအဖြစ်ရ ယူရုံသာမက မုတ်ခွံတွေကိုပါတန်ဖိုးမြှင့် ထုတ်ကုန်တွေထုတ်လုပ် ရရှိနိုင်ပါတယ်။

နိုင်ငံတိုင်း၊ တိုင်းပြည်တိုင်းမှာ Hand-icralf  နဲ့ တန်ဖိုးမြှင့်ထုတ်ကုန်တွေ ပြုလုပ်ပြီး ပြည်ပဝင်ငွေရှာဖွေပေး နေတဲ့ အိမ်တွင်းမှု SME  လုပ်ငန်းလေးတွေ ရှိနေကြပါတယ်။ ကျွန်မတို့ မြန်မာ နိုင်ငံမှာလည်း မုတ်ခွံလေးတွေကနေ ထုတ်လုပ်တဲ့ လူမှုအသုံးအဆောင် ပစ္စည်းများနဲ့ပတ်သက်တဲ့ Gandamar ကနုကမာလေးတွေပဲ ဖြစ်ပါတယ်။ မုတ်ခွံလေးတွေကို အဆင့်ဆင့်တိုက်စား မှုတွေပြုလုပ်ပြီး ယောက်သွားဇွန်မျိုးစုံ၊ အပူခံပြား၊ အင်္ကျီကြယ်သီးအပြင် ယွန်း ထည်နှင့်တွဲဖက်ပြီး Tissue Box၊ ထမင်းစားပန်းကန် အရွယ်အစားအစုံ၊ အလှပန်းအိုးစသည်ဖြင့် အမျိုးစားစုံလင် စွာတန်ဖိုးမြှင့်ထုတ်ကုန်လေးများ ပြုလုပ် ပြီး ထိုင်းနိုင်ငံ၊ ဂျပန်နိုင်ငံတွေကို အဓိက တင်ပို့နေပါတယ်။ ကုန်ကြမ်းများအနေ နဲ့ တစ်နှစ်ကိုတန်ချိန် ၂၀ နဲ့ ၂၅ တန် ကြားသုံးစွဲနေရပြီး အလေအလွင့်များကို လည်း ကိုရီးယားနိုင်ငံမှ ဝယ်ယူပြီးအမှုန့် ကြိတ်၍ အလှကုန်ပစ္စည်းထုတ်လုပ်ရာ မှာ ရောစပ်အသုံးပြုတယ်လို့ သိရပါ တယ်။ မုတ်ခွံကုန်ကြမ်းတွေကနေ လှပ သပ်ရပ်တဲ့ လူသုံးကုန်ပစ္စည်းတွေအပြင် အလေအလွင့်ကပါ နိုင်ငံခြားဝင်ငွေရှာ ပေးနေပါတယ်။ အဲဒီကုန်ကြမ်းတွေကို တော့ သတ္တုတွင်းဝန်ကြီးဌာန၊ မြန်မာ့ ပုလဲဦးစီးဌာနကနေလေလံဝယ်ယူရ တယ်လို့ သိရပါတယ်။ အခုလို စွန့်ပစ် ကုန်ကြမ်းတွေကနေ နိုင်ငံခြားဝင်ငွေ ပြန်ရှာပေးနေတဲ့ အိမ်တွင်းမှု SME လုပ်ငန်းလေးတွေကို အားပေးဂုဏ်ပြု သင့်ပါကြောင်း တင်ပြလိုက်ရပါတယ်။မြတ်မြတ်စိုးမိုး