Main menu

Background

ဓာတ်ဆီ၊ဒီဇယ်ဆီဈေးနှုန်းများ (16-8-13)

Thu, 08/22/2013 - 13:53 -- ydnar

ပင်လယ်ရေကြောင်းလမ်းမှ ဒီဇယ်တန်ချိန် တစ်သောင်းနှစ်ထောင်ကျော်နဲ့ ဓာတ်ဆီတန်ချိန် နှစ်သောင်းကျော်ဝင်
သြဂုတ်လ ၄ ရက်မှ သြဂုတ်လ ၁၀ ရက်အတွင်း ဓာတ်ဆီတန်ချိန် နှစ်သောင်း လေးရာခြောက်ဆယ့်ခုနှစ်တန်၊ ဒီဇယ်တန်ချိန် တစ်သောင်းနှစ်ထောင်တစ်ရာ ခြောက်ဆယ့်နှစ်တန်ကို သွင်းကုန်လိုင်စင်လျှောက်ထားခဲ့တယ်လို့ သိရပါတယ်။ဒီတစ်ပတ်ဝင်လာတဲ့ ဒီဇယ်၊ ဓာတ်ဆီ စုစုပေါင်းမှာ တန်ချိန် သုံးသောင်း  နှစ်ထောင် ခြောက်ရာနှစ်ဆယ့်ကိုး တန်တင်သွင်းလာခဲ့တယ်လို့ သိရပါတယ်။

ယခင်သီတင်းပတ် တင်သွင်းခဲ့တဲ့ တန်ချိန်မှာ ခြောက်သောင်းသုံးထောင်ကျော်ရှိခဲ့တာကြောင့် ဒီတစ် ပတ်မှာ တန်ချိန် သုံးသောင်းကျော်လျော့နည်းပြီး ဝင်လာခဲ့တယ်လို့ သိရပါတယ်။ ပြည်တွင်းပုဂ္ဂလိကစက်သုံးဆီဆိုင်များမှာ သြဂုတ်လ ၁၂ ရက်နေ့မှ သြဂုတ်လ ၁၆ရက်နေ့အတွင်း ရောင်းချနေတဲ့ ဓာတ်ဆီ၊ ဒီဇယ်ဈေးများက ဒီတစ်ပတ် မှာ မန္တလေး၊ တောင်ကြီး၊ မော်လမြိုင်၊ ရန်ကုန်တို့တွင် ဈေးငြိမ်နေတယ်လို့ သိရပါ တယ်။ ဒီတစ်ပတ်မှာ ပြင်ပမှာ လက်လီရောင်းချနေတဲ့ ဒီဇယ်၊ ဓာတ်ဆီဈေးများမှာ ရန်ကုန်မှာ ဓာတ်ဆီဝယ်ဈေး၊ ရောင်းဈေး ဈေးကျလာပေမဲ့ ဒီဇယ်က ဝယ်ဈေး၊ ရောင်းဈေးမှာ သြဂုတ်လ ၁၂၊ ၁၃ ရက်များမှာ ငြိမ်နေပေမဲ့ နောက်ရက်များမှာ ဈေးအနည်းငယ်ကျလာတယ်လို့ သိရပါတယ်။ ဒါကလည်း ပီပါဈေးများသာ ကျလာတာဖြစ်ပြီး လက်လီတစ်ဂါလန်ဈေးများမှာ ငြိမ်နေသေးတယ်လို့ စက်သုံး ဆီဝယ် ရောင်းသမားတစ်ဦးထံမှ စုံစမ်းသိရပါတယ်။ မန္တလေးမှာ ဒီဇယ်ဝယ်ဈေး၊ ရောင်းဈေး ငြိမ်နေပေမဲ့ ဓာတ်ဆီဈေးက ဝယ်ဈေး၊ ရောင်းဈေးအနည်းငယ်ကျလာ တယ်လို့ သိရပါတယ်။  ဒီတစ်ပတ် ဓာတ်ဆီ/ဒီဇယ်အရောင်းအဝယ်အခြေအနေများမှာ- ရန်ကုန်ဈေးကွက်မှာ ပုဂ္ဂလိက စက်သုံးဆီဆိုင်များမှာ ရောင်းချနေတဲ့ ဓာတ်ဆီ၊ ဒီဇယ် ၊ အောက်တိန်းနဲ့ အဆင့်မြင့်ဒီဇယ်ဈေးမှာ  ယခင်တစ်ပတ် ဈေး အတိုင်းပဲရှိတယ်လို့သိရပါတယ်။ ဒီတစ်ပတ်ပုဂ္ဂလိက စက်သုံးဆီဆိုင်မှာ ရောင်းချ နေတဲ့ဈေးမှာ ဓာတ်ဆီတစ်လီတာ ၈၁၄ ကျပ်၊ ဒီဇယ် ၉၂၀ ကျပ်၊ အောက်တိန်း ၉၃၀ ကျပ်နဲ့ အဆင့်မြင့်ဒီဇယ် ၉၄၀ ကျပ်ဖြင့်ရောင်းချတယ်လို့ သိရပါတယ်။ ဒီဇယ်ဈေးကတော့တစ်ဂါလန်ဈေးများ ငြိမ်နေတယ်လို့ သိရပါတယ်။ပီပါဈေး များအနေနဲ့ တစ်ပီပါကို သြဂုတ်၁၂ ရက်နေ့မှာ ဝယ်ဈေး ၁၉၃၀၀၀ ကျပ် ရှိရာမှ ၁၅ ရက်နေ့မှာ ၁၈၉၀၀၀ ကျပ်သို့ ဈေးလျော့အဝယ်ရှိခဲ့ပြီး ရောင်းဈေး က၁၂ ရက်နေ့မှာ တစ်ပီပါ ၁၉၈၀၀၀ ကျပ်ရှိရာမှ ၁၅ ရက်နေ့မှာ၁၉၂၀၀၀ ကျပ် သို့ဈေးကျလာခဲ့ကြောင်းစက်သုံးဆီရောင်းဝယ်ရေးဈေးကွက်မှသိရပါတယ်။ ဒီတစ် ပတ် ဓာတ်ဆီဈေးက ဝယ်ဈေး တစ်ဂါလန်၄၂၀၀ ကျပ်ဖြစ်ပြီးရောင်းဈေး၄၄၀၀ကျပ်၊ ဒီဇယ်တစ်ဂါလန် ၃၈၀၀ ကျပ်ဝယ်ပြီး ၃၉၀၀-၄၀၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ် တယ်လို့ ဓာတ်ဆီ၊ ဒီဇယ်အရောင်းအဝယ်သမားတစ်ဦးထံမှ စုံစမ်း သိရှိခဲ့ပါတယ်။ မန္တလေးဈေးကွက်မှာ ဓာတ်ဆီ၊ ဒီဇယ်က ပုံမှန်အရောင်းအဝယ်ရှိနေတယ်။ မန္တလေးဘက်မှာ ပုဂ္ဂလိကစက်သုံးဆီဆိုင်ရဲ့ ဒီဇယ်၊ ဓာတ်ဆီဈေးမှာလည်း ငြိမ်နေ တယ်လို့သိရပါတယ်။ဒီတစ်ပတ်ပုဂ္ဂလိကစက်သုံးဆီဆိုင်ရဲ့ဈေးမှာဓာတ်ဆီတစ်ဂါလန် ၃၈၀၀ ကျပ်၊ ဒီဇယ်တစ်ဂါလန်၄၀၀၀ကျပ်နဲ့ရောင်းချနေပါတယ်။ပြင်ပလက်လီ ဆိုင်များမှာတော့ ဒီဇယ်ဝယ်ဈေး၊ ရောင်းဈေးအနည်းငယ်ကျလာတယ်လို့ သိရပါ တယ်။ ဒီဇယ်ဈေးကျလာသလို ဒီတစ်ပတ်မှာဓာတ်ဆီဈေးကလည်းဝယ်ဈေး ၊ ရောင်း ဈေးအနည်းငယ်ကျလာတယ်လို့ သိရပါတယ်။ ဒီတစ်ပတ် ပြင်ပ လက်လီဆိုင်များမှာ အရောင်းအဝယ်ဖြစ်နေတဲ့ ဈေးကဓာတ်ဆီတစ်ဂါလန်ဝယ်ဈေး၄၃၀၀ ကျပ်  ရောင်း ဈေး၄၅၀၀ကျပ် ဖြစ်ပြီး ၊ဒီဇယ်ကဝယ်ဈေး ၃၉၀၀ ကျပ်၊ ရောင်းဈေး ၄၀၀၀ ကျပ် ဈေးနဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ မော်လမြိုင်ဈေးကွက်မှာ ဓာတ်ဆီ၊ ဒီဇယ်ကပုံမှန်အရောင်းအဝယ်ဖြစ်တယ် လို့ သိရပါတယ်။ ဒီတစ်ပတ်ပုဂ္ဂလိက စက်သုံးဆီဆိုင်ရဲ့ဓာတ်ဆီ ဈေးငြိမ်နေပေမဲ့ ဒီဇယ်နဲ့ အောက်တိန်းဈေးက အနည်းငယ်မြင့်လာတယ်လို့ သိရပါတယ်။ပြင်ပ လက်လီဆိုင်များမှာတော့ ဓာတ်ဆီဈေးငြိမ်နေပေမဲ့ ဒီဇယ်ဈေးက တစ်ရာဝန်း ကျင်ဈေးကျလာပြီး အောက်တိန်းမှာ ဈေးအနည်းငယ်မြင့်လာတယ်လို့ သိရပါတယ်။ဒီတစ်ပတ်ပုဂ္ဂလိက  စက်သုံးဆီဆိုင်ရဲ့ ဈေးမှာ  ဓာတ်ဆီ ၃၈၀၀ ကျပ်၊ ဒီဇယ်၄၂၀၀ ကျပ်၊ အောက်တိန်း ၄၄၀၀ ကျပ်နဲ့ ရောင်းချပါတယ်။ ဒီတစ်ပတ် ပြင်ပ လက်လီ ဆိုင်များမှာ အရောင်းအဝယ်ဖြစ်နေတဲ့ ဈေးများမှာ ဓာတ်ဆီ တစ်ဂါလန် ၄၁၀၀ ကျပ်၊ ဒီဇယ် ၄၂၀၀ ကျပ် ၊ အောက်တိန်း ၄၅၀၀ ကျပ်နဲ့ အရောင်း အဝယ်ဖြစ်တယ် လို့ သိရှိရပါတယ်။ ပဲခူးဈေးကွက်မှာ ပုဂ္ဂလိကစက်သုံးဆီဆိုင်ရဲ့ ဓာတ်ဆီဈေးမှာ ငြိမ်နေပေမဲ့ ဒီဇယ်ဈေးမှာ ဈေးအနည်းငယ်မြင့်လာတယ်လို့ သိရပါတယ်။ ပြင်ပလက်လီ ဆိုင်များမှာ ရောင်းချနေတဲ့ ဓာတ်ဆီဈေးမှာ ငြိမ်နေပေမဲ့ ဒီဇယ်ဈေးမှာလည်း အနည်း ငယ်ဈေးမြင့်လာတယ်လို့ သိရပါတယ်။ ဒီတစ်ပတ် ပုဂ္ဂလိက ဆိုင်ဈေးက ဓာတ်ဆီ ၃၈၀၀ ကျပ်၊ ဒီဇယ် ၄၂၀၀ ကျပ်နဲ့ ရောင်းချတယ်လို့ သိရပါတယ်။ပြင်ပ လက်လီဆိုင်များမှာ ဓာတ်ဆီတစ်ဂါလန် ၄၃၀၀ ကျပ်၊ ဒီဇယ် ၄၀၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်နေတယ်လို့ သိရှိရပါတယ်။                MIRT(DOT)