ယခုတစ်ပတ်အတွင်း မြန်မာ့ရွှေ ဈေးသည် ကျပ်တစ်သောင်းနီးပါး ပြန် လည်မြင့်တက်လာခဲ့ကြောင်းသိရသည်။နယ်စပ်မှ ရွှေအဝင်နည်းလာမှု နှင့်အတူ ပြည်တွင်းရွှေဈေးကွက်တွင် ဝယ်လိုအားများ လာခြင်းကြောင့် ရွှေ ဈေးများမြင့်တက်လာရခြင်းဖြစ်ကြောင်း၊ ထို့ပြင် ကမ္ဘာ့ရွှေဈေးမြင့်တက်လာမှု ကြောင့်လည်း မြန်မာ့ရွှေဈေးမြင့်တက် လာရခြင်းဖြစ်ကြောင်း ရွှေကုန်သည် တစ်ဦးက ပြောကြားခဲ့သည်။
“ဒီတစ်ပတ်ထဲမှာ ရွှေဈေးတက် လာတယ်။ ပြောရရင်တော့ ပြီးခဲ့တဲ့ ရက်သတ္တပတ်ထဲက အတက်ပြခဲ့တာ။ ပြီးခဲ့တဲ့အပတ်က ရွှေဈေးကဈေးအမြင့် နဲ့ပိတ်ခဲ့တာ။ ကျပ် ၆၉၀၀၀၀ နဲ့ဈေး ပိတ်ခဲ့တာဆိုတော့ ဒီတစ်ပတ်ပြန်ဖွင့် တော့လည်း ဈေးအမြင့်နဲ့ဖွင့်ခဲ့တာ။ ဈေးကလည်း မငြိမ်ဘူး။ တစ်နေ့ထဲမှာ ကို နည်းနည်းစီ အတက်အကျရှိနေပေ မယ့် သိပ်အများကြီးအတက်အကျ မဟုတ်တော့ ခံသာသေးတယ်။ ကမ္ဘာ့ ရွှေဈေးကလည်း တက်လာတယ်။ စတော့ဈေးတွေက ကျလာတော့ ရွှေ ဘက်ကို အာရုံစိုက်လာတယ်။ဒါ ကြောင့် ကမ္ဘာ့ရွှေဈေးက တက်လာရ တာ။ နောက်ပြီး နယ်စပ်က ရွှေက လည်း အဝင်နည်းသွားတယ်။ မရှိသ လောက်ကိုနည်းသွားတာ။အဲဒါကြောင့် ဈေးပြန်တက်လာရတာ”ဟု ရွှေကုန် သည် ဦးလှမောင်က ဆိုသည်။မြန်မာ့ရွှေဈေးသည် သြဂုတ်လ ၁၂ရက်နေ့က ကျပ် ၆၉၅၅၀၀ ရှိခဲ့ပြီး သြဂုတ်လ ၁၃ရက်နေ့တွင် ၆၉၆၈၀၀ ရှိခဲ့သည်။ ထို့နောက် သြဂုတ်လ ၁၅ ရက်နေ့တွင် ကျပ် ၆၉၇၅၀၀ သို့မြင့် တက်လာခဲ့ပြီး သြဂုတ်လ ၁၆ရက်နေ့ တွင်ကျပ် ၇၀၅၀၀၀ သို့ ရောက်ရှိခဲ့ သည်။ကမ္ဘာ့ရွှေဈေးသည် သြဂုတ်လ ၁၂ရက်နေ့တွင် ၁၃၂၆ ဒေါ်လာရှိခဲ့ပြီး သြဂုတ်လ ၁၆ရက်နေ့တွင် ၁၃၆၇ဒေါ် လာရှိခဲ့သည်။ မယ်သီတာ