Main menu

Background

တရုတ်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်းနှေးကွေး နေသော်လည်းရွှေဝယ်ယူသုံးစွဲမှုနှုန်းဆက်လက်မြင့်မားနေ

Thu, 08/22/2013 - 14:18 -- ydnar

တရုတ်နိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုနှုန်း နှေးကွေးနေသော်လည်း ရွှေဝယ်ယူ သုံးစွဲမှုနှုန်း ဆက်လက် မြင့်မား နေတယ်လို့ သိရတယ်။ ၂၀၁၃ ခုနှစ် ပထမ ၆ လအတွင်း ရွှေဝယ်ယူ သုံးစွဲမှု တန်ချိန်စုစုပေါင်းမှာ ၇၀၆ ဒသမ ၃၆ တန်ဖြစ်တာကြောင့် ယခင်နှစ်ထက် ၅၄ ရာခိုင်နှုန်းတိုးတက်ခဲ့တယ်လို့ တရုတ် နိုင်ငံ ရွှေအသင်းက စာရင်းထုတ်ပြန် ထားတယ်။

ဇူလိုင်လအတွင်း မှာလည်း တရုတ်နိုင်ငံရဲ့ လက်ဝတ်ရတနာ ရောင်းအားက ၄၂ ရာခိုင်နှုန်း မြင့် မား ခဲ့တယ်လိ့ု တရုတ်နိုင်ငံ အမျိုးသား စာရင်းအင်းဗျူရိုကပြောကြားတယ်။ ဒါ့အပြင်မည်သည့်ဈေးနှုန်းထား မှာမဆိုကမ္ဘာတစ်ဝန်းမှာလည်းလက်ငင်း အရောင်းရွှေကိုဝယ်လိုအား ကောင်းနေ ကြောင်း Australia & New Zeland Banking Group Ltd., မှ ပုံသေ ဝင်ငွေ၊ ငွေကြေးနဲ့ ကုန်စည်များ ဌာန တွဲဖက်ဥက္ကဌက ပြောကြားတယ်။ ၎င်း  ဘဏ်က ၂၀၁၄ ခုနှစ်မှာ ရွှေဈေးနှုန်း က တစ်အောင်စကို ၁၄၀၀ ဒေါ်လာ မှာရှိနေနိုင်ပြီး ၂၀၁၅ မှာ တစ်အောင်စ ကို ၁၅၀၀ ဒေါ်လာအထိ ရောက်ရှိနိုင် တယ်လို့ ခန့်မှန်းထားတယ်။Bloomberg.com(12-8-2013)ပပ