Main menu

Background

အိန္ဒိယဂျုံစေ့များ တင်သွင်းမှုပိုမိုလာ

Thu, 08/22/2013 - 15:05 -- ydnar

ပြည်တွင်း၌ဂျုံစက်ရုံများရှိနေပေမဲ့လည်း ဒေသနေပြည်သူများစားဝတ်နေရေး အဆင်ပြေချောမွေ့စေရန် ရည်ရွယ်ပြီး ဂျုံမှုန့်၊ ဂျုံစေ့များကိုတင်သွင်းခွင့်ပြုထားရာ ယခုအပတ်မှာဂျုံစေ့တန် ၆၀ နဲ့ ဂျုံမှုန့်တန် ၇၀ ကျော်ကို အိန္ဒိယနယ်စပ်ရှိ တမူး ကူးသန်းရောင်းဝယ်ရေးစခန်းမှ တင်သွင်းလာတာတွေ့ရပါတယ်။

ယခင်အပတ်က ထက် ဂျုံစေ့တန် ၅၀ နီးပါးပိုမိုတင်သွင်းနိုင်ပြီး ဂျုံမှုန့်တင်သွင်းမှုကတော့ ယခင် အပတ် အတိုင်းပဲ တင်သွင်းနိုင်တာ တွေ့ရပါတယ်။ မဏိပူရပြည်နယ်ရှိဒေသနေ ပြည်သူများ စားသုံးမှုက ပိုလျှံတဲ့ ဂျုံမှုန့်၊ ဂျုံစေ့များကိုထုတ်ရောင်းကြ တဲ့အတွက် ပြည်တွင်းသို့အသွင်းပိုလာရခြင်းဖြစ်တယ်လို့သိရပါတယ်။ မိုရေးမှာ ဂျုံစေ့ဈေး ၁ ကီလိုဂရမ်ကို ရူပီး ၂၀  (၃၂၀ ကျပ် ) နဲ့ ဂျုံမှုန့်ကတော့  ၁ ကီလိုဂရမ် ၂၅ ရူပီး (၄၀၅ ကျပ်) ဈေးပေါက်တယ်လို့ သိရပါတယ်။ခင်မိုးသူ  MIRT (DCCA)