Main menu

Background

ပြည်ချင်းဈေးကွက် အရောင်းသွက်

Thu, 08/22/2013 - 15:08 -- ydnar

ပြည်ချင်းဈေးကွက်အတွင်း ယခုတစ်ပတ်မှာ ချင်းအတက်များ၊ ပစ္စည်းလက် ကျန် ပြတ်နေတယ်လို့ ချင်းပွဲရုံတွေက သိရပါတယ်။ ချင်းဓါးလှီးသမားများ အတွက် ကတော့ ချင်းအတက်နဲ့စာရင် ဈေးချိုတဲ့ ချင်း(ဥမ)က ပိုပြီး၊ တွက်ခြေကိုက်တယ်လို့ ပြောပါတယ်။

အောင်ပန်း၊ တောင်ကြီးဘက်မှ ချင်း(ဥမ)များ ယခုတစ်ပတ်အတွင်း ပိဿာ ၃၀ ဝင်အိတ် ၂၅၀ ခန့် ပုံမှန်ဝင်ရောက်ပြီး၊ ချင်း(ဥမ)တစ်ပိဿာကို (ရှယ်) ၁၂၀၀ ကျပ်(ဂျွန်) ၁၁၀၀ ကျပ်၊ ချင်းဓားလှီး ၁၂၀၀ ကျပ်နဲ့ ဈေးငြိမ်နေပြီး၊ ရခိုင် ပြည်နယ်မှ အဝယ်ပိုမိုများကြောင်း သိရပါတယ်။ ဈေးကွက်မှတစ်ဆင့် ယခုတစ်ပတ် အတွင်း တင်ပို့မှုရှိသလို ပွဲရုံများမှာ တစ်ရက်ကို ပိဿာချိန် ၁၃၀၀ ခန့် အရောင်း အဝယ်ဖြစ်ကြောင်း သိရပါတယ်။                      ဝင်းဝင်းခိုင် - ပြည်