Main menu

Background

Money Gram ငွေလွှဲလုပ်ငန်းနှင့် ပြည်တွင်းရှိဘဏ်နှစ်ခုဖြစ်သည့် မြန် မာနိုင်ငံသားများဘဏ်လီမိတက်နှင့် ထွန်းဖောင်ဒေးရှင်းဘဏ်တို့နှင့်ပူးပေါင်း၍ ငွေလွှဲလုပ်ငန်းများလုပ်ကိုင်ပြီ

Tue, 09/03/2013 - 10:45 -- ydnar

ကမ္ဘာ့ငွေလွှဲဝန်ဆောင်မှုလုပ်ငန်း ကြီးတစ်ခုဖြစ်သည့် Money Gram သည် မြန်မာနိုင်ငံရှိ ပုဂ္ဂလိကဘဏ်နှစ် ခုဖြစ်သည့် မြန်မာနိုင်ငံသားများဘဏ်၊ ထွန်းဖောင်ဒေးရှင်းဘဏ်တို့နှင့်ပူးပေါင်း ၍ ငွေလွှဲလုပ်ငန်းများကိုလုပ်ကိုင်တော့  မည်ဖြစ်သည်။အဆိုပါငွေလွှဲလုပ်ငန်းများလုပ် ကိုင်နိုင်ရန်အတွက် စာချုပ်လက်မှတ် ရေးထိုးခြင်းအခမ်းအနားကို သြဂုတ် လ ၂၈ရက်နေ့ကဆီဒိုးနားဟိုတယ်တွင်  ကျင်းပခဲ့ကြောင်းသိရသည်။

ကမ္ဘာ့ဘဏ်၏ထုတ်ပြန်ချက်များ အရ ၂၀၁၀ခုနှစ်အထိ ကမ္ဘာအနှံ့တွင် ရွှေ့ပြောင်းနေထိုင်သည့်မြန်မာအလုပ် သမားဦးရေမှာ ငါးသိန်းကျော်ခန့်ရှိနေ ပြီး အဆိုပါအလုပ်သမားများအတွက် ငွေလွှဲလုပ်ငန်းများလုပ်ကိုင်ရန် Money Gram မှ လုပ်ဆောင်ခဲ့ပါ ကြောင်း၊ ယခုအခါ မြန်မာနိုင်ငံသား များဘဏ်နှင့်ထွန်းဖောင်ဒေးရှင်းဘဏ် တို့မှ Money Gram နှင့်ချိတ်ဆက်၍ ငွေလွှဲလုပ်ငန်းများကို လုပ်ကိုင်လာ သည့်အတွက် ကြိုဆိုပါကြောင်းဖြင့်Money Gram  Executive Com-mittee မှ Senior Vice President ဖြစ်သူ Mr. Grant Lines  က ပြော ကြားခဲ့သည်။ယခုအခါအမေရိကန်၊သြစတြေးလျ၊ ထိုင်း၊ စင်ကာပူ၊ ဂျပန်နှင့် မလေး ရှားနိုင်ငံတို့တွင် အလုပ်လုပ်ကိုင်နေ သည့်အလုပ်သမားပေါင်းမှာ နှစ်သန်း ခန့်ရှိမည်ဟု ခန့်မှန်းထားကြောင်း သိရသည်။မြန်မာနိုင်ငံသားများဘဏ်အနေ ဖြင့် မြန်မာနိုင်ငံသားများဘဏ်ရှိ နိုင်ငံ ခြားငွေစာရင်းဖြင့် ပြည်ပသို့ ငွေလွှဲပေး ပို့ခြင်း၊ ပြည်ပမှလွှဲပို့ငွေများအား လက်ခံ ထည့်သွင်းပေးခြင်းများကို Inter-national Financial Teleco-mmunication Network ကြီးတစ်ခု ဖြစ်သော SWIFT စနစ်ဖြင့် ဆောင်ရွက် လျက်ရှိကြောင်းသိရသည်။မြန်မာနိုင်ငံသားများဘဏ်သည် ပြည်ပရောက်မြန်မာနိုင်ငံသားများ၏ လုပ်ခလစာများကို ယုံကြည်စွာငွေလွှဲ ပေးပို့နိုင်ရန်အတွက် မလေးရှားနိုင်ငံ အခြေစိုက် IME(International Money Express) ၊ ဒူဘိုင်းနိုင်ငံ အခြေစိုက်X' Press Money  တို့ဖြင့် ငွေလွှဲဝန်ဆောင်မှုလုပ်ငန်းများကို လုပ် ကိုင်လျက်ရှိပြီး ယခုအခါတွင် အင်္ဂလန် နိုင်ငံအခြေစိုက် Money Gram  နှင့် ချိတ်ဆက်၍ ငွေလွှဲလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ မြန်မာနိုင်ငံသားများဘဏ်၊ ထွန်းဖောင်ဒေးရှင်းဘဏ်အပြင် အာရှ စိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ်သည်လည်း Money Gram နှင့်ချိတ်ဆက်၍ ငွေလွှဲ လုပ်ငန်းများကို လုပ်ကိုင်ရန် သြဂုတ် လ ၂၇ရက်နေ့က လက်မှတ်ရေးထိုးခဲ့ ကြောင်း သိရသည်။      မယ်သီတာ