Main menu

Background

စားသုံးသူအကာအကွယ်ပေးရေးနှင့် ပတ်သက်၍ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် အကောင်အထည်ဖော်မည်

Tue, 09/03/2013 - 10:45 -- ydnar

စားသုံးသူအကာအကွယ် ပေးရေး နှင့်ပတ်သက်၍ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအတွက် ဆွေးနွေးမှုကို သြဂုတ်လ ၂၉ ရက်နေ့က မန္တလေးတိုင်း ဒေသကြီးကုန်သည်များနှင့်စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း အစည်းအဝေး ခန်းမတွင် စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန၊ကူးသန်းရောင်းဝယ် ရေးနှင့် စားသုံးသူရေးရာဦးစီးဌာနမှ ဦးဆောင်ကျင်းပခဲ့ပါတယ်။

အဆိုပါဆွေးနွေးပွဲသို့ ကူးသန်း ရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်လေး၊ ဒုတိယညွှန်ကြားရေး မှူးချုပ် ဦးစိုးဝင်းနှင့် တာဝန်ရှိသူများ၊ မန္တလေးတိုင်းဒေသကြီး ကုန်သည်များ နှင့် စက်မှုလက်မှုလုပ်ငန်း ရှင်များ အသင်း ဥက္ကဋ္ဌ ဦးအောင်ဝင်းခိုင်နှင့် ညီနောင်အသင်းမှ ကုန်သည်များ တက် ရောက်ခဲ့ပါတယ်။ အာဆီယံနိုင်ငံများ နှင့် လက်တွဲ၍ အကောင်အထည်ဖော်မည် အဆိုပါဆွေးနွေးပွဲတွင် ကူးသန်း ရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာန  ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်လေး မှ အမှာစကား ပြော ကြားခဲ့ရာ[[အာဆီယံစီးပွားရေး အသိုက် အဝန်းကို ၂၀၁၅ ခုနှစ်တွင် အပြည့်အ၀ အကောင်အထည်ဖော်မည်ဖြစ်ရာ ကဏ္ဍတစ်ရပ်အနေနှင့် ပါဝင်မှာဖြစ် ပါတယ်။ မြန်မာနိုင်ငံအနေဖြင့် စားသုံး သူကာကွယ်ရေးလုပ်ငန်းများကိုအာဆီယံ နိုင်ငံများနှင့်လက်တွဲ၍အာဆီယံစားသုံးသူ ကာကွယ်ရေး ကော်မတီ  (ASEAN COMMITTEE ON CONSUMER PROTECTION-ACCP )  အဖွဲ့ဝင် နိုင်ငံအဖြစ် အာဆီယံနိုင်ငံများနှင့်အတူ စားသုံးသူကာကွယ်ရေး လုပ်ငန်းများကို ပူးတွဲ ဖော်ဆောင်လျက် ရှိပါတယ်။ မြန်မာနိုင်ငံမှာစားသုံးသူအကာအကွယ် ပေးရေးလုပ်ငန်း ကော်မတီကို ၂၀၁၁ အောက်တိုဘာမှာ ဖွဲ့စည်းခဲ့ပါတယ်}}လို့ ပြောပါတယ်။စားသုံးသူ တိုင်တန်းရေး အဖွဲ့ကို မန္တလေးမြို့တွင်   စက်တင်ဘာလ အတွင်း ဖွဲ့စည်းမည် ထုတ်ကုန်လုံခြုံစိတ်ချရမှု ဆိုင်ရာ လုပ်ငန်းနှင့် စားသုံးသူတိုင်တန်းမှုများကို အရေးယူဆောင်ရွက်သည့် လုပ်ငန်း များအား ထိရောက်စွာဆောင်ရွက်နိုင် ရန် ပြည်နယ်နှင့် တိုင်းဒေသကြီးများ တွင် စားသုံးသူအကာအကွယ် ပေးရေး ဆိုင်ရာအဖွဲ့အစည်းများ ဖွဲ့စည်းဆောင် ရွက်သွားမည်ဖြစ်ပြီး မန္တလေးမြို့တွင် စက်တင်ဘာလအတွင်းအကောင်အထည် ဖော်ရန် စီစဉ်မည်ဖြစ်ကြောင်း၊ စားသုံး သူအကာအကွယ်ပေးရေး ဥပဒေ (မူကြမ်း)ကို ရေးဆွဲပြီး လွှတ်တော်ကို တင်ပြထားပြီးဖြစ်ကြေင်း၊ ၂၀၁၅ ခုနှစ်တွင် အာဆီယံလွတ်လပ်သော ကုန်သွယ်မှုနယ်မြေကို အပြည့်အ၀ အကောင်အထည်ဖော်တဲ့အခါ နိုင်ငံ တွင်းကို စားသုံးသူများအတွက် ထိခိုက် နစ်နာတဲ့ ထုတ်ကုန်များ တွေ့နိုင်တဲ့ အတွက် လုံခြုံစိတ်ချရမှုမရှိသော ထုတ် ကုန်များအန္တရာယ်မှကင်းဝေးဖို့ ကြိုတင် ပြင်ဆင်မှုများ ဆောင်ရွက်ခြင်းဖြစ် ကြောင်း ညွှန်ကြားရေးမှူးချုပ်မှ ဆက် လက်ပြောကြားခဲ့ပါတယ်။စားသုံးသူ ကာကွယ်ရေးအတွက် MRCCI မှ ပူးပေါင်းပါဝင်မည် စီးပွားရေးနှင့် ပတ်သက်သည့် အခွင့်အရေးအားလုံးဖွင့်ချလိုက်ပြီဖြစ်ပါ တယ်။ စားသုံးတဲ့ ပစ္စည်းတွေကို org-anic  နှင့် ထုတ်မယ်ဆို ကမ္ဘာ့ org-anic  ကလည်း  ဒီကိုရောက်လာပါမယ်။ စားသုံးသူကလက်ခံရင် ဒီကုန်ပစ္စည်းက ပေါက်သွားနိုင်ပါတယ်။ စားသုံးမှုနဲ့ ပတ်သက်လို့လည်း ဆွေးနွေးပွဲလုပ်တာ အားလုံးကို လက်ခံပါတယ်။MRCCI အနေနဲ့လည်း ပူးပေါင်းပါဝင်မယ်။ တက်ရောက်လာတဲ့သူတွေကလည်း ပါဝင်စေလိုပါတယ်ဟု မန္တလေးတိုင်း ဒေသကြီးကုန်သည်များနှင့် စက်မှု လက်မှု လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးအောင်ဝင်းခိုင်က ပြောပါတယ်။စားသုံးသူကာကွယ်ရေးတွင် အစား အသောက်နှင့် အခြားလုပ်ငန်းများ လည်းပါဝင် စားသုံးသူကာကွယ်ရေးအတွက် တိုင်ကြားနိုင်သည့်အဖွဲ့ကို ဖွဲ့စည်းပေးပြီး စားသုံးသူနစ်နာမှုများကို တိုင်ကြား နိုင်ကြောင်း တိုင်ကြားရေးအဖွဲ့တွင် အစိုးရအဖွဲ့အစည်း NGO နှင့် စားသုံး သူများ ပါဝင်ဖွဲ့စည်းပြီး ထိရောက်စွာ ဆောင်ရွက်မှာဖြစ်ကြောင်း၊ ကူးသန်း ရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစိုးဝင်းက ဆက်လက်ပြောကြားခဲ့ ပါတယ်။ စားသုံးသူကာကွယ်ရေးမှာ အစားအသောက်သာမက ဆေးဝါး အဝတ်အထည်အသုံးအဆောင်ပစ္စည်း များနဲ့ ဝန်ဆောင်မှုလုပ်ငန်းများလည်း ပါဝင်ပြီး ရန်ကုန်၊ မန္တလေးနဲ့ တောင်ကြီး မြို့များမှာ အလုပ်ရုံဆွေးနွေးပွဲများ ပြု လုပ်သွားမယ်လို့ ပြောပါတယ်။ ထို့နောက်ကူးသန်းရောင်းဝယ် ရေးနှင့် စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးခင်ဇော်က  စားသုံးသူကာကွယ်ရေးနှင့် ပတ်သက်ပြီး ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကို ပြောကြားခဲ့ပြီး တက်ရောက်လာတဲ့ ကုန်သည်များမှစားသုံးသူကာကွယ်ရေး နှင့်ပတ်သက်၍ တိုင်ကြားသည့်အဖွဲ့ကို ဖွဲ့စည်းပါက မိမိတို့လည်းပါဝင်မည်ဖြစ် ကြောင်း ထောက်ခံဆွေးနွေးခဲ့ပါတယ်။ ၎င်းအပြင်စားသုံးသူကာကွယ်ရေး အဖွဲ့ မှ မန္တလေးမြို့တော်စည်ပင်သာယာ ရေးကော်မတီနှင့် ပူးပေါင်းပြီး မန္တလေး မြို့ပေါ်ရှိ ဈေးများတွင် ဈေးရောင်းချနေ မှုများကို လိုက်လံကြည့်ရှုပြီး မှတ်တမ်း တင် ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း သိရပါတယ်။      ဇူးဇူး - မန္တလေး