ဆန်တန်ဖိုးမြှင့်ထုတ်ကုန်များ တိုးမြှင့်တင်ပို့လျက်ရှိတဲ့ ဗီယက်နမ်စီးပွားရေးလုပ်ငန်းရှင်များ
ဗီယက်နမ်နိုင်ငံမှ စားသောက်ကုန် ထုတ်လုပ်သူများဟာ ဆန်ကိုတန်ဖိုးမြှင့် ထုတ်ကုန် ဆန်မှုန့်၊ ဆန်ခေါက်ဆွဲ၊ ကြာဇံစတဲ့ ပင်လယ်ရပ်ခြားဈေးကွက် မှာ ရေပန်းစား ကျော်ကြားတဲ့ စား သောက်ကုန်များကို တိုးမြှင့် ထုတ်လုပ် နေကြပါတယ်။
Bich Chi Food Joint Stock Co မှ ဒုတိယညွှန်ကြားရေးမှူး Trang Si Duc က စားသောက်ကုန် ထုတ် လုပ်ငန်းများဟာ ဆန်နဲ့လုပ်တဲ့စား သောက်ကုန်အမျိုး ၁၀၀ ကျော်ကိုထုတ် လုပ်လျက်ရှိပြီး ပထမ ၆ လတာ ကာလအတွင်း ဆန်ထွက်ပစ္စည်း ထုတ် လုပ်ရောင်းချမှုမှ ဝင်ငွေသည် ယမန်နှစ် ကထက် ၁၀ ရာခိုင်နှုန်းခန့်ပိုမိုခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် တိုးတက်လျက် ရှိတယ်လို့ဆိုပါတယ်။ အမေရိကန်၊ ဥရောပ သမဂ္ဂနဲ့ ဂျပန်နိုင်ငံတို့သို့ ဆန်ထွက်ပစ္စည်း တင်ပို့မှုဟာ သိသိသာသာ တိုးတက် လျက်ရှိပါတယ်။ မြန်မာနိုင်ငံသို့လည်း ဆန်ထွက်ပစ္စည်းပို့ကုန်များတင်ပို့လျက်ရှိ တယ်လို့သိရပါတယ်။ ဆန်မှုန့်တင်ပို့မှုက တော့ သိသိသာသာ တိုးမြင့်လျက် ရှိပါ တယ်။ ၂၀၁၀ပြည့်နှစ်မှာ ဆန်ထွက် ပစ္စည်းများကို ပြည်တွင်းစားသုံးမှုမှ ဝင်ငွေ ၇၀ ရာခိုင်နှုန်းရရှိခဲ့ပြီး ယခု အချိန်မှာတော့ ပြည်တွင်း စားသုံးမှုနဲ့ ပြည်ပ တင်ပို့မှုအချိုးဟာ ၅၀ ရာခိုင်နှုန်း စီ တူညီနေပြီဖြစ်ပါတယ်။ Bich Chi Co ကယခုနှစ်တွင် အာဖရိက ဈေးကွက်သို့ ဆန်ထွက် ပစ္စည်းများ တိုးချဲ့တင်ပို့နိုင်မယ်လို့ မျှော် မှန်းထားပါတယ်။စားသောက်ကုန်ထုတ် လုပ်သူများဟာ နိုင်ငံတကာ ကုန်စည် ပြပွဲများနဲ့ ကုန်သွယ်မှု တိုးမြှင့်ရေး ခရီး စဉ်များမှာ ပါဝင်ပူးပေါင်းပြီး ပင်လယ် ရပ်ခြားဝယ်လက်မိတ်ဆွေများကို ရှာဖွေ လျက်ရှိကြတယ်လို့ ပြောပါတယ်။ အခြား စားသောက်ကုန် ထုတ် လုပ်ငန်းရှင်များကလည်း ဆန်ကို အနည်းငယ်ပြင်ဆင်ရုံနဲ့ အသင့်စားနိုင် သောအစားအစာအမယ်မျိုးစုံစွာ(Ready Made ) များကိုခေတ်မီနည်းပညာသုံး ပြီး ထုတ်လုပ်နေကြပါတယ်။ ဆန်ကို တန်ဖိုးမြှင့် ထုတ်ကုန်ပြုလုပ်တင်ပို့ခြင်း သည် ဆန်အဖြစ်တင်ပို့ခြင်းထက် ဝင် ငွေပိုမို ရရှိစေလျက် ရှိပါတယ်။ ပြည် တွင်းအရောင်းရောပြည်ပအရောင်းပါ ဆန်အတိုင်းတင်ပို့တာထက် ဝင်ငွေ ပိုမို ရရှိစေလျက်ရှိရာ ဂျပန် နိုင်ငံရှိ ဗီယက်နမ် ကုန်သွယ်ရေးရုံးက ဗီယက်နမ်ပြည်တွင်းလုပ်ငန်းရှင်များအား ဆန်အရည်အသွေး တိုးမြှင့်တင်ပို့ရန်နဲ့ ဂျပန်နိုင်ငံရဲ့ လိုအပ်ချက်မြင့်နေတဲ့ ဆန် ထွက်ပစ္စည်းများ ထုတ်လုပ်တင်ပို့နိုင် အောင် လုပ်ကိုင်ကြရန်လိုအပ်ကြောင်း ပြောကြားခဲ့တယ်လို့သိရပါတယ်။CMK
