Main menu

Background

၅ နှစ်အတွင်း ဈေးအကောင်းဆုံးရနေတဲ့ ရှမ်းချင်းဈေးကွက်

Tue, 09/03/2013 - 14:08 -- ydnar

ဒီတစ်ပတ်လည်း ချင်းကဈေးထပ်တက်လာပါတယ်။ နထစသမအ လည်း ပြန်ရှိလာ တာကြောင့် ဝယ်လက်တွေ ကလည်းအပြိုင်ဝယ်ယူနေတာရယ်၊ လက်ကျန်နည်း လာတာရယ်ကြောင့် ဈေးကလည်းထပ်ပြီး တက်လာပါတယ်။ အရင်တစ်ပတ် ကတော့   Export မရှိပေမဲ့ တမူး၊ တောင်ကုတ်ဝယ်လက်တွေ ဝယ်ယူနေတာကြောင့် ဈေးကသိပ်ပြီး မလျော့သွားပါဘူး။ ချင်း (ဥမ) တွေကလည်း ကုန်သလောက်ဖြစ်နေ ပါပြီ။

၅ နှစ်အတွင်းမှာတော့ ဈေးအကောင်းဆုံး ရတဲ့နှစ်လည်းဖြစ်ပါတယ်။ ၂၀၀၇-၂၀၀၈ တုံးက ချင်း၊ နနွင်းတွေအရောင်းအဝယ်မကောင်းလို့ ဒီအတိုင်းပုံထားခဲ့ရ ပါသေးတယ်။ အဲဒီနောက်ပိုင်းမှာလည်း အိမ်နီးချင်းနိုင်ငံတွေက ဝယ်ယူမှုရပ်တန့် သွားတာကြောင့် ဈေးကလည်း လုံးဝကိုမရတော့ဘဲ တောင်ပုံ၊ ယာပုံဖြစ်ခဲ့ရပါတယ်။ ၂၀၁၂ မှာတော့ ပြည်တွင်းသုံးချင်းထိုးသမားတွေရယ်၊ နေကြာစေ့ဖိုတွေက ဝယ်ယူ နေတာကြောင့်  Export မရှိပေမဲ့ တစ်နှစ်လုံးတော့  ပုံမှန်အရောင်းအဝယ် ဖြစ်ခဲ့ ပါတယ်။ လက်ကျန်တွေလည်းကျန်ပေမဲ့ ဒီနှစ်ကတော့ နှစ်စမှာကတည်းကအရောင်း အဝယ်ကောင်းခဲ့ပြီး၊  Export လည်းရှိတာကြောင့် အရင်နှစ်ကချင်းလက်ကျန်တွေ ရော၊ ဒီနှစ်ချင်းတက်၊ ချင်း (ဥမ) တွေပါ အရောင်းသွက်ခဲ့လို့ လက်ကျန်ချင်းလည်း သိပ်မကျန်တော့ဘူးလို့သိရပါတယ်။ ဒီတစ်ပတ် အောင်ပန်းဈေးကွက်မှာ ချင်း တစ်ပိဿာဈေးနှုန်းကတော့၁၃၀၀ ကျပ်၊ ၁၄၀၀ ကျပ်ဈေးရှိပါတယ်။ တစ်ပတ် အတွင်း ချင်း (စို) ပိဿာချိန် ပေါင်း ၄ ဒသမ ၂ သိန်းစီးဆင်းသွားပါတယ်။ ချင်းခြောက်ကိုတော့ ရန်ကုန်၊ ပြည်၊ မုံရွာစတဲ့မြို့တွေကအဝယ်ရှိနေပြီး တစ်ပတ်အတွင်း ပိဿာချိန် သုည ဒသမ ၉၈ ပိဿာ စီးဆင်းသွားပြီး တစ်ပိဿာ ပေါက်ဈေးက ၁၂၀၀ ကျပ်၊ ၁၃၀၀ ကျပ်ဈေးရှိပါတယ်။     ဧဧခိုင် - တောင်ကြီး